အောက်တိုဘာလ ဒုတိယပတ်မှ စတင်ကာ အနောက်တောင် မုတ်သုံလေ ဆုတ်ခွာ သွားဖွယ်ရှိ

မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ခန့်မှန်းချက် အရ အနောင်တောင် မုတ်သုံလေဟာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၅ ရက်အတွင်း
ရန်ကုန်မြစ်ဝကျွန်းပေါ် ဒေသများမှ လည်းကောင်း၊ အောက်တိုဘာလ ၆ ရက်နေ့မှ ၁၀ ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်း ဒေသများမှ လည်းကောင်း ဆုတ်ခွာ သွားဖွယ် ရှိတယ်လို့ သိရပါတယ်။ အဆိုပါ မုတ်သုံလေဟာ  မြန်မာနိုင်ငံ မြောက်ပိုင်း မှာတော့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ဆုတ်ခွာ သွားတာပြီး မြန်မာနိုင်ငံ အလယ်ပိုင်းက စက်တင်ဘာလ ၂၈ ရက်နေ့က ဆုတ်ခွာသွား ပါတယ်။

မြန်မာနိုင်ငံရဲ့ ယခုနှစ် မိုးရာသီ ကာလ အတွင်း မှာတော့ မိုးအများဆုံး ရွာတဲ့ နေရာ ဒေသဟာ ရမည်းသင်း မြို့ဖြစ်ပြီး မိုးရွာမှု စံချိန်တင် ခဲ့တာ ဖြစ်ခဲ့ပါတယ်။ ယခုလက်ရှိ မှတ်သုံ ထွက်ခွာနေစဉ် ကာလ အတွင်းမှာတော့ ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းမှ လေဖိအားနည်း ရပ်ဝန်း နှစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်မှာ ပိုမိုအားကောင်း လာပြီး မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိ နိုင်တာ ဖြစ်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ယခုလက်ရှိ အနေနဲတော့ မြန်မာနိုင်ငံရဲ့ ရာသီဥတုဟာ ဆောင်းရာသီကို ၀င်ရောက် တော့မှာ ဖြစ်တဲ့ အတွက် အပူချိန် လျော့ကျနိုင်ပြီး အောက်တိုဘာလ ၆ ရက်မှ ၇ ရက်ခန့် အတွင်းမှာ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် တို့မှာ လက်ကျန် မိုးများ ရွာသွန်း နိုင်တယ်လို့ သိရပါတယ်။

မသန်စွမ်းမှု ဆိုင်ရာ အတွေ့အကြုံ၊ အသိအမြင် ဖလှယ်ခြင်းနှင့် ဆွေးနွေးပွဲ ကျင်းပခဲ့

မသန်စွမ်းမှု ဆိုင်ရာ အတွေ့အကြုံ၊ အသိအမြင် ဖလှယ်တဲ့ ဆွေးနွေးပွဲကို စက်တင်ဘာလ ၃၀ ရက်နေ့က ပြည်လမ်းရှိ International Business
Center မှာ ကျင်းပ ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဆွေးနွေးပွဲမှာ မသန်စွမ်း သူများနဲ့ ပတ်သက်ပြီး မလေးရှား နိုင်ငံကို သွားရောက် လေ့လာခဲ့တဲ့ ရွှေမင်းသား ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းမှ ၎င်းရဲ့လေ့လာရေး ခရီးစဉ် အတွေ့အကြုံ များကို ပြန်လည် ဝေမျှခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ သွားရောက် လေ့လာမှုဟာ မလေးရှား နိုင်ငံမှာ သက်ဆိုင်ရာ အဖွဲ့အစည်း တွေဟာ မသန်စွမ်း သူများ အတွက် ၀န်ဆောင်မှု ပေးနေတဲ့ လုပ်ငန်းများ၊ အလုပ်အကိုင် ရှာဖွေရေး ပရိုဂရမ်နဲ့ နည်းဗျူဟာများ၊ နှစ်နိုင်ငံ မသန်စွမ်း အဖွဲ့အစည်းများ အနာဂတ်မှာ ပူးပေါင်း လုပ်ဆောင် နိုင်မယ့် အစီအစဉ်များနဲ့ လေ့လာရေး ခရီးစဉ်များ ပေါ်ထွက် လာစေဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပွဲမှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ပြည်ပနိုင်ငံ တွေမှာ မသန်စွမ်းတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ပေးမှု၊ သွားလာမှု အစဉ်ပြေစေရေး အတွက် ဗယ်ရီယာများ စီစဉ်ထားမှု အများအပြား ရှိပြီး ပြည်တွင်း မှာလည်း မသန်စွမ်းတွေ အတွက် အလုပ်အကိုင်နဲ့ အခြား အခွင့် အလမ်း တွေကို ယခုထက် ပိုမို ဆောင်ရွက်ပေး သင့်ပြီး နည်းပညာပိုင်း ဆိုင်ရာများမှာ ပိုမိုရရှိအောင် ဆောင်ရွက် ပေးသင့် သလို မသန်စွမ်းသူများ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးမှုတွေ ကိုလည်း ယခုထက် ပိုမိုပြုလုပ်ပေး သင့်တယ်လို့ သိရပါတယ်။

Snow World မှာ ၈၀ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးနေပြီ

ကန်တော်ကြီး ဥယျာဉ် အတွင်းမှာ ယခင်က ဖွင့်လှစ်ခဲ့တဲ့ ပျော်ရွှင်စရာ ရေခဲကမ္ဘာ ဥယျာဉ်ကို လက်ရှိမှာ Snow World  အဖြစ် အသစ်ပြန်လည်
ဆောင်ရွက် လျက်ရှိ ပါတယ်။ အဲ့ဒီလို ဆောင်ရွက်ရာ မှာလည်း ယခုလက်ရှိ ၈၀ ရာခိုင်နှုန်း ၀န်းကျင် ဆောင်ရွက် ပြီးစီးပြီ ဖြစ်တယ်လို့ Asia Myanmar Constorium Development Co.Ltd မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို အသစ် ပြန်လည် ဆောင်ရွက် လျက်ရှိတဲ့ Snow World မှာတော့ သဘာဝ အတိုင်း နှင်းကျမှု ပုံစံများ အပြင် ဥယျာဉ် အတွင်း ကားများနဲ့ လှည့်လည် ကြည့်ရှု နိုင်အောင်ပါ အသစ်ထပ်မံ ပြုလုပ်လျက် ရှိတာ ဖြစ်ပါတယ်။

ဒါ့အပြင် ယခင်က ပျော်ရွှင်စရာ ရေခဲကမ္ဘာ ဥယျာဉ် အတွင်းရှိ ရုပ်ထုတွေ နေရာမှာလည်း ယခုလာရောက် လည်ပတ်သူများ အသစ်အဆန်း ထပ်မံဖြစ်ပေါ် စေဖို့ အတွက် ရုပ်ထု အသစ်တွေကိုလည်း ပြောင်းလဲ ထုလုပ်လျက် ရှိတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ အဆိုပါ ပျော်ရွှင်စရာ ရေခဲကမ္ဘာ ဥယျာဉ်ကို ပြုပြင်မှုများ ဆောင်ရွက်လျက် ရှိတဲ့အတွက် ခေတ္တပိတ်ထား လျက်ရှိပြီး လာမယ့် အောက်တိုဘာ လကုန်ကာ နီးမှာ ဖွင့်လှစ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


Grade Ten အောင်မြင်ပြီး သူများ နယူးယောက်ရှိ Herkimer ကောလိပ် လျှောက်ထားနိုင်

နယူးယောက်ရှိ ဟာကီးမား Country Community College မှာ မြန်မာနိုင်ငံရှိ တက္ကသိုလ် ၀င်တန်းအောင် အဆင့် သာမကပဲ အခြေခံပညာ အထက်တန်း
အဆင့် Grade Ten တန်းအောင်မြင် ပြီးတဲ့ ကျောင်းသား များပါ အဆိုပါ ကျောင်းကို တိုက်ရိုက် လျှောက်ထား နိုင်တယ်လို့ စက်တင်ဘာလ ၃၀ ရက်နေ့က UMFCCI မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပညာရေး ဆွေးနွေးပွဲမှ သိရပါတယ်။ ဒီလို ကျောင်းလျှောက်ထား ရာမှာ လျှောက်ထား သူဟာ TOFEL/IELTS အမှတ်များ မလိုပဲ ကြိုက်နှစ်သက်ရာ ဘာသာရပ် များကို လျှောက်ထား နိုင်မှာ ဖြစ်ပါတယ်။

လျှောက်ထား နိုင်တဲ့ ဘာသာရပ်တွေ ကတော့ စီးပွားရေး ဆိုင်ရာ စီမံခန့်ခွဲမှု ဘာသာ၊ သိပ္ပံဘာသာ၊ Arts Subject ၊ အင်ဂျင်နီယာ ဘာသာရပ် တို့ကို လျောက်ထား နိုင်တာဖြစ်ပြီး အဆိုပါ ဘာသာရပ်တွေ ကိုတော့  ၂ နှစ်တက်ပြီး Associate Degree  ဘွဲ့ရရှိမှာ ဖြစ်ပါတယ်။  ဒါ့အပြင် နောက်ထပ် ၂ နှစ် တက္ကသိုလ် ဆက်တက်ပြီး ပညာ သင်ကြားပါက Bachelor's Degree ရရှိမှာ ဖြစ်တယ်လို့ Golden Silver Star Service Co.,Ltd မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။


ပြည်တွင်းရှိ မသန်စွမ်းသူများ အတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးမှု ၁ ရာခိုင်နှုန်း အောက်သာရှိနေ

ပြည်တွင်းမှာ မသန်စွမ်း သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးမှု ရာခိုင်နှုန်းမှာ ၁ ရာခိုင်နှုန်း အောက်သာ ရှိတယ်လို့ စက်တင်ဘာလ
၃၀ ရက်နေ့က International Business Centre(IBC) မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ မသန်စွမ်းမှု ဆိုင်ရာ အတွေ့အကြုံ၊ အသိအမြင် ဖလှယ်ခြင်း ဆွေးနွေးပွဲမှ ရွှေမင်းသား ဖောင်ဒေးရှင်းမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလက်ရှိ အလုပ်အကိုင် ရရှိနေတဲ့ မသန်စွမ်းသူ ဦးရေ ခန့်မှန်းခြေ ထောင်ဂဏန်း ကျော်ရှိပြီး လက်ရှိမှာလည်း ပြည်တွင်းက မသန်စွမ်းသူ ဦးရေကို အချက်အလက် တိတိကျကျ သိရှိခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ပြည်တွင်းမှာ မသန်စွမ်းသူများ အတွက် အဆင်ပြေ လွယ်ကူ စေမယ့် နေရာများ ထားရှိမှု မရှိသေးဘဲ မလေးရှား နိုင်ငံမှာ ဆိုရင် မသန်စွမ်းများ စီးနင်း နိုင်တဲ့ ၀ီးချဲ ပါဝင်တဲ့ Bus ကားအစီး ၂၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ မသန်စွမ်း သူများ အတွက် ရန်ပုံငွေဟာ လုံလုံလောက်လောက် မရရှိ သေးဘူးလို့ သိရပါတယ်။ မသန်စွမ်းများ အတွက် လှူဒါန်းတဲ့ အလှူရှင်များ ရှိပေမယ့်လည်း ပုံမှန် ရန်ပုံငွေ ရရှိဖို့ အတွက် ဆောင်ရွက် သွားဖို့ လိုအပ်တယ်လို့ သတင်း ရရှိပါတယ်။

မြန်မာနိုင်ငံ ရေကြောင်း အင်ဂျင်နီယာ အသင်းမှ သင်ကြားမှုများ၊ စာမေးပွဲများ အကြောင်းကို စာတမ်းဖတ်ပွဲ ကျင်းပခဲ့

မြန်မာနိုင်ငံ ရေကြောင်း အင်ဂျင်နီယာ အသင်းမှ ကြီးမှူးပြီး Maritime ဆိုင်ရာ စာမေးပွဲနဲ့ အောင်လက်မှတ် စနစ်များ အကြောင်း စာတမ်း ဖတ်ပွဲကို
စက်တင်ဘာ ၂၉ ရက်နေ့က ရန်ကုန်မြို့ IBC ခန်းမမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ စာတမ်း ဖတ်ပွဲမှာ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးမှ (MEO) Myanmar Marire Engineer Officer နဲ့ သင်တန်းများနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြား ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေကြောင်း အင်ဂျင်နီယာဘွဲ့ MMU Maritime Tech Diploma (MMMC) ရဲ့ ကျွမ်းကျင်မှု ပိုင်းတွေ လုပ်တဲ့အခါ တက်ရောက် ရမယ့် သင်တန်း ကာလတွေ၊ အဆိုပါ Workshop Skill Training တွေ၊ ပင်လယ်ပြင် လက်တွေ့ သင်တန်းတွေနဲ့ ပတ်သက်ပြီး စနစ်သစ်တွေကို အသေးစိတ် ရှင်းလင်း ပြောကြား ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


Thailand Mini Exhibition တွင် ထိုင်းနိုင်ငံထုတ် ပစ္စည်းများ ကိုသာ ပြသခဲ့

ထိုင်းနိုင်ငံထုတ် အ၀တ်အထည်များ၊ အလှအပ ဆိုင်ရာ ပစ္စည်းများကို ပြသခဲ့တဲ့ Thailand Mini Exhibition ကို စက်တင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့
လှိုင်မြို့နယ်ရှိ ပါရမီ စိန်ဂေဟာ စင်တာမှာ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပွဲကိုတော့ ထိုင်းနိုင်ငံရှိ DITP နဲ့ စိန်ဂေဟာ ကုမ္ပဏီတို့ ပူးပေါင်းပြီး ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။ အဆိုပါ ပြပွဲမှာတော့ ထိုင်းနိုင်ငံရှိ ကုန်တံဆိပ် အသစ်များ၊ အ၀တ်အထည်များ၊ အလှအပ ဆိုင်ရာ ပစ္စည်းများ အပြင် မြန်မာနိုင်ငံမှာ ရောက်ရှိပြီး ဖြစ်တဲ့ နာမည်ကြီး ကုမ္ပဏီများမှ ပစ္စည်း အမျိုးအစားပေါင်း ၂၀၀ ကျော် ပါဝင်ပြသ ထားပြီး ဆိုင်ခန်းပေါင်း ၄၀ ခန့် ရှိတာ ဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံထုတ် စားသောက်ကုန်များ၊ အလှအပဆိုင်ရာ ပစ္စည်းများ၊ ဖက်ရှင် ပစ္စည်းများ၊ Electronics ပစ္စည်းများ၊ Stationary ပစ္စည်းများ၊ ထိုင်းရိုးရာ မုန့်မျိုးစုံနှင့် ထိုင်းစားသောက်ဆိုင် များမှာ အထူး လျှော့ဈေးများ၊ အထူး လက်ဆောင် များပါ ရောင်းချ နေတာ ဖြစ်ပါတယ်။ အဆိုပါပွဲ မှာတော့ ကံစမ်းမဲ အစီအစဉ်များ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ ဟာသ မျက်လှည့် အစီအစဉ်များ အစရှိတဲ့ ပျော်စရာ အစီအစဉ်များ ပါဝင်တာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပွဲမျိုး ပြုလုပ် တာဟာ စိန်ဂေဟာ ပါရမီ စင်တာမှာ တတိယ အကြိမ်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။