ယနေ့ထွက်ရှိသည့် Mobile Guide Journal Vol.1 Issue 68 အတွက် ရေးသားပေးထားသည့် ဆောင်းပါးကို ပြန်လည် ဝေမျှပေးလိုက်ပါသည်။
ယခု ဖော်ပြမည့် နည်းလေးကတော့ ကျွန်တော်တို့တွေ မည်သည့် Programming language မှ သိစရာမလိုပဲ Android Application တစ်ခုကို ဘယ်လို ဖန်တီးမလည်းဆိုတာကို ရှင်းပြပေးပါမည်။
ကျွန်တော် အခု m51a.com ကို Mobile Web Application တစ်ခု အဖြစ် ဖန်တီးပြပါမည်။
၁။ Mobile Conduit ဆိုဒ်ကို သွားပါ။
၂။ ထို့နောက် ပုံတွင်ပြထားသည့်အတိုင်း မိမိဖန်တီမည့် Web App အတွက် Website Link ကို ထည့်ပါ။ ပြီးလျှင် Create App ကို နှိပ်ပါ။

၃။ Mobile Web App တွင် မိမိထည့်သွင်းလိုသည်များကို ဖော်ပြပေးထားပါသည်။ မိမိထည့်သွင်းလိုသည် ကို Click နှိပ်ပါ။
(ကျွန်တော်ကတော့ ပထမဦးဆုံး Facebook ကို ထည့်သွင်းပါမည်။ ထို့ကြောင့် Facebook Icon ကို Click နှိပ်လိုက်ပါ။)
၎။ ထို့နောက် ပုံတွင်ပြထားသည့်အတိုင်း Facebook ကို မိမိကြိုက်နှစ်သက်သည့်အမည်ပေးနိုင်သလို မိမိချိတ်ဆက်ဖော်ပြလိုသည့် Facebook Link ကို ထည့်သွင်းပေးပါ။
Facebook Icon ကို မကြိုက်၍ မိမိနှစ်သက်ရာ Icon ကို ထည့်ချင်တယ်ဆိုလျှင် Page Name ဘေးမှာ ရှိသည့် Facebook Icon မြှားလေးကို နှိပ်ပြီး ရွေးချယ်နိုင်ပါသည်။
Content Layout ကတော့ မိမိဖော်ပြလိုသည့် Layout ပုံစံကို ရွေးချယ်နိုင်ပါသည်။

၅။ ပိုပြီးရှင်းသွားအောင် နောက် Page တစ်ခု ထပ်ထည့်ပြပါမည်။ ဒီတခါတော့ ကျွန်တော်တို့ Website Page ကို ထည့်မှာ ဖြစ်သည့်အတွက် General Content အောက်ရှိ Webpage Icon ကို နှိပ်လိုက်ပါ။

- ထို့နောက် ပုံတွင်ပြထားသည့်အတိုင်း Page Name မှာ m51a လို့ အမည်ပေးလိုက်ပါတယ်။
- ထို့နောက် Enter external page URL မှာ http://www.m51a.com ကို ထည့်သွင်းလိုက်ပါတယ်။
- Icon ကိုတော့ ကမ္ဘာလုံး ပုံလေးရွေးချယ်လိုက်ပါတယ်။

၆။ ဒီလောက်လိုလျှင် Page တွေ ထည့်သွင်းတက်မယ်လို့ ထင်ပါတယ်။ အပေါ်မှာ ပြခဲ့သည့်အတိုင်း မိမိစိတ်ကြိုက် Page များထည့်သွင်းပြီးလျှင် မိမိပြုလုပ်ထားသည့် App ကို ဒီဇိုင်းပြုလုပ်ရန်အတွက် Style Tab ကို နှိပ်ပြီး မိမိစိတ်တိုင်းကျ ဒီဇိုင်း ပြုလုပ်လိုက်ပါ။

၇။ မိမိစိတ်တိုင်းကျ ဒီဇိုင်း ပြုလုပ်ပြီးပြီဆိုလျှင် Info Tab ကို နှိပ်ပါ။ ထို့နောက် -
၁။ ပုံတွင်ပြထားသည့်အတိုင်း Mobile App ၏ Icon ကို ချိန်းလိုပါက Icon ပေါ်တွင် Click နှိပ်ပြီး ရွေးချယ်နိုင်သလို မိမိမှာ ရှိသည့် Icon ကို လည်း Upload ပြုလုပ်နိုင်ပါသည်။
၂။ App အတွက် မိမိကြိုက်နှစ်သက်သည့်အမည်ပေးပါ။
၃။ App ကို ဖွင့်လိုက်လျှင် စစချင်း ပေါ်လာမည့် Splash Screen ကို မိမိစိတ်တိုင်းကျ ချိန်းနိုင်ပါသည်။

၈။ အဆင်သင့် ဖြစ်ပြီဆိုလျှင် Page ၏ အောက်ဆုံးရှိ Save & Continue ကို နှိပ်ပါ။
၉။ ထို့နောက် Create Account ပြုလုပ်ခိုင်းသည့် Box ကျလာပါလိမ့်မည်။ Account သစ်ပြုလုပ်လိုက်ပါ။

၁၀။ Create Account ပြုလုပ်ပြီးလျှင် မိမိပြုလုပ်ထားသည့် App ကို Generate ပြုလုပ်ရပါမည်။ Generate Button ကို Click နှိပ်လိုက်ပါ။

No comments:
Post a Comment