Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 3 October 2012

မိမိနေထိုင်ရာ နိုင်ငံအပေါ် သစ္စာစောင့်သိဖို့ ကိုမင်းကိုနိုင် ပြောကြား

ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး အထက်မြန်မာပြည် ခရီးစဉ် အတွင်း ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ လူထုတွေ့ဆုံပွဲ မိထ္ထီလာမြို့၊ သီရိမင်္ဂလာ ရပ်ကွက် အောင်မင်္ဂလာခမ်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။



အောက်တိုဘာလ၊( ၂) ရက် နံနက်( ၁၀)နာရီတွင် မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့  အောင်မင်္ဂလာခန်းမ၌ ၈၈ မျိုးဆက် ကျောင်းသားများ၏ ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်၊ ကိုမြအေး၊ ကိုကိုကြီး(စမ်းချောင်း)၊ ကိုစိုးထွန်း၊ ကိုထွန်းမြင့်အောင်၊ ကိုကိုလှိုင်၊ ကိုကျော်ဇော၊ မနီလာသိန်း၊ မမီးမီး၊ မမီမီလွင်၊ မစမ်းစမ်းမော်၊ မမာယာ၊ မနုနုအောင်၊ မမေချိုနှင့် မအိမွန်တို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်နှင့် ကိုမြအေးတို့က ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ကနဦးရှင်းလင်းပြောကြားခဲ့ကြသည်။ ဆက်လက်၍ တက်ရောက်လာကြသော မိထ္တီလာမြို့နယ် ဒေသခံများ၏ ကြုံတွေ့နေရသည့် အခက်အခဲပြသနာများကို ရှင်းလင်းတင်ပြကြရာ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

88 Generation Students

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့