Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 27 October 2012

ရခိုင် ကျောက်တော်၌ သေနတ်ဒဏ်ရာ ရရှိခဲ့သူ တစ်ဦး ရန်ကုန် ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေ

ရန်ကုန်-အောက်တို ဘာ၂၇

ရခိုင် ပြည်နယ် ကျောက်တော်မြို့ေ၇ွှပြည် ရွာဟောင်း ကျေးရွာမှ သေနတ် ဒဏ်ရာ ရရှိသူ ရခိုင် အမျိုးသား တစ်ဦး သည် ရန်ကုန် ဆေးရုံကြီးတွင် ဆေးကုသမှုခံယူရန် ယနေ့ နံနက်က ရောက်ရှိ လာကြောင်း သိရသည်။

အသက် ၃၃နှစ် အရွယ်ရှိ ကိုရွှေသန်းမောင်မှာ အောက်တိုဘာ၂၄ရက် ညနေ ၃ နာရီခွဲခန့်က လက်မောင်းရင်း သေနတ်ဒဏ်ရာ ရရှိခြင်းဖြစ်ပြီး ကျောက်တော်မြို့ဆေးရုံမှ ရန်ကုန်ပြည်သူ ဆေးရုံသို့ လွှဲပြောင်း ကုသခံယူခိုင်းခြင်း ဖြစ်သည်ဟု ညီဖြစ်သူ၏ ပြောပြချက် အရ သိရသည်။

"ကျွန်တော်တို့ ရှေ့ကလှေတစ်စီးကို ကမ်းစပ်ကနေ အရင် သေနတ်နဲ့ ပစ်ခံရတာ။ အဲ့လှေမြှပ်သွားလို့ သွားကယ်ရင်း ထပ်အပြစ်ခံရတာ၊ နှစ်ယောက်ထိ သွားတယ်။ တစ်ယောက်ကတော့ စစ်တွေဆေးရုံမှာပါ"ဟု အပစ်ခံရသည့် လှေတစ်စီးထဲတွင် ပါဝင်သူ ကပြောပြသည်။

အဆိုပါ သေနတ် ဒဏ်ရာရရှိသူ ရခိုင် အမျိုးသားအား ယခု အချိန်တွင် ခွဲစိတ်မှုပြုလုပ်နေကြောင်း သိရသည်။

သုတလင်း - Popular Myanmar News Journal


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့