ခေါက်သံမရှိဘဲနဲ့
နှလုံးသားကခဏခဏလန့်နိုးနေတာ ခက်တယ်. . .။
နှလုံးသားကခဏခဏလန့်နိုးနေတာ ခက်တယ်. . .။
မင်းမတွေဝေမှန်းသိရက်နဲ့
ခဏခဏစိန်ခေါ်မိတာ ခက်တယ်. . .။
ခဏခဏစိန်ခေါ်မိတာ ခက်တယ်. . .။
မင်းဂရုမစိုက်မှန်းသိရက်နဲ့
ခဏခဏအမူအရာပိုမိတာ ခက်တယ်. . .။
ခဏခဏအမူအရာပိုမိတာ ခက်တယ်. . .။
မင်းဟန်ဆောင်မှုတွေ အရောင်လက်ဖို့
ငါ့..မျက်ရည်တွေနဲ့ ဆေးလှည့်ပါ
မင်း…နေရာသစ်မှာ လေပြောင်းရှူဖို့
ငါ့ နှလုံးသားကို စတေးလှည့်ပါ
ငါ့..မျက်ရည်တွေနဲ့ ဆေးလှည့်ပါ
မင်း…နေရာသစ်မှာ လေပြောင်းရှူဖို့
ငါ့ နှလုံးသားကို စတေးလှည့်ပါ
ငါ့ရင်ခုန်သံတွေဟာ. . . . .
မင်းနဲ့တွေ့မှစခဲ့တာမို့
မင်း..ကြောင့်
ငါ့နှလုံးခုန်သံ ရပ်တန့်သွားရင်တောင်
ငါ. . .ခွင့် လွှတ် နေ မယ်
မင်းနဲ့တွေ့မှစခဲ့တာမို့
မင်း..ကြောင့်
ငါ့နှလုံးခုန်သံ ရပ်တန့်သွားရင်တောင်
ငါ. . .ခွင့် လွှတ် နေ မယ်
သေလောက်အောင် ချစ်ခဲ့တာမို့
တစ်ဖက်သတ်ဆိုပေမယ့်လည်း
နောင် တ ကင်း တယ်. . .
အတ္တ ရှင်း တယ်. . .
မာန် တွေ ခဝါ ချ ပေး ထား တယ်. . .
မျှော်လင့်ခွင့်ရှိရင်
မင်းအတွက် နောက်
ဆုံး
ရင်
ခွင်
ဖြစ်
ချင်
တယ် ။ ။ ။
တစ်ဖက်သတ်ဆိုပေမယ့်လည်း
နောင် တ ကင်း တယ်. . .
အတ္တ ရှင်း တယ်. . .
မာန် တွေ ခဝါ ချ ပေး ထား တယ်. . .
မျှော်လင့်ခွင့်ရှိရင်
မင်းအတွက် နောက်
ဆုံး
ရင်
ခွင်
ဖြစ်
ချင်
တယ် ။ ။ ။

No comments:
Post a Comment