ရန်ကုန်တိုင်း ဒေသကြီး အတွင်း ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ပြန်လည် ရွေးချယ် လျက်ရှိ
Monday 10th September 2012
ရန်ကုန်တိုင်း ဒေသကြီး အတွင်း မှာရှိတဲ့ ရပ်ကွက်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး များကို ပြန်လည် ရွေးချယ် လျက်ရှိ တယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူး
တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ရွေးချယ်ရာမှာ ရပ်ကွက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး နည်းဥပဒေ နဲ့အညီ ပြန်လည် ရွေးချယ် လျက်ရှိတာ ဖြစ်ပါတယ်။ အခုလို ရွေးချယ်ရာမှာ ပထမဆုံး အနေနဲ့ ၁၀ အိမ်စု ကိုယ်စားလှယ် ရွေးချယ်ကာ အဆိုပါ ၁၀ အိမ်စု ကိုယ်စားလှယ် ရွေးချယ်ထား ခံရသူများ ထဲကမှ လျို့ဝှက် မဲစနစ်နဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပြန်လည် ရွေးချယ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ရပ်ကွက် အုပ်ချုပ် ရေးမှူးများ ပြန်လည် ရွေးချယ်ဖို့ အတွက် ကိုတော့ ရပ်မိ၊ ရပ်ဖက ကြည်ညို လေးစားကာ ရွေးချယ် ထားတဲ့ ပုဂ္ဂိုလ် ၅ ဦး ပါဝင်တဲ့ ကြီးကြပ်ရေး အဖွဲ့နဲ့ ပြန်လည် စိစစ် ရွေးချယ် သွားမှာ ဖြစ်ပါတယ်။ အခုလို ကြီးကြပ်ရေး အဖွဲ့မှ ရွေးချယ် ထားတဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုတော့ မြို့နယ် အဆင့် ပြန်ရွေးကာ ခရိုင်ကို တင်ပြ သွားမှာ ဖြစ်ပါတယ်။ အခုလို ရွေးချယ်ရာ မှာလည်း ရပ်ကွက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေပုဒ်မ ၅ မှာပါတဲ့ အရည်အချင်း ၁၁ ချက်နဲ့ ကိုက်ညီသူ ကိုသာ ရွေးချယ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ရပ်ကွက်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ပြန်လည် ရွေးချယ်မှု ကိုတော့ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရဲ့လမ်းညွှန်ချက်နဲ့ ရန်ကုန်တိုင်း ဒေသကြီး တစ်ခုတည်း အနေနဲ့ မဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ပြုလုပ် လျက်ရှိတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
ပို့ဆောင်ရေး ကဏ္ဍအတွင်း လုံလောက်သည့် ကုန်တင်ကားဂိတ် တစ်ခု ရှိလာရန် လိုအပ်
Monday 10th September 2012
ပြည်တွင်းရဲ့ ပို့ဆောင်ရေး ကဏ္ဍ အတွင်းမှာ အခြေခံ အဆောက်အဦး ဖြစ်တဲ့ ကုန်တင်ကားဂိတ် တစ်ခု အမြန်ဆုံး ပေါ်ပေါက်ဖို့ လိုအပ်လျက် ရှိနေတယ်လို့
မြန်မာနိုင်ငံ အပြည်ပြည် ဆိုင်ရာ ကုန်စည် ပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုမှာ လက်ရှိ စီးဆင်း လျက်ရှိတဲ့ ကုန်ပစ္စည်းများနဲ့ လိုက်လျော ညီထွေမှု ရှိပြီး အကျယ်အ၀န်း လုံလောက်မှု ရှိတဲ့ ကုန်တင်ကားဂိတ် တစ်ခုရရှိဖို့ လိုအပ် လျက်ရှိတာ ဖြစ်ပါတယ်။
လက်ရှိ ကာလမှာ ဘုရင့်နောင် ကားဝင်းရဲ့အကျယ်အ၀န်းဟာ ကုန်ကားများ အတွက် လုံလောက်တဲ့ အကျယ်အ၀န်း မရှိတာကြောင့် အချိန် ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေ ရပါတယ်။ အဲ့ဒီအတွက် တိုးချဲ့ပေးဖို့ လိုအပ်တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အပြည်ပြည် ဆိုင်ရာ ကုန်စည် ပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူရဲ့ တင်ပြချက် အရ သိရပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်းများ ထားသိုဖို့ အတွက် သိုလှောင်ရုံများ၊ ကားရပ်နားရန် နေရာများ၊ ကုန်ပစ္စည်း အတင်အချ စနစ်တကျ ပြုလုပ်နိုင်တဲ့ နေရာများ ကိုလည်း စနစ်ကျတဲ့ တည်ဆောက် ထားသင့်ပြီး ကုန်သေတ္တာ ယာဉ်များ၊ ကုန်တင် မော်တော် ယာဉ်များရဲ့ စံသတ်မှတ်ချက်များ ကလည်း တပြေးညီ ဖြစ်ဖို့လိုအပ်တယ်လို့ သတင်း ရရှိပါတယ်။
ပြည်ပသို့ ပဲရောင်းချမှုတွင် ပွဲစားများ ၀င်ရောက် လုပ်ကိုင်ခွင့်မပြု တော့သည့် အတွက် ပိုမို အဆင်ပြေလာ
Monday 10th September 2012
စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး ပြည်ပကို ပဲတင်ပို့တဲ့ လုပ်ငန်းများမှာ ပွဲစားများကို ၀င်ရောက် လုပ်ကိုင်ခွင့် မပြုတော့တဲ့ အတွက် လုပ်ငန်းရှင်တွေ
အနေနဲ့ လုပ်ကိုင်ရ ပိုမို အဆင်ပြေ လာတယ်လို့ ဘုရင့်နောင် ကုန်စည်ဒိုင်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ပဲအရောင်းအ၀ယ် ကိစ္စမှာ အခုလို ပွဲစားတွေကို ၀င်ရောက် လုပ်ကိုင်ခွင့် မပြုတော့ပဲ ရောင်းသူ၊ ၀ယ်သူ တိုက်ရိုက် ရောင်းချစေတဲ့ အတွက် Supply Change မှန်ကန်လာပြီး ပဲဈေးနှုန်း တွေဟာ ပြည်တွင်း ဈေးနဲ့ အိတ်စ်စပို့ ဈေးတွေ တစ်တန်းတည်း ဖြစ်သွားပါတယ်။
အဲ့ဒီလို ရောင်းသူ ၀ယ်ယူ တိုက်ရိုက် ရောင်းချရာမှာ ၀ယ်ယူလိုသူ ဒါမှမဟုတ် ရောင်းချ လိုသူဟာ ကုန်စည်ဒိုင်ကို ဆက်သွယ် အကြောင်းကြား ရမှာ ဖြစ်ပါတယ်။ ဒီလို အကြောင်းကြား လာတဲ့ စာရင်း ကိုတော့ ကုန်စည် ဒိုင်မှာ ထုတ်ပြန် ပေးထားမှာ ဖြစ်တယ်လို့ အဲ့ဒီ စာရင်း အရ ရောင်းသူနဲ့ ၀ယ်သူဟာ တိုက်ရိုက် ချိတ်ဆက် နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ ပြည်ပပဲ တင်ပို့ရောင်းချမှု အနေနဲ့ ပုံမှန်အတိုင်း ရှိနေပြီး အိန္ဒိယနိုင်ငံရဲ့ ပဲသိမ်း ရာသီမှာ မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နေတဲ့ အတွက် ပြည်တွင်းရဲ့ ပဲဈေးနှုန်းတွေ မြင့်တက် လာရပါတယ်။
ပြည်တွင်း ဈေးကွက် အတွင်း ပြည်ပသို့ ပဲတင်ပို့မှုမှာ အိန္ဒိယနိုင်ငံကို ၇၀ ရာခိုင်နှုန်း ၀န်းကျင်နဲ့ တခြားနိုင်ငံတွေ ကိုတော့ ၃၀ ရာခိုင်နှုန်း ၀န်းကျင် တင်ပို့ရောင်းချ နေရတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အိန္ဒိယနိုင်ငံ ပဲဈေးကွက်ကို မူတည်ကာ ပြည်တွင်းရဲ့ ပဲဈေးနှုန်းတွေ ပြောင်းလဲ နေတာဖြစ်ပြီး လက်ရှိ မှာတော့ မတ်ပဲ တစ်တန်ကို ကျပ် ၅ သိန်း ၇ သောင်း ၅ ထောင် ၀န်းကျင် ဈေးရရှိနေတာ ဖြစ်ပါတယ်။ အဲဒီဈေးနှုန်းက တဆင့် နောက်ပိုင်းမှာ ဈေးနှုန်း အတက်အကျ မြန်ဆန် ပြောင်းလဲမှု ရှိလာရင်တော့ ကုန်စည်ဒိုင်ရဲ့ စည်းမျဉ်း စည်းကမ်းတွေ အရ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
ဂျပန်ပစ္စည်းများကို တူညီသော ဈေးနှုန်း တစ်ခုထဲဖြင့်သာ သတ်မှတ် ရောင်းချ လျက်ရှိ
Monday 10th September 2012
ဂျပန်နိုင်ငံမှ အရည်အသွေးမြင့် ပစ္စည်းများကို တူညီတဲ့ ဈေးနှုန်း တစ်မျိုး သတ်မှတ်ပြီး အဆိုပါ ဈေးနှုန်း တစ်မျိုးထဲနဲ့သာ ရောင်းချပေးတဲ့ အရောင်းဆိုင်ကို
ထပ်မံတိုးချဲ့ ဖွင့်လှစ်မှုတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့ အဆိုပါ ဆိုင်မှ သိရပါတယ်။ ဒီလို ဈေးနှုန်း တစ်မျိုးတည်း သတ်မှတ် ရောင်းချရာ မှာတော့ ဆိုင်ရှိ ပစ္စည်း အားလုံးကို ကျပ် တစ်ထောင့်ရှစ်ရာနဲ့ ရောင်းချလျက် ရှိတာ ဖြစ်ပါတယ်။ အဲ့ဒီလို ရောင်းချ ပေးတဲ့ ပစ္စည်းတွေ ကတော့ မီးဖိုချောင် အသုံးအဆောင် ပစ္စည်းများ၊ အသုံးအဆောင် ပစ္စည်းများ၊ အိမ်ခန်း အလှဆင် ပစ္စည်းများ၊ တစ်ကိုယ်ရေ အသုံးအဆောင် ပစ္စည်းများ၊ ကျန်းမာရေးနဲ့ အလှအပ ဆိုင်ရာ ပစ္စည်းများ၊ အရုပ်နဲ့ ကစားစရာ ပစ္စည်းများ ပါဝင်တာ ဖြစ်ပါတယ်။
ဒါ့အပြင် စာရေးကိရိယာ ပစ္စည်းများ၊ ပလယာ၊ ဂွ၊ ၀က်အူလှည့်နဲ့ ပေကြိုးဘူး အစရှိတဲ့ ပြုပြင်ရေးသုံး ပစ္စည်း ကိရိယာများ၊ ဂျပန်ရိုးရာ အသုံးအဆောင် ပစ္စည်းများ၊ အိမ်သုံး ပစ္စည်းများ၊ လက်ဆောင် ပစ္စည်းများ ကိုလည်း ရောင်းချပေးလျက် ရှိတယ်လို့သိရပါတယ်။ ဒီလို ရောင်းချပေးမှု အတွက် ပြည်တွင်းကို ၄၅ ရက် တစ်ကြိမ် ပစ္စည်းသစ် ၀င်ရောက်တာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ အဆိုပါ ဂျပန်ပစ္စည်း အစုံကို ရောင်းချပေး လျက်ရှိတဲ့ Daiso Store ကို Junction Square နဲ့ Capital Hypermarket တို့မှာ ဖွင့်လှစ် ထားပြီး မန္တလေးမြို့မှာပါ ထပ်မံဖွင့်လှစ် သွားဖို့ ရှိတယ်လို့ သိရပါတယ်။
ဝန်ဆောင်မှု လုပ်ငန်းများ၏ အရည်အသွေး မြှင့်တင်မှု အလုပ်ရုံ ဆွေးနွေးပွဲ ပထမဆုံးအကြိမ် ကျင်းပမည်
Monday 10th September 2012
မြန်မာနိုင်ငံ ဈေးကွက်မြှင့်တင် ဖော်ဆောင်ရေး ပညာရှင်များ အသင်းမှ ကြီးမှူးပြီး ၀န်ဆောင်မှု လုပ်ငန်းများရဲ့ အရည်အသွေး မြှင့်တင်မှု အလုပ်ရုံ
ဆွေးနွေးပွဲကို လာမယ့် စက်တင်ဘာလ ၂၉ ရက် နေ့မှာ ကျင်းပပြုလုပ် သွားဖို့ ရှိတယ်လို့ စက်တင်ဘာလ ၈ ရက်နေ့က Sakura Tower မှ ကျင်းပ ပြုလုပ်တဲ့ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ စာနယ်ဇင်း ရှင်းလင်းပွဲမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဆိုပါ ဆွေးနွေးပွဲမှာ ကမ္ဘာမှာ နာမည်ကြီး ၀န်ဆောင်မှု လုပ်ငန်းများရဲ့ အရည်အသွေး မြှင့်တင်မှုနဲ့ ပတ်သက်တဲ့ ကျွမ်းကျင် ပညာရှင် Mr.Ron Kaufman က ဦးဆောင် ဆွေးနွေးမှုများနဲ့ ဈေးကွက် ဆိုင်ရာ အကြံဉဏ် များကိုပါ သင်ကြားပေး သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အရောင်းမြှင့်တင်မှု လုပ်ငန်းတွေမှာ ၀င်ရောက် လုပ်ကိုင်နေ သူတွေရဲ့ အသိပညာ ဗဟုသုတများ၊ ကျွမ်းကျင်မှု အဆင့် မြှင့်တင်ရာမှာ ပူးပေါင်း ဆောင်ရွက် နိုင်ဖို့နဲ့ နိုင်ငံတော်ရဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှု ဖြစ်စဉ်တွေမှာ တစ်ခန်း တစ်ကဏ္ဍမှ ပါဝင်စေဖို့ ရည်ရွယ်ပြီး အခုလို ဆွေးနွေးပွဲ ပြုလုပ်ပေးရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ဆွေးနွေးပွဲကို တက်ရောက် လိုတဲ့ စီးပွားရေး လုပ်ငန်းရှင်များ၊ စီးပွားရေး လုပ်ငန်းမှ မန်နေဂျာများ၊ ဌာနဆိုင်ရာ အရာရှိများနဲ့ အခြား စိတ်ပါဝင်စား သူများ၊ တက်ရောက် နိုင်ဖို့အတွက် မြန်မာနိုင်ငံ ဈေးကွက် မြှင့်တင်ရေး ပညာရှင်များ အသင်းမှ လက်မှတ်များ ထုတ်ဝေ ရောင်းချ သွားမှာ ဖြစ်ပါတယ်။ ဒီလို ရောင်းချရာမှာ လက်မှတ် တစ်စောင်ကို ကျပ်ငါးသောင်း ခွဲမှ ခုနှစ်သောင်းကြား ရောင်းချပေးဖို့ အတွက် စီစဉ်လျက်ရှိပြီး အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက် လိုပါက Call Centre ရဲ့ ဖုန်းနံပါတ်ဖြစ်တဲ့ ၁၈၇၆ ကို ဆက်သွယ် မေးမြန်း နိုင်တယ်လို့ သိရပါတယ်။
အရိုးပွရောဂါ ဖြစ်ပွားမှု လျော့ကျစေရန် အခမဲ့ စစ်ဆေးမှု ပြုလုပ်ပေး လျက်ရှိ
Monday 10th September 2012
ပြည်တွင်းမှာ အရိုးပွရောဂါ ဖြစ်ပွားမှု လျော့ကျစေဖို့ အတွက် ထူးအံ့ဆေး ဥယျာဉ်မှ တစ်လကို တစ်ကြိမ် အရိုးပွ ရောဂါ ရှိ၊မရှိ စစ်ဆေးပေး လျက်ရှိပြီး
ယခုလ ၁၈ ရက်မှာလည်း ထပ်မံစစ်ဆေး ပေးသွား ဖို့ရှိတယ်လို့ အဆိုပါ ဆေးဥယျာဉ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ အရိုးပွရောဂါဟာ အသက် ၃၅ နှစ် အထက် အမျိုးသမီးတွေမှာ ဖြစ်ပွားမှု များပြားတာ ဖြစ်ပါတယ်။
ဒီလို အရိုးပွ ရောဂါ ဖြစ်ပွားပါက အရိုးများ ကျိုးလွယ် နိုင်ခြင်းနဲ့ ကျောရိုး နာခြင်း၊ ခါးနာခြင်းတို့ ဖြစ်ပွား နိုင်တာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ပြည်တွင်းရှိ အမျိုးသမီးတွေမှာ အရိုးပါး၊ အရိုးပွရောဂါ ဖြစ်ပွားမှုတွေ များပြား လာတာကြောင့် လျော့ကျစေဖို့ ရည်ရွယ်ကာ ထူးအံ့ ဆေးဥယျာဉ်မှ အခမဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုပြုလုပ်ပေးရာ မှာတော့ အကြိမ် ၃၀ ၀န်းကျင် စမ်းသပ်ပေးခဲ့ပြီး တစ်ကြိမ်ကို စမ်းသပ်သူပေါင်း ၃၀၀ နီးပါး လာရောက် စစ်ဆေးမှု ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
အခုလို စစ်ဆေးမှု တွေကိုတော့ အန်လင်း ကုမ္ပဏီ ကလည်း ကူညီမှုတွေ ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ပြုလုပ်မယ့် အရိုးပါး၊ အရိုးပွရောဂါ စစ်ဆေးမှုမှာ လာရောက် စစ်ဆေးလို သူတွေဟာ ကြိုတင်စာရင်း ပေးသွင်းစရာ မလိုဘဲ အဆိုပါနေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်း ပုဇွန်တောင် ဈေးရှေ့ရှိ ထူးအံ့ ဆေးဥယျာဉ်မှာ အခမဲ့ စမ်းသပ် စစ်ဆေးမှုတွေ လာရောက်ပြု လုပ်နိုင်တယ်လို့ သိရပါတယ်။
၂၀၁၁ ခုနှစ်ထက် ၂၀၁၂ ခုနှစ် ၈ လတာ ကာလအတွင်း မီးလောင်မှု အကြိမ်ပိုမို များပြားခဲ့
Monday 10th September 2012
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလမှ သြဂုတ်လ အထိ ၈ လတာ ကာလ အတွင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ မီးလောင်ကျွမ်းမှု ၆၄၃ ကြိမ်သာ
ဖြစ်ပွားခဲ့ရာမှ ယခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လ အထိ ၈ လတာ ကာလ အတွင်းမှာတော့ မီးလောင်ကျွမ်းမှု ၈၅၇ အထိကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်ကျွမ်းမှုဟာ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ပါက မီးလောင်မှု အကြိမ် အရေအတွက် ၂၁၄ ကြိမ် ပိုမိုလောင်ကျွမ်း ခဲ့တယ်လို့ မီးသတ် ဦးစီဌာနမှ ထုတ်ပြန်ချက် အရ သိရပါတယ်။
ဒါပေမယ့် အဆိုပါနှစ် ၂ နှစ်ရဲ့ မီးလောင်ကျွမ်း မှုတွေထဲမှာ ပေါ့ဆမီးကြောင့် ဖြစ်ပွားတဲ့ မီးလောင်ကျွမ်းမှုဟာ အများဆုံး ဖြစ်ပြီး ၂၀၁၁ ခုနှစ် မှာတော့ ပေါ့ဆမီးကြောင့် မီးလောက်ကျွမ်းမှု ၂၉၅ ကြိမ်သာ ပါဝင်ခဲ့ပြီး ယခုနှစ် မှာတော့ ပေါ့ဆမီးကြောင့် မီးလောင်ကျွမ်းမှု ၃၀၉ ကြိမ် အထိ ပါဝင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် မီးလောင်ကျွမ်း မှုကြောင့် အဆောက်အအုံများ ဆုံးရှုံးမှု မှာလည်း ၂၀၁၁ ခုနှစ်မှာ အိမ်အဆောက်အဦး တစ်ထောင့် ကိုးရာ ခုနှစ်ဆယ်လုံး ဆုံးရှုံးခဲ့ရပြီး ယခုနှစ် မှာတော့ အိမ်ခြေ အဆောက်အဦး တစ်သောင်း လေးဆယ်လုံး အထိ ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မီးလောင်မှုကြောင့် ငွေကြေး ဆုံးရှုံးမှု မှာလည် ပြီးခဲ့တဲ့ နှစ်မှာ တန်ဘိုးငွေ ကျပ်သိန်း ခြောက်ထောင့် နှစ်ရာ ခြောက်ဆယ့် ငါးသိန်းကျော် ဆုံးရှုံးခဲ့ပြီး ယခုနှစ် မှာတော့ ဆုံးရှုံးမှု တန်ဘိုး ငွေကျပ် သိန်းပေါင်း ခြောက်သောင်း ကိုးထောင့် သုံးရာ ကိုးဆယ့်ခြောက်သိန်းကျော် ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ၈ လတာ ကာလ အတွင်း ၂၀၁၂ ခုနှစ်ရဲ့ မီးလောင်ကျွမ်းမှုမှာ ယခင်နှစ်ထက် ငွေကျပ်သိန်း ခြောက်သောင်း သုံးထောင့် တစ်ရာ့ သုံးဆယ်သိန်းကျော် ပိုမို ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီး ဌာနမှ ထုတ်ပြန်တဲ့ သတင်းများ အရ သိရပါတယ်။
အလုပ်သမားရေးရာ မပြေလည်မှု ၆မှုအား ခုံသမာဓိ အဖွဲ့မှ ဖြေရှင်းဆောင်ရွက် ပေးခဲ့ပြီး
Monday 10th September 2012
ရန်ကုန်တိုင်း ဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန် ထားတဲ့ သတင်းများ အရ ရန်ကုန်တိုင်း ဒေသကြီး စည်ပင် သာယာရေး
နယ်နိမိတ် အတွင်း ပြီးခဲ့တဲ့ သြဂုတ်လ အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှု တွေကြောင့် သေဆုံးသူ ၂၆ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုတွေမှာ ဖြစ်ပွားမှု အများစုဟာ ယာဉ်မောင်းတွေရဲ့ မဆင်မခြင် မောင်းနှင်မှုကြောင့် အများဆုံး ဖြစ်ပွားရတာ ဖြစ်တယ်လို့ အဆိုပါ ထုတ်ပြန်ချက် အရ သိရပါတယ်။
ဒါ့အပြင် အရှိန်ပြင်း မောင်းနှင်မှု၊ လမ်းကူး သူတွေရဲ့ ပေါ့ဆမှုကြောင့် ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုများနဲ့ အခြား အနှေးယာဉ် များကြောင့် ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုများ အပါအ၀င် သြဂုတ်လ အတွင်းမှာ ယာဉ်မတော်တဆမှု စုစုပေါင်း ၉၆ မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်း မှာတော့ ယာဉ်မတော်တဆမှုဟာ စုစုပေါင်း ၉၁ မှုသာ ဖြစ်ပွားခဲ့ပြီး သြဂုတ်လနဲ့ နှိုင်းယှဉ်ပါက သြဂုတ်လ အတွင်းမှာ ယာဉ်မတော်တဆ ဖြစ်ပွားမှု အနည်းငယ် မြင့်တက် ခဲ့တာ တွေ့ရပါတယ်။
ဒီလို သြဂုတ်လ အတွင်း ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆ မှုတွေကြောင့် သေဆုံးသူ ၂၆ ဦးနဲ့ ဒဏ်ရာရရှိသူ ၁၃၁ ဦးအထိ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီလို ယာဉ်မတော်တဆမှုများ ဖြစ်ပွားမှုနှုန်းကို လျော့ကျ သွားစေဖို့ အတွက်ကိုတော့ သက်ဆိုင်ရာ နယ်မြေ အလိုက် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူ တွေဟာ နေ့စဉ် ပူးပေါင်း စစ်ဆေးမှု တွေပြုလုပ် လျက်ရှိပေမယ့် ယာဉ်မောင်းများနဲ့ လမ်းကူးသူများ မှလည်း ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှုတွေကို ယခုထက်ပို လိုက်နာ သင့်ကြောင်း သတင်းပေး တင်ဆက် လိုက်ရပါတယ်။
ရန်ကုန်တိုင်း ဒေသကြီးတွင် ပြီးခဲ့သည့် သြဂုတ်လ အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၂၆ ဦးရှိ
Monday 10th September 2012
ရန်ကုန်တိုင်း ဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန် ထားတဲ့ သတင်းများ အရ ရန်ကုန်တိုင်း ဒေသကြီး စည်ပင် သာယာရေး
နယ်နိမိတ် အတွင်း ပြီးခဲ့တဲ့ သြဂုတ်လ အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှု တွေကြောင့် သေဆုံးသူ ၂၆ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုတွေမှာ ဖြစ်ပွားမှု အများစုဟာ ယာဉ်မောင်းတွေရဲ့ မဆင်မခြင် မောင်းနှင်မှုကြောင့် အများဆုံး ဖြစ်ပွားရတာ ဖြစ်တယ်လို့ အဆိုပါ ထုတ်ပြန်ချက် အရ သိရပါတယ်။
ဒါ့အပြင် အရှိန်ပြင်း မောင်းနှင်မှု၊ လမ်းကူး သူတွေရဲ့ ပေါ့ဆမှုကြောင့် ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုများနဲ့ အခြား အနှေးယာဉ် များကြောင့် ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုများ အပါအ၀င် သြဂုတ်လ အတွင်းမှာ ယာဉ်မတော်တဆမှု စုစုပေါင်း ၉၆ မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်း မှာတော့ ယာဉ်မတော်တဆမှုဟာ စုစုပေါင်း ၉၁ မှုသာ ဖြစ်ပွားခဲ့ပြီး သြဂုတ်လနဲ့ နှိုင်းယှဉ်ပါက သြဂုတ်လ အတွင်းမှာ ယာဉ်မတော်တဆ ဖြစ်ပွားမှု အနည်းငယ် မြင့်တက် ခဲ့တာ တွေ့ရပါတယ်။
ဒီလို သြဂုတ်လ အတွင်း ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆ မှုတွေကြောင့် သေဆုံးသူ ၂၆ ဦးနဲ့ ဒဏ်ရာရရှိသူ ၁၃၁ ဦးအထိ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီလို ယာဉ်မတော်တဆမှုများ ဖြစ်ပွားမှုနှုန်းကို လျော့ကျ သွားစေဖို့ အတွက်ကိုတော့ သက်ဆိုင်ရာ နယ်မြေ အလိုက် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူ တွေဟာ နေ့စဉ် ပူးပေါင်း စစ်ဆေးမှု တွေပြုလုပ် လျက်ရှိပေမယ့် ယာဉ်မောင်းများနဲ့ လမ်းကူးသူများ မှလည်း ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှုတွေကို ယခုထက်ပို လိုက်နာ သင့်ကြောင်း သတင်းပေး တင်ဆက် လိုက်ရပါတယ်။
No comments:
Post a Comment