Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 2 October 2012

♥♥♥ ဝဋ်ကြွေးရှိရင်ပြေပါစေ ♥♥♥

♥♥♥ ဝဋ်ကြွေးရှိရင်ပြေပါစေ ♥♥♥


ဇတ်လမ်းအသွင် မှတ်တမ်းတင်လို့

ကျန်သူအသဲ ရင်တွေကွဲလည်း

ဝသန်မိုးသည်း လွမ်းနေစဲပါ

မျက်ဝန်းညို့ညို့ မျက်ရည်စို့လို့

လွမ်းစာဖွဲ့စီ ကဗျာတစ်ပုဒ်

ပန်းချီကိုလေ ငယ်ကျွမ်းနှမ

ကြားမှကြားပါ လေစ ♥♥♥


ဖြေလည်းမပြေ မောင့်ချစ်သူရေ

နွမ်းလို့လည်းကြွေ အသည်းထဲလေ

နေတစ်ရာဆယ်စင်း ပူလောင်ပျင်းပ

မောင့်တွက်လားဟင် တွေးပူမျက်ရည်

ကြေကွဲအကြည့် မောင်ရင်မချီလို့

တည်ငြိမ်းတဲ့နန်း ဘဝသစ်လမ်းမှာ

ပျော်၇ွှင်စွာသာ နေခဲ့နေခဲ့

ပါတော့ ချစ်သူရာ ♥♥♥



အမုန်းတွေကင်းတဲ့ ချစ်လမ်းခရီးမှာ

အချစ်နဲ့သာ စွန့်လွတ်အရာရာ

ခုတော့ပျက်ကြွေ လွမ်းလို့မပြေ

မျှော်လင့်အိမ်မက် ပျက်ကြွေသုန်းစေ

ကျေနပ်ကြေကွဲ နေတပ်အောင်ဘဲ

နေမိပေမယ့် အချိန်ကကုစား

လူပြောစကားဟာ မောင်အတွက်တော့

မှားနေပြီလား ♥♥♥



ခိုင်မြဲတွဲလက် လက်ခြင်းယှက်လို့

ရင်ဆိုင်ဘဝ မောင့်တို့စမယ်

အရာရာဟာ အချစ်တွက်ပေါ့

မှားမှန်းသိတယ် သိလျှက်ချစ်တယ်

ချစ်လို့မှားစေ မှားလည်းချစ်တယ်

နောင်တအချစ် ရင်မှမဖြစ်ဘူး

နေခွင့်ရယ်ကြုံ ခဏတာတဖုန်ကို

ထာဝရလို့ မှတ်ထင်စွဲမှတ်

ဘဝနဲ့လည်းပျော် ပျော်ခဲ့ပါတယ်နော် ♥♥♥


ဝေးကြရပြီ ခွဲထားခဲ့ပြီ

နောက်ထပ်ကိုလည်း မတွေ့တော့ဘူး

ရင်မှခံစား ချစ်ကြမ္မာအား

ကြေကွဲမှတ်တမ်း ထုတ်ဖော်လွမ်းရင်း

ဖန်လာဘဝ နောင်ကာလကြ

ဝဋ်ကြွေးရှိရင် ပြေပါစေလို့
မောင်ဆုတောင်းတယ် ချစ်သူရယ် ♥♥♥ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့