Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 27 October 2012

ဗဟိုတရားရုံးအား ပုဂ္ဂလိက သို့လွှဲ ပြောင်းငှားရမ်းမည် မဟုတ်ဟု သမ္မတရုံး ၀န်ကြီး ပြော

ဗဟို တရားရုံးအား ပုဂ္ဂလိက သို့လွှဲ ပြောင်းငှား ရမ်းမည် မဟုတ်ဟု သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းက ယနေ့ ရန်ကုန်တိုင်း လွှတ်တော်၌ ရှေ့နေများ ကွန်ယက်အဖွဲ့နှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့ကြောင်း တရားလွှတ်တော် ရှေ့နေဦးကိုနီ က ပြောသည်။

" Hight Court (ဗဟိုတရားရုံး)ကို ပြုပြင် ထိန်းသိမ်းဖို့ငွေက လိုအပ်တဲ့အတွက် အပေါ်ဆုံးထပ်ကိုပဲ အငှားချပေးမယ်။ အဆောက်အအုံ တစ်ခုလုံး ငှားတာမဟုတ်ပါဘူး၊ ခုငှားလိုက်တဲ့ နေရာမှာ စာကြည့်တိုက်နဲ့ ပြတိုက် လုပ်သွားမယ်၊ အောက်ထပ်မှာ တရားရုံးတွေ ဆက်ရှိနေပြီး နိုင်ငံခြားသားတွေ လာရင် ပြတိုက် စာကြည့်တိုက် အပြင် တရားရုံး၊ တရားခွင်တွေမှ တရားစီရင် နေတာတွေကို လေ့လာနိုင်အောင် ရည်ရွယ်ပြီး ဆောင်ရွက်တာပါ၊ ဒီအတိုင်းတော့ အဆောက်ဦကြီးကို ဘယ်သူ့ကိုမှ လွှဲပြောင်းပေးဖို့မရှိဘူး"ဟု
ဦးစိုးသိန်းက ပြောကြားခဲ့ကြောင်း အထက်ပါ ပုဂ္ဂိုလ်က တဆင့်ပြန်လည်ပြောပြသည်။

ထို့ပြင် ကမ်းနာလမ်းနှင့် ဘဏ်လမ်းထောင့်ရှိ စုပေါင်းရုံးအဆောက်အအုံအား ဟိုတယ်လုပ်ငန်းတစ်ခုသို့ လွှဲပြောင်း ငှားရမ်းလုပ်ကိုင်ခွင့် ပြုလိုက်ကြောင်း၊ထိုသို့ ငှားရမ်းသည့် အတွက် ငှားရမ်းခ အဖြစ် တစ် နှစ်လျင် ၁၄ ဒဿမ ၄ သန်း ရရှိမည် ဖြစ်ကြောင်းသိရသည်။

ယင်းငွေဖြင့် တရားရုံးများအား တစ်မြို့နယ်လျင် တစ်ရုံး တည်ဆောက်သွားရန် ရည် ရွယ် ထားကြောင်း ၀န်ကြီးက ထပ်မံပြောကြားခဲ့ကြောင်း၎င်းက ထပ်လောင်းပြောသည်။

သူရထွန်း - Popular Myanmar News Journal


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့