Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 1 October 2012

သင့်ကို "လူတွေ" စိတ်ဝင်စားစေချင်ပါသလား...? (နည်းလမ်းကောင်းလေး


သူငယ်ချင်းတို့ ရေ....ဘယ်သူမဆို ကိုယ့်ကို လူအများက သတိထားမိစေချင်တယ် ၊
စိတ်ဝင်စားစေချင်ကြပါတယ် ။  စိတ်မဝင်စားစေချင်တဲ့သူဆိုတာ တစ်ရာမှာတစ်ယောက်တောင်မရှိပါဘူး...ရှိတယ်ဆိုရင်....
အဲ့လူဟာ  လိမ်ညာပြောတာပဲဖြစ်မှာပါ..အပြင်သွားတဲ့အခါ အဝတ်အစားအကောင်းစားကိုဝတ်ပြချင်တယ် ၊ မျက်နှာမှာ..
အလှအပလေးတွေခြယ်မှုန်းသွားချင်တယ် ၊ ဆံပင်ဒီဇိုင်းကိုလည်း အမိုက်စားဖြစ်နေချင်ကြတယ် ၊ လူတွေက ကိုယ့်ကိုကြည့်မှ
ကြည့်ပါ့မလားလို့ စိုးရိမ်တယ် ကြည့်နေမှန်းသိရတဲ့ အခါ စိတ်ထဲမှာ ကျေနပ်နေတယ် ဒါလူ့ သဘာဝပဲလေ......။
        အလုပ်ခွင်မှာ သင်တန်းမှာ သင့်ကိုလူတွေ စိတ်ဝင်စားစေချင်ရင် လိုက်နာရမယ့် အချက်လေးတွေကတော့ ..
                       လွယ်လွယ်လေးပါ စမ်းကြည့်လိုက်ပါ့လား...........။
    (1)......တောက်ပြောင်သော အဝတ်အစားကိုဝတ်ပါ..................
          တောက်ပြောင်တယ်ဆိုလို့  ပြိုးပြိုးပြက်ပြက် လို့ လို့ လက်လက် ပိုးဖဲကတ္တီပါ အဝတ်စားမျိုးကိုဝတ်ဖို့ ပြောတာမဟုတ်ဘူးနော်..သာမန်ဝတ်နေကျ ချည်ထည်အင်္ကျီထက် ပိုးသားအနည်းငယ်ပါတဲ့အသားနဲ့ချုပ်ထား တဲ့ အင်္ကျီတွေကိုပြောတာပါ.....အရောင်ကတော့ အနီရောင်တောက်တောက်. အပြာပိန်းပိန်း. ခရမ်းရင့်ရင့် အရောင်မျိုးကိုပြောတာမဟုတ်ပါဘူး.....အဝါနုရောင်. ပိတောက်ခြောက်ရောင်. နံ့သာရောင်. အစိမ်းဖျော့ဖျော့ အပြာနုနုရောင်တွေကိုပြောတာပါ.....။ ။
    (2)......ထူးခြားသောရနံ့ ရှိသည့် ရေမွှေးကိုသုံးပါ................
         ထူးခြားတယ်ဆိုလို့  အနံ့ ပြင်းတဲ့ရေမွှေးမျိုး အီနောက်တဲ့ အနံ့ မျိုး စူးရှရှအနံ့ မျိုးကိုလူတိုင်းလိုလိုမုန်း ကြတော့... မဆွတ်သင့်ပါဘူး...၊ ဆွတ်သင့်တာက အနံ့ ပျော့ပျော့လေးနဲ့  ထူးခြားတဲ့ အနံ့ ဖြစ်ပါတယ် ...။ ဒါဆိုရင် လူတွေ ပိုအထင်ကြီး.တတ်ပါတယ်...။ လူကြားသူကြားထဲသွားရင် သိသာအောင် ထောင်းထောင်းထ အနံ့ တွေဆွတ်တာဟာ တော်တော်..ရိုင်းတဲ့ကိစ္စပါ ။ မသိမသာအနံ့ မျိုးလေးနဲ့ လူတွေကိုဆွဲဆောင်ပါ .........။
    (3)......ဝတ်နေကျမဟုတ်သောလက်ဝတ်လက်စားများကို ဝတ်ဆင်ပါ.............
         သင်ဟာ ရွှေဝတ်တာ ဝါသနာပါချင်မှ ပါပါလိမ့်မယ်. အချို့ ဆိုရင် နာရီတောင်မပတ်ပါဘူး  ဒါဆိုရင် သင့်စွန့်စားကြည့်လိုက်ပါ.. နာရီဒီဇိုင်းလှလှလေးတစ်လုံး ဒါမှမဟုတ် ရွှေဟန်းချိန်းလေးတစ်ခု  (သို့ )ဖန်စီ ကျောက်လက်ကောက်တစ်ကွင်းဖြစ်ဖြစ် ..ပတ်ကြည့်စေချင်ပါတယ် ၊ သင်ဟာ တစ်ခါမှ မလုပ်ဖူးတာတစ်ခုကို လုပ်ကြည့်ရတဲ့အတွက် ထူးခြားတဲ့စိတ်အာရုံ.. အသစ်ကို ရလိုက်မှာပါ.............။
    (4)......ကိုယ်နေဟန်ထား ခံညားစွာရပ်တည်ပါ..........
         သင်ဟာ ယောက်ျားလေးဆိုရင်တော့ လူရှေ့ သူရှေ့ ရပ်တဲ့အခါ ကနွဲ့ ကလျ မရပ်မိပါစေနဲ့  . လက်ပြင်ကုန်းကုန်း ခါးကုန်းကုန်း..မရပ်လိုက်ပါနဲ့  ၊  ဒါဆိုရင်တော့ သင့်ကိုဘယ်သူမှ စိတ်ဝင်စားမှာမဟုတ်ပါဘူး မခုံးကိုပင့် ရင်ကိုဖွင့်ပြီး မားမားမတ်မတ်..ရပ်သင့်ပါတယ် ။ တကယ်လို့  သင်ဟာမိန်းကလေးဆိုရင်တော့လူရှေ့သူရှေ့ရပ်တဲ့အခါ ဒေါင်းတည်မောင်းတည်...ကျားကျားလျားလျားကြီးမရပ်လိုက်ပါနဲ့  ၊ အဲဒါဆိုရင်တော့ သင့်ကို နှာခေါင်းရှုံ့သွားမှာ မလွဲပါဘူး..ပြီးတော့ မျက်လုံးကို..ကျီးကန်းတောင်မှောက်မကစားမိစေဖို့သတိထား ရပါ လိမ့်မယ်.....။
    (5)......စကားကို တိုတို ရှင်းရှင်း ပြောပါ............
         စကားပြောရင် အော်ကြီးဟစ်ကျယ် မပြောမိပါစေနဲ့  တိုးတိုးပြောပါ စကားလုံးကို ရှင်းရှင်းလင်းလင်းနဲ့  လိုရင်းကိုပြောပါ ...ကွေ့ ဝိုက်လုံးထွေးပြီးလိုရင်းမရောက်ရင် သင့်ကိုစိတ်ဝင်စားမှာမဟုတ်ပါဘူး ...၊ အလုပ်ခွင်မှာ ဆိုရင်တော့ စကားကို...မပွင့်တပွင့်မပြောမိပါစေနဲ့  တိကျသေချာတဲ့ အချက်အလက်ကိုရှင်းလင်းပြတ်သားတဲ့ လေယူလေသိမ်းနဲ့ပြောပါ....။  ။ ကဲ.....ဒီလောက်လိုက်နာရင်ပဲ သင့်ကိုလူတွေစိတ်ဝင်စားသွားပါလိမ့်မယ်.....သင်လူရှေ့ သူရှေ့ ရောက်လာတဲ့အခါ သင့်ကို အားလုံးက  အထင်ကြီးလေးစားသွားပြီလို့ သာ..
                                       ယုံလိုက်ပါတော့ဗျာ....................

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့