Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 13 September 2012

*****... သင်.ပါးစပ်ကို စောင်.ထိန်းနိုင်ပါစေ...*****


တစ်ခါတုန်းက ငှက်ကလေးတစ်ကောင်ဟာ ဆောင်းရာသီကြီး တောင်ဖက်အရပ်ကို ပျံသန်းလာခဲ့တယ် ။ အရမ်းကို အေးလွန်းလှတဲ့အတွက် ငှက်ကလေးရဲ့အတောင်ပံတွေဟာ အေးခဲလာခဲ့ပြီး မြေပြင်ပေါ်ကို ပြုတ်ကျသွားခဲ့တယ် ။ သူကျသွားခဲ့တဲ့နေရာက ကျယ်ပြန့်တဲ့လယ်ကွင်း ပြင်ကြီးဖြစ်နေခဲ့တယ် ။ အဲဒီလယ်ကွင်းပြင်ကြီးထဲ ငှက်ကလေးဟာ လဲလျောင်းနေရင်း သူ့ဘေးနားကို နွားတစ်ကောင်ရောက်လာတယ် ။
နွားက အဲဒီအေးခဲနေတဲ့ငှက်အပေါ်ကို မစင်တွေစွန့်သွားခဲ့တယ် ။ ချမ်းလွန်းလို့အေးခဲနေရှာတဲ့ငှက်ကလေးဟာ နွားချေးပုံထဲ မှာ နေနေရင်း တဖြည်းဖြည်းနွေးလာသလို ခံစားလိုက်ရတယ် ။ သူတဖြည်းဖြည်းနားလည်လိုက်တာက နွားချေးပုံက အပူငွေ့က သူ့ရဲ့အေးခဲနေတဲ့အတောင်ပံတွေကို အရည်ပျော်စေသွားတယ်ဆိုတာကိုပေါ့ ။ သူဟာ တစ်ကိုယ်လုံးပူနွေးလာပြီးပျော်ရွှင်လာတယ် ။ ပြီး တော့ အရမ်းပျော်လွန်းလို့ သီချင်း ဆိုလိုက်မိတယ် ။
အဲဒီအချိန်မှာပဲ လယ်ကွင်းပြင်ကို ဖြတ်လာတဲ့ကြောင်တစ်ကောင်က ကြားလိုက်ပြီး ဘယ်က နေအသံလာသလဲဆိုတာ စုံစမ်းလိုက်တယ် ။ အသံလာရာနောက်ကို လိုက်ကြည့်လိုက်တဲ့အခါ ကြောင်ဟာ နွားချေးပုံထဲက ငှက်ကလေးကို တွေ့သွားတယ် ။ ပြီးတော့ နွားချေးပုံထဲက ငှက်ကလေးကို ဆွဲထုတ်လိုက်
ပြီး စားပစ်လိုက်တော့တယ် ။
. . . . . . . . . ........ . . . . . . . . .
ငှက်ကလေးဟာ တကယ်ဆို ကိုယ်ရောက်နေတဲ့နယ်မြေအသစ်မှာ ဘာအခြေအနေမှ မသိရသေးပဲ စိတ်လွတ်ကိုယ်လွတ်သီချင်းမဆိုသင့်ဘူး ။ အရင်ဆုံးမစင်ပုံထဲက လွှတ်မြောက်ပြီးမှ သာကိုယ့်ဆန္ဒကို အကောင်အထည်ဖော်သင့်ပါတယ် ။ အခုတော့ သူ့ရဲ့ဆန္ဒကို မထိမ်းနိုင်တဲ့ပါးစပ်တစ်ပေါက်ကြောင့် သူ့အသက်ပါဆုံးခဲ့ရတယ် ။
သင့်အပေါ်မှာ မစင်ပုံချတဲ့လူတွေက သင့် ရန်သူအစစ်မဟုတ်သေးဘူး ။
သင့်ကို မစင်ပုံထဲကဆွဲထုတ်တဲ့သူတွေက သင့်ရန်သူအစစ်မဟုတ်သေးဘူး ။
သင့်ရဲ့ အဓိက အသုံးမကျတဲ့ရန်သူအစစ်က သင့်ရဲ့ မထိမ်းသိမ်းနိုင်တဲ့ပါးစပ်တစ်ပေါက်ပဲဖြစ်တယ် ။

The Singing bird in the pile of cow dung အားဘာသာပြန်ခံစားသည် ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့