Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 7 September 2012

အဖွဲ့ချုပ်ဥက္ကဌ၊ ကော့မှူးမြို့နယ် ထပ်မံသွားရောက်



မြို့နယ် အုပ်ချုပ်ရေး မှူးရုံးမှ တာဝန်ရှိ သူများနှင့် ဆွေးနွေးစဉ်။

မြို့နယ် အဖွဲ့ချုပ် ဥပဒေ ပညာရှင်များနှင့် မြေယာ ကိစ္စ၊ စားကျက်မြေ ကိစ္စများ ဆွေးနွေးစဉ်။
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ၀ယ်ယူထားသော မြေအား သွားရောက် ကြည့်ရှုစဉ်။
မြို့နယ် အဖွဲ့ချုပ် ဥပဒေ ပညာရှင်များနှင့် မြေယာ ကိစ္စ၊ စားကျက်မြေ ကိစ္စများ ဆွေးနွေးစဉ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ၊ ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်သည် ၂၀၁၂ခု၊စက်တာဘာလ (၆)ရက်နေ့  နံနက်(၈)နာရီခွဲက ကော့မှူးမြို့နယ်သို့ ရောက်ရှိခဲ့သည်။

ရှေးဦးစွာ ဥက္ကဌသည် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ၀ယ်ယူထား သောမြေကွက်အား သွားရောက် ကြည့်ရှုခဲ့သည်။

ထိုနောက် ကော့မှူးမြို့နယ် အဖွဲ့ချုပ်ရုံးသို့ သွားရောက်ကာ ဥပဒေပညာရှင်များ၊ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မြေယာကိစ္စ၊ စားကျက်မြေ ကိစ္စများကို ဆွေးနွေး အကြံပြုခဲ့သည်။

ဆက်လက်ပြီး ကော့မှူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ပြီး တာဝန်ရှိသူများနှင့် လည်းတွေ့ဆုံ ဆွေးနွေးခဲ့သည်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့