နောက်ထပ်တွေ့ခဲ့ရင်...
ကြယ်တွေကြွေတဲ့အကြောင်း
ငါမပြောဘူး။
ငါ့ရင်ထဲက
မိုးစက်ပွင့်တွေကပြန်မေးတဲ့
မင်းမျက်နှာလေးအကြောင်း
ငါမပြောဘူး။
နောက်ထပ်တွေ့ခဲ့ရင်..
ငါပျိုးခဲ့တဲ့
အိပ်မက်တွေအကြောင်း
ငါမပြောဘူး။
နောက်ထပ်တွေ့ခဲ့ရင်
ငါ့ရင်ထဲမှာ
မင်းရှိနေခဲ့သေးလာလို့ပဲ
မရဲတရဲငါဖြစ်ချင်တာပါလေ..။
No comments:
Post a Comment