Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 15 September 2012

မင်းကိုနိုင် အမေရိကန်ကို ဆု လာယူမည်မဟုတ်

၈၈ မျိုးဆက် ကျောင်းသားကိုမင်းကိုနိုင်သည် အမေရိကန် ပြည်ထောင်စု (National Emdowment For Democracy)ကချီးမြှင့်သည့် ဒီမိုကရေစီ လှုပ်ရှားသူများဆု ကိုအမေရိကန်နိုင်ငံသို့ သွားရောက်ရယူနိုင်မည် မဟုတ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများထံမှ သိရှိရသည်။

နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားရာ တွင် ၈၈ မျိုးဆက်ကျောင်းသား ၁၇ ဦး အနက် ၃ ဦးသာရရှိသဖြင့် ယင်းခရီးစဉ်ကို မသွားရောက်နိုင်ခြင်းပြီး၊ ကိုမင်းကိုနိုင်သည် နိုင်ငံကူးလက်မှတ် ရရှိသော်လည်း ၈၈ မျိုးဆက်အားလုံး နိုင်ငံကူးလက်မှတ် ထုတ်ပေးမှသာ နိုင်ငံတကာ ခရီးစဉ်များကို သွားရောက်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား များက ဆိုသည်။

 The Voice Weekly
ရန်ကုန် စက်တင်ဘာ (၁၃)
--------------------------
၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြသော မင်းကိုနိုင်နှင့်ကိုပြုံးချိုတို့သည် ရန်ကုန်မြို့၌ရောက်ရှိနေသော အမေရိကန်နိုင်ငံ CARNEGIE COUNCIL ၏ The Voice for Ethics in International Affairs ဌာနမှSenior Program Director and Senior Fellow ဖြစ်သူ Mr.Devin T. Stewart အား ၈၈မျိုးဆက်ကျောင်းသားများရုံးတွင် နံနက်(၁၁)နာရီက လက်ခံတွေ့ဆုံခဲ့သည်။ ထို
သို့တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူအဖွဲ့အစည်းဆိုင်ရာဆောင်ရွက်ချက်များ၊ အရပ်ဘက်လူ့အဖွဲအစည်းအတွင်း တရားမျှတမှုဖော်ဆောင်ရေး ဆိုင်ရာကိစ္စရပ်များ ၊တိုင်းရင်သားဒေသများ တွင်ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာဖြင့် တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ကြသည်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့