Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 9 September 2012

အောင်မြင်ဖို့အတွက် ကိုယ့်ကိုယ်ကို ပြောဆိုကတိပေးရမယ့် ကတိ (၁၀) ချက်


စာရေးသူတို့ဟာ နေ့စဉ် ကိုယ့်ကိုကိုယ်ပြောဆိုတဲ့စကား ( self talk ) ပေါင်းများစွာ ပြောဆိုနေကြရပါတယ် ။
လက်တွေ့ဘ၀မှာ စာရေးသူတို့အနေနဲ့ အလုပ်တစ်ခု ( Action ) တစ်ခုကိုမလုပ်မီ ကိုယ့်ရဲ့စိတ်ထဲမှာ ကိုယ်တွင်း
စကား ( self talk )  အဖြစ် အရင်ပြောဆိုပါတယ် ။ ဥပမာ စာရးသူက အင်္ကျီ တစ်ထည်ကို ၀တ်တော့မယ်ဆိုပါစို့ …
စိတ်ထဲကနေ ( self talk ) အဖြစ် .. " အင်း .. ငါ ဒီအင်္ကျီလေးကို ၀တ်လိုက်ရင် ကောင်းမှာပဲ "  စသည်ဖြင့် self talk 
အရင်ပြောဆိုပြီးမှ အင်္ကျီဝတ်တယ်ဆိုတဲ့ Action ကို လုပ်ဆော်ငကြတာ ဖြစ်ပါတယ် ။ ဒါ့ကြောင့်မို့ဘ၀ အောင်မြင်ရေးကို
ကြိုပမ်းဆောင်ရွက်ကြတဲ့နေရာမှာလည်း Action အဖြစ် လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုမီ self talk အဖြစ် ပြောဆို
ကတိပေးရမယ် ကတိက၀တ် (၁၀ ) ချက် ရှိပါတယ် ။



အဲဒါတွေကတော့ -

၁) ကျန်းမာမှု ၊ ပျော်ရွှင်မှု နဲ့ ချမ်းသာကြွယ်ဝမှုတို့၏ အကြောင်းကိုသာ မိမိကိုယ်တိုင်ရော ၊ မိမိအပေါင်းအသင်း
မိတ်တွေများကိုရော တတ်နိုင်သမျှ ပြောကြားမယ်လို့ ကိုယ့်ကိုယ်ကိုယ် ကတိပြုပါ ။
( Promise yourself that you will talk health , happiness and prosperity  as often as possible )


၂) ဘယ်အလုပ်ကိစ္စ ဘယ်အကြောင်းအရာကိုမဆို အကောင်းဆုံးဖြစ်အောင် အားထုတ်ပါ့မယ်ဟု မိမိကိုယ်ကို ကတိပြုပါ။
( Promise yourself to work best for everythings )


၃) အကောင်းဆုံးတွေကိုပဲတွေး ၊ အကောင်းဆုံးတွေကိုပဲ လုပ်ကိုင်ပြီး မိမိကိုယ်တိုင်ဆီကရော အခြားသူတွေ ဆီကပါ
အကောင်းဆုံးတွေပဲ မျှော်လင့်ပါ့မယ်လို့ မိမိကိုယ်ကို ကတိပြုပါ ။
( Promise to think only of the best , to work only for the best and to expect only the best in
yourself and others )


၎) အခြားသူများရဲ့ အောင်မြင်မှုကို မိမိရဲ့အောင်မြင်မှုကဲ့သို့ ထပ်တူထပ်မျှ မျှဝေခံစား ဆောင်ရွက်ပါ မယ်လို့မိမိကိုယ်
ကို ကတိပြုပါ။
( Promise to be just as enthusiastic about success of others as you are about your own )


၅) မိမိရဲ့ စိတ်အားထက်သန်မှု ၊ စိတ်ဓါတ်တည်ကြည် ငြိမ်းချမ်းမှုတို့ကို ဘယ်အကြောင်း တစ်စုံတစ်ရာကမှ မနှောက်
ယှက် မဖျက်ဆီးနိုင်စေ ရပါဘူးဟု မိမိကိုယ်ကို ကတိပြုပါ။
( Promise yourself to be strong that nothing can disturb your peace of mind )


၆) အတိတ်က အမှားများ ၊ ရှုံးနိမ့်မှုများကို မေ့ပျောက်ပြီ အနာဂတ်မှာ ကြီးကြီးကျယ်ကျယ် အောင်မြင်မှုတွေ ရရှိအောင်
ကြိုးစားသွားပါ့မယ်လို့ မိမိကိုယ်ကို ကတိပြုပါ။
( Promise to forget the mistake of the past and press on to greater achievements in the future )


၇) လူတိုင်း လူတိုင်းရဲ့ အမြင်မှာ တက်ကြွတဲ့ အသွင်အပြင် ၊ နှစ်လိုဖွယ် အပြုံးနဲ့ အမြဲနေထိုင်နိုင်အောင် ကြိုးစားပါ့မယ်
လို့ မိမိကိုယ်ကို ကတိပြုပါ။
( Promise to wear cheerful appearance at all times and give every person you meet a smile )


၈) မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်အောင် အချိန်နှင့်အမျှ ကြိုးစားနေရမှာဖြစ်တဲ့အတွက် မိမိမှာ အခြားသူတွေကို ဝေဖန်
အပြစ်တင်နေဖို့ အချိန်မရှိဘူးဆိုတဲ့အကြောင်း ကိုယ့်ကိုယ်ကို ကတိပြုပါ။
( Promise to give so much time improving yourself that you have no time to criticize others )


၉) အကြောင်းတရားတွေ ဒုက္ခတွေ ကြုံတွေ့လာရတဲ့အခါ မိမိကိုယ်ကို အဘက်ဘက်က ကြံ့ခိုင်ပြည့်ဝနေအောင်
အားထုတ်ပါ့မယ်လို့ ကတိပြုပါ။
( Promise to be too strong for fear and trouble )


၁၀) စီမံကိန်းရေးဆွဲရန် ပျက်ကွက်ခြင်းဟာ ၊ ကျဆုံးဖို့အတွက် စီမံကိန်းရေးဆွဲနေခြင်းပဲ ဖြစ်တဲ့အကြောင်း အမြဲမပြတ်
သတိရနေဖို့ မိမိကိုယ်ကို ကတိပြုပါ။
( Promise to remember that fail to plan is plan to fail )



အဲဒီ ကတိက၀တ် (၁၀) ချက်ကို တတ်နိုင်ရင် မိမိတို့ရဲ့ကိုယ်တွင်းစကား ( Self talk ) များအဖြစ် ကြိမ်ဖန်များစွာ
ပြောဆိုနိုင်အောင် အားထုတ်ပါ ။ လူရဲ့ Action ဆောင်ရွက်မှုဖြစ်စဉ်ဟာ "Thinking to talking , talking to action"
( အတွေးမှအပြော ၊ အပြောမှ အလုပ် ) ဆိုတဲ့အတိုင်း အဆင့်ဆင့်ပြောင်လဲဆောင်ရွက်သွားတာမို့ ဖော်ပြပါ
ကတိက၀တ်တွေအနေနဲ့ စာဖတ်သူတို့ရဲ့ နေ့စဉ်ဘ၀ ( daily life ) ထဲမှာ Action များအဖြစ် တဖြည်းဖြည်းပြောင်းလဲ
ဆောင်ရွက်လာနိုင်တာနဲ့ အမျှ ဘ၀ရဲ့ အောင်မြင်မှု အသီးအပွင့်များကို တစ်စတစ်စ ဆွတ်ခူးစားသုံးလာနိုင်ကြမှာ
ဖြစ်ပါတယ် ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့