ရန်ကုန်ဘူတာကြီး၏ နံနက် ခင်းသည် ထုံးစံအတိုင်း ရှုပ်ယှက် ခတ်လှုပ်ရှားနေသည်။ မြို့ပတ်ရ ထားက ရှုးရှုးရှဲရှဲဖြင့် ထိုးဆိုက် လာသည်နှင့် လူများစွာ ဝေါခနဲ က တိုက် ကရိုက်ဆင်းလာကြသည်။ ဒီ မြင်ကွင်းက မထူးဆန်းပါ။ဘူတာ ကြီးသို့ ဝင်ထွက်သွား လာဖူးသူများအတွက် နည်းနည်းမှ မထူးဆန်း။
အကယ်၍ ထိုခရီးသည်များ ကြား သင်ဂရုတစိုက် စောင့်ကြည့် နိုင်မည်ဆိုပါက ဆံပင် ဘုတ်သိုက်၊ ညစ်ပေဟောင်းနွမ်းသော အဝတ် အစားများဖြင့် အသက်ဆယ်နှစ် ဝန်းကျင် ကလေးငယ်များကို တွေ့ ရမည်ဖြစ်သည်။ ရထားဆိုက်သည် နှင့် သူတို့ကလေးတစ်စု အလုအ ယက် ဆင်းကြမည်။ သို့သော် သူတို့လက်ဗလာသက်သက်တော့ မဟုတ်။ အထုပ်ငယ်လေးများကို ခေါင်းပေါ်ရွက်ကာ တစ်စုစီ တစ်နေ ရာစီ ဦးတည်သွားကြမည်။ တကယ်တော့ ထိုကလေးငယ် များသည် ရန်ကုန်မြို့အနှံ့ တောင်း ရမ်းစားသောက်ရန်အတွက် ဆင် ခြေဖုံးရပ်ကွက်များမှ နေ့စဉ်နံနက် တိုင်းရထားစီးကာ လာကြခြင်း ဖြစ်ပြီး သူတို့ရွက်ထားသော အထုပ် ငယ်များမှာ အိုးတိုက်ဖွဲပြာ များဖြစ် ပြီး သူတို့အတွက်အကာအကွယ် ဖြစ်သည်ဟု မြောက်ဒဂုံ ၄၈ ရပ် ကွက်တွင် နေထိုင်ပြီး အသက် ၅ နှစ်အရွယ်ရှိ မောင်ငယ်ကို လက်ဆွဲ ကာ လိုက်လံ တောင်း ရမ်းးနေသည့် အသက် ၉ နှစ်ရှိ မပုံပုံက ပြော သည်။
”အိုးတိုက်ဖွဲပြာရောင်းသလို လုပ်တာ။ အဖမ်းခံရမှာစိုးလို့”ဟု သူမက ပြောသည်။
စာသင်ခန်းအတွင်း ပညာသင် ကြားနေရမည့်အရွယ်လေးများ ဖြစ်သော်လည်း အကြောင်းပြချက် များစွာရှိနိုင်သည့် အဆင်မပြေမှုများ ကြောင့် မိဘများကိုယ်တိုင် ၄င်းတို့ သားသမီးများအား လိုက်လံတောင်း ရမ်းခိုင်းသူများရှိပါသည်။ ငွေရ လွယ်သော တောင်းရမ်းသည့်ဘဝ ကို ကလေးငယ်တချို့ ကိုယ်တိုင်က သဘောကျ ကာမိဘ များမသိအောင် တောင်း ရမ်းစားသောက်သူများ လည်းရှိနေကြကြောင်း ကလေးငယ် များထံမှ သိရပါသည်။ သို့သော် အများစုမှာ မိဘများကိုယ်တိုင်က ပညာရေး နိမ့် ပါးသည့်အတွက်စားဝတ်နေရေး အဆင်မပြေမှုကို အကြောင်းပြု၍ ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုသလို ၄င်းတို့ မွေးထုတ်ထားသော သားသမီးများ အား တောင်း ရမ်းရန် အတင်းအကျပ် ခိုင်းစေကြခြင်းဖြစ်ပြီး ကလေးငယ် များက တောင်းရမ်း ခြင်းမပြုလိုကရိုက်နှက်ခိုင်းစေကြသည့်အတွက် တောင်းရမ်းစားသောက်သူ ဘဝသို့ ရောက်ရှိသွားခဲ့သူများလည်း ရှိပါ သည်။
”မနက်ဆို ၈ နာရီထိုးတာနဲ့ မောင်လေးကို ခေါ်ပြီး အိမ်က စထွက်တယ်။ အိမ်ကမထွက်ခင် အမေက သမီးတို့မောင်နှမ နှစ် ယောက်ကို ထမင်းတော့ကျွေး လိုက်တယ်။ အိမ်ကနေထွက်တဲ့ အချိန် သူငယ်ချင်းတွေနဲ့လမ်းမှာ ချိန်းပြီး မြောက်ဥက္ကလာဘူတာကို လမ်းလျှောက်သွားတယ်။ အဲဒီ နောက် ဘူတာကနေ ရထားစီးပြီး မြိ့ထဲမှာ လိုက်တောင်းတယ်။ ည ၇ နာရီအထိပဲ။ ဒီလိုတောင်း လို့ တစ်ရက်ကို နှစ်ထောင်နဲ့ သုံးထောင် ကြားတော့ရတယ်။ ရတဲ့ပိုက်ဆံကို အိမ်ကို အကုန်ပြန်အပ်ရတယ်။ မအပ်နိုင်ရင် နောက်နေ့မနက်စား စရာမရှိဘူး။ အခုလည်း နေ့လယ် ပိုင်းတွေကတော့ ထမင်းမစားရ ဘူး။ အိမ်ပြန်ရောက်မှ နေ့လယ်စာ ပေါင်းစားရတယ်” ဟု မြောက်ဒဂုံ မှ မြို့ထဲသို့လာရောက် တောင်းရမ်းစား သောက်သူ အသက် ၁၂ အရွယ်ရှိ မထက်ထက်လွင်က စေတနာရှင်တစ်ဦးဝယ်ကျွေးသော ထမင်းကို ပလုပ်ပလောင်း စားရင်း ပြော သည်။ထိုကလေးငယ်များ၏ ဘဝ ကား ပညာကောင်းမွန်စွာ သင်ကြား ရခြင်းမရှိဘဲ အရွယ်မတိုင်မီ လမ်းမ များပေါ်ရောက်ရှိခဲ့ရသည့်အတွက် အခြားသောကလေး ငယ်များနှင့် စိတ်နေစိတ်ထား၊ စရိုက်လက္ခဏာ များ လုံးဝတူညီခြင်းမရှိဘဲ ကွဲပြား ခြားနားသည်။လမ်းပေါ်၌ တောင်း ရမ်းစားသောက်သူ ကလေးငယ် များမှာ မိဘအုပ် ထိန်းသူ ဆိုဆုံး မမှုနှင့်ဝေးကွာသည့်အတွက် စိတ် ပိုင်းဆိုင်ရာလုံခြုံမှုမရှိဘဲ ရန်လိုစိတ် များသာ လွှမ်းမိုးနေခြင်းကြောင့် ကြမ်းတမ်း ရိုင်းစိုင်းသောလက္ခဏာ များကြီးစိုးေ နကြသည်ဟု အခြေအနေမဲ့ကလေးငယ်များအား ထိန်း သိမ်းပြုစုစောင့်ရှောက်ပေးနေသည့် ပြည်ကြီးခင် အဖွဲ့မှ ဒါရိုက်တာ ဒေါ်နွယ်ဇင်အေးက ဆိုသည်။ ”ဒီလိုကေ လးတွေ အများစုက လမ်းပေါ်ရောက်သွားတဲ့အခါ သူတို့ ကိုသွန်သင်မယ့်သူ မရှိတဲ့အတွက် အပေါင်းအသင်းတွေမှားပြီး သူများ လုပ်တာကို လိုက်လုပ်တာတွေ၊ ကော်ရှူ တာတွေစတဲ့ မကောင်းတဲ့ အပြုအမူတွေကို လုပ်ဖို့လွယ်သွား တယ်။ ဒါကြောင့် သူတို့တွေကြားမှာ တစ်ဦးနှင့်တစ်ဦးကြား လိင်ပိုင်ဆိုင် ရာ အကြမ်းဖက်မှုတွေ၊ ရောဂါ မကာကွယ်နိုင်ဘဲ HIV ကူးစက် ခံရတာတွေ၊ ကော်ရှူတာတွေ ဖြစ် လာတဲ့အပြင် လူကုန်ကူးသူတွေက လည်း ဒီလိုကလေးတွေကိုပစ်မှတ် ထားပြီးအများဆုံး လူကုန် ကူးကြ တာများတယ်ဟု ၄င်းက ဆိုသည်။ နောက်တစ်ပိုင်းကတော့ ဒီလိုမှ မဟုတ်ဘဲ တောင်းရမ်းစားသောက် ရင်း အရွယ်ရောက်လာတဲ့ မိန်းက လေးငယ်အများစုကလ ည်း လိင်မှု ကိစ္စတွေနဲ့ ပတ်သက်ပြီး လမ်းမှား ကို ရောက်ကုန်ကြတာများတယ်”ဟု၎င်းကထပ်လောင်းပြောသည်။
ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် တောင်းရမ်းစားသောက်သူ ပပျောက်ရေး
ယခင်အစိုးရ လက်ထက်က ရန်ကုန်၌ တောင်းရမ်းစားသောက် သူများပပျောက်စေရန် တောင်းရမ်း စားသောက်သူများအား စည်ပင်ရဲ မှဖမ်းဆီး၍ အသက် ၁၈ နှစ်ထ က် ကျော်လွန်သူများအား ဖမ်းဆီးကာ ထောင်ချခြင်း၊ အသက် ၁၈ နှစ် မပြည့်သေးသောကလေးငယ်များ အား လူမှုဝန်ထမ်းဦးစီးဌာန လက် အောက်ရှိ လူငယ်သင်တ န်းကျောင်း များသို့ ပို့ဆောင်ခြင်းများ ပြုလုပ်ခဲ့ သော်လည်း အစိုးရသစ်ပြောင်းလဲ ချိန၌ တောင်းရမ်းစားသောက်သူ များအား ဖမ်းဆီးအရေးယူမှုမှာ အတန်အသင့်လျော့ နည်းသွားခြင်း နှင့်အတူ တောင်းရမ်းစားသောက် သူများပိုများလာခြင်းကြောင့် တိုင်း ဒေသကြီးဝန်ကြီးချုပ်မှ စီမံချက် ချကာ အရေးယူခိုင်းထားကြောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးတင်ဇော်မိုးက ပြော သည်။”လူမှုဝန်ထမ်းဦးစီးဌာနအနေ နဲ့ကတော့ စည်ပင်ရဲကဖမ်းပြီး လာ ပို့တဲ့ကလေးတွေကို စာရိတ္တပိုင်း ဆိုင်ရာ ပြုပြင်ပေးပြီး ပညာသင် ပေးဖို့ ကျိုက်ဝိုင်း၊ သန်လျင်နဲ့ ငှက်အော်စမ်းမှာရှိတဲ့ လူငယ် သင်တန်းကျောင်းမှာ ထိန်းထားပေး တယ်။ ပညာသင်ဖို့ခက်တဲ့ကလေး တွေ ကျတော့ အသက်မွေးဝမ်း ကျောင်းပညာတွေ သင်ပေးတယ်။ ဒါပေမဲ့ သူတို့အတွက် အလုပ်တော့ ရှာမပေးနိုင်ဘူး။ သင်တန်းကျောင်း တွေမှာသာ စည်းကမ်းနဲ့နေရပြီး ပိုက်ဆံလည်းမရတဲ့အခါကျတော့ ထွက်ပြေးတဲ့ ကလေးတွေလည်း ရှိတယ်။ နိုင်ငံ တော်အပိုင်းတွေအနေ နဲ့ ဒီလိုလေလွင့်ကလေးငယ်တွေကို ထိန်းသိမ်းရတာက သူတို့ကိုမထိန်း သိမ်းဘဲ ဒီအတိုင်းထားရင် ကြီးလာ တဲ့အခါ လူဆိုးသူခိုးတွေ ဖြစ်သွား မှာစိုးလို့”ဟု ¤င်းကရှင်းပြသည်။
တောင်းရမ်းစားသောက်သူ အများစုအား ဖမ်းဆီးအရေးယူရာ ၌ ယခင်က ထိုတောင်းရမ်းစား သောက်သူများမှာ အိမ်ခြေယာမဲ့ များသာ များသော်လည်း ယခုအခါ ဆင်ခြေဖုံးမြို့ နယ်များဖြစ်သော သန်လျင်၊ သာကေတ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ရွှေပြည်သာနှင့် လှိုင် သာယာမြို့နယ်များတွင် နေထိုင်သူ များသာ ဖြစ်ကြကြောင်း၊ ၄င်းတို့မှာ ဖမ်းဆီး အရေးယူသော်လည်း အပြစ် ဒဏ် ကျခံနေရာမှ ပြန်လည် လွတ်မြောက်ပါက ပြန်၍ တောင်း ရမ်းစားသောက်ကြသည်အ တွက် တောင်းရမ်း စား သောက်သူများ လုံးဝပပျောက်ရေးအတွက် မဖြေ ရှင်းနိုင်သောအခက် အခဲတစ်ရပ် ဖြစ်လာသည်ဟု မြို့တော်စည်ပင် စည်းကမ်းထိန်း သိမ်းရေးဌာနမှ ရဲအရာရှိကြီး တစ်ဦးက ပြာသည်။ဝါးပိုးဝါးကို လမ်းမထက် ခေါက်ရင်း နာမည်ကျော်အဆိုတော် များ၏ တေးသီချင်းများအား တကြော်ကြော်သီဆိုကာ အသက် ၄ နှစ်အရွယ်မှ စ၍ လိုက်လံ တောင်းရမ်းခဲ့ရသူကိုရန်နိုင်က”စား ရေးသောက်ရေး အဆင်မပြေလို့ သာ တောင်းစားနေရပေမယ့်အရွယ်ရောက်လာတော့ ကျွန်တော် တို့လည်းရှက်တယ်ဗျ။ ဒီလိုမှမ တောင်းစားရင်လည်း ကျွန်တော် တို့ငတ်နေတာကိုဘယ်သူကထမင်း လာကျွေးမှာတုန်း။ ကျွန်တော်ရဲ့ ညီတွေ ညီမတွေကို ဘယ်သူ ကျောင်းလာထားပေးမှာ လဲ။ အခု ကျတော့ သူများဆီကမခိုးမဝှက်ဘဲ ရိုးရိုးသားသားမရှိလို့ တောင်းစား တဲ့သူတွေကို ဖမ်းပြီးထောင်ချတယ်။ ကလေးတွေကိုကျတော့ မိဘမဲ့ ဂေဟာ ပို့ပစ်တယ်။ တချို့မိဘတွေ ဆို သူတို့သားသမီးတွေ အဖမ်း ခံရတာ မသိဘဲ လိုက်ရှာရင်း ဒီ ဘဝရောက်သွားတာတွေလည်းရှိ တယ်ဟု ဆိုသည်။စည်ပင်ရဲတပ်ဖွဲ့ဝင်များအနေ ဖြင့် ၄င်းတို့အား ဖမ်းဆီးရာ၌ ၄င်းတို့တောင်းခံရရှိသောငွေကြေး နှင့် တောင်းရမ်းရာ၌ အသုံးပြုသော ပစ္စည်းများကို သိမ်းဆည်းကာ ပြန် လွှတ်ပေးသူများ ရှိသကဲ့သို့ ဖမ်းဆီး ထောင်ချခြင်းများလည်း ရှိကြောင်း၊ ထို့ကြောင့် ဖမ်းဆီးထောင်ချခံရ သည့် တောင်းရမ်းစားသောက်သူ အများစုမှာ အကျဉ်းထောင်မှ ပြန် လည်လွတ်မြောက်လာ ပါက သူ တောင်းစားဘဝမှ သူခိုးဘဝသို့ ရောက်ရှိသွားသူများလည်း ရှိတတ် ကြောင်း တောင်းရမ်းစားသောက်မှု ဖြင့် ထောင်နှစ်ကြိမ်ကျခံရဖူးသူ ကိုရန်နိုင်က ထပ်မံပြော သည်။
ပတ်ဝန်းကျင်ကြောင့်လော သို့မဟုတ် . . .
မိဘ၏ ရင်ခွင်တွင် ရှိနေရ မည့်အစား လမ်းမများထက် လိုက် လံ တောင်းရမ်းစားသောက်နေရ ခြင်းမှာ စီးပွားရေးကို အခြေခံ သောဆင်းရဲမွဲတေမှု၊ မိဘအုပ်ထိန်း သူ များ၏ ပညာနိမ့်ပါးမှုနှင့် ကလေး များ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်မကောင်းမှုများကြောင့်ဟု ဆို လျှင် မှားမည်မထင်။ ပြည့်စုံသော ကလေးများနည်း တူ အစား အသောက် ကောင်း ကောင်းမွန်မွန် စားသောက်လိုခြင်း၊ ပန်းခြံ၊ ကစားကွင်းစသော နေရာ များ၌ သွားရောက်ဆော့က စား လိုခြင်း၊ စာသင်ခန်းအတွင်း အေး ချမ်းစွာ ပညာသင်ကြားလိုသော် လည်း မိဘများ၏ စီးပွားရေး အဆင်မပြေမှုကြောင့် ငွေရလွယ် သောထိုအလုပ်ကို လုပ်ကိုင်နေရ ခြင်းများလည်း ရှိနေကြသည်။ ၄င်း အပြင် အချို့သော ကလေးငယ်များ မှာမူ မိဘအုပ်ထိန်းသူ ကိုယ်တိုင်က ၄င်းတို့အား မျောက်ပြဆန်တောင်း သကဲ့သို့ အတင်းအကျပ် တောင်း ရမ်းခြင်းနှင့် တောင်းရမ်းခြင်း မပြုပါက ညှဉ်းပန်းရိုက်နှက် ခြင်း၊ ထမင်းမကျွေးဘဲ အငတ်ထားခြင်း စသောအပြုအမူများကို ကျူးလွန် နေကြောင်း၊ ထို့ထက်ပို၍ ဆိုးရွား သည်မှာ အချို့သော မိဘများ မှာ ၄င်းတို့၏ သားသမီးများအား နေ့ တွက်ခဖြင့် အခြားသူများအား ငှားရမ်းကာ တောင်းရမ်းခိုင်းစေခြင်း များရှိနေသည်ဟု တောင်းရမ်းစား သောက်သူ ကလေးငယ်များ ထံမှ သိရသည်။”တချို့ကျတော့ မိသားစုစား ဝတ်နေရေး ခက်ခဲလို့ တောင်းရမ်း စားသောက်တာရှိသလို တချို့ က လေးတွေ ကျတော့ ပေါ့ပေါ့နေ ပေါ့ပေါ့စားချင်တဲ့စိတ် နဲ့ လမ်းဘေး မှာ နေတဲ့သူတွေနဲ့ ပေါင်းသင်း မိရာကနေ မိဘတွေမသိအောင် တောင်းစားရင်းလမ်းဘေးအိပ်၊ လမ်းဘေးစားသူတောင်းစား ဘဝ ကို ရောက်သွားတာ မျိုးတွေလည်း ရှိတယ်။ အဲဒီလို ကလေးတွေကျ တော့ အချိန်တန်အရွယ်ရောက် လာတဲ့အခါ ဒီလိုတောင်းစားတာ မကောင်းမှန်းသိပြီး လူကောင်းဘဝ ရောက်သွားနို င်ပေမယ့် မိဘက အတင်းအကျပ် တောင်းခိုင်းတဲ့ ကလေးမျိုးကျတော့ ကလေးရဲ့ ခေါင်းထဲမှာ တောင်းရင်ရတာပဲ ဆိုတဲ့အတွေးက စွဲသွားပြီး ဒီဘဝ က ကျွတ်မှာ မဟု တ်တော့ဘူး။ ဒီကလေးမျိုးက ကြီးလာရင်လည်း လူကောင်းဖြစ်လာမယ်လို့ မပြော နိုင်ဘူး။ ကျွန်တော်ကတော့ ဒါကို တွေးမိပြီးကျွန်တော့်ရဲ့ညီတွေ၊ ညီမတွေကို အတော င်းမခိုင်းတော့ ဘဲ ကျောင်းတက်ခိုင်းတယ်”ဟု ကိုရန်နိုင်က ရင်ဖွင့်သည်။ရတနာ့ မေတ္တာကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်ဆွေက ”ဒီလို ကလေး တွေက များသောအားဖြင့် စာမ တတ်ကြတော့ စရိုက်လည်းကြမ်း တမ်း။ နောက်ပြီး ပတ်ဝန်းကျင်က လည်း သူတို့ကို အလေးမထားသလို သူတို့ကလည်း
ပတ်ဝန်းကျင်ကိုပြန် ပြီး အလေးမထားတော့ဘဲ သူတို့ ကျင်လည်ရာဘဝထဲမှာပဲ ပျော်နေ ကြတာများတယ်။ အရွယ်ရောက် လာတဲ့အခါကျတော့ တောင်းရမ်း တဲ့အလုပ် ကို မလုပ်ချင်တော့ဘဲ ငွေရလွယ်တဲ့အလုပ်ကို ပြောင်း လုပ်ချင်လာတတ်ကြတယ်။ အဲဒီလိုအချိန်မျိုးမှာ ဒုစရိုက်သမားတွေနဲ့ တွေ့ပြီး ယောက်ျားလေးတွေဆို ခိုး၊ ဆိုး၊ နှို က်တွေ ဖြစ်ကုန်ကြသလို မိန်းကလေးတွေ ဆိုရင်လည်း လူ ကုန်ကူးခံရတာတို့၊ ပြည့်တန်ဆာ ဘဝကို ရောက်သွားတာတို့အထိ ဖြစ်လာကြတယ်”ဟု ဆိုသည်။
အခြေအနေမဲ့ဘဝမှသည် . . .
မြန်မာနိုင်ငံလူကုန်ကူးမှု တိုက် ဖျက်ရေး (ဗဟို)မှ တာဝန်ရှိသူတစ် ဦးကလူကုန်ကူးမှု ပြဿနာကိုအပူ တပြင်းဆောင်ရွက်လျက် ရှိသော် လည်း တောင်းရမ်း စား သောက်နေ ကြသည့်ကလေးသူတောင်းစားများ ၏ ပြဿနာကိုပါ တစ်ပြိုင်တည်း ဖြေရှင်းပေးရန်လိုအပ်လျက်ရှိ ကြောင်း၊ လူကုန်ကူးသူများသည် လမ်းမများထက် တောင်းရမ်းစား သောက်နေသော ကလေးငယ်များ အား ပစ်မှတ်ထား စည်းရုံးသိမ်းသွင်း ၍ လိင်ဖျော်ဖြေရေး လုပ်ငန်းနှင့် နယ်စပ်ဖြတ်ကျော် တောင်းရမ်းစား သောက်ခြင်းလုပ်ငန်းများ ပြုလုပ် ကာလူကုန်ကူးမှု အားကျူးလွန် လျက်ရှိကြောင်း ပြောသည်။ မြန်မာ နိုင်ငံမှ နယ်စပ်ဖြတ်ကျော် ကလေး သူတောင်းစားများကို အများ အား ဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ တို့တွင်တွေ့ရှိနေရပြီး ကလေးငယ် တစ်ဦးလျှင်ဘတ် ၂ဝဝဝ မှ ၂၅ဝဝ ကြားအထိထိုင်းနိုင်ငံ၌ ရောင်းစား ခံနေရခြင်းရှိသကဲ့သို့ တရုတ်နိုင်ငံ၌ ယွမ်ငွေ ၄ဝဝဝ မှ ၄၅ဝဝ ကြားဖြင့် ရောင်းစားခြင်းများ ခံနေရကြောင်း ၄င်းက ဆိုသည်။”ကလေးသူတောင်းစားတွေ ရဲ့ အခြေအနေက နောက်ဆုံးမှာ လူကုန်ကူး ခံရဖို့ အခွင့်အလမ်း အများဆုံးပဲ။ အခု ကလေးသူငယ် အခွင့်အရေး ကာကွယ်ဖို့ဆိုပြီး လုပ် နေကြတဲ့အချိန်မှာ တခြား ကလေးတွေရဲ့ ကိစ္စသာမက ဒီလို ကလေး သူတောင်းစားတွေရဲ့ အရေးကိစ္စကိုလည်း တာဝန်ရှိတဲ့ သူတွေကရော အရပ်ဘက်လူမှု အဖွဲ့အစည်းတွေပါဝိုင်းပြီး ဖြေရှင်း မှပဲ ဒီကလေးတွေကို လူကုန်ကူး ခံရမှုကနေ ကာကွယ်နိုင်မယ်”ဟု ၄င်းက ဆိုသည်။
တောင်းရမ်းစားသောက်သူ ကလေးငယ်များ ပြဿနာ မည်သို့ဖြေရှင်းမည်နည်း
မြန်မာနိုင်ငံ၌ ကလေးသူငယ် များအရေးအတွက် တာဝန်ယူထား သော ပြည်တွင်းပြည်ပအဖွဲ့အစည်း များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ ရှိသော်လည်း တောင်းရမ်း စား သောက်နေသော ကလေးငယ်များ ၏ ဘဝရှင်သန် ဖွံ့ဖြိုးရေးအတွက်သီးခြားတာဝန်ယူစောင့် ရှောက်ပေး နိုင်မည့် ဌာနဆိုင်ရာအဖွဲ့အစည်းမှာ တိကျစွာမရှိသေး သည့်အပြင် ကုလ သမဂ္ဂမှထုတ်ပြန်ထားသည့်ကလေး သူငယ်များ၏ရပိုင်ခွင့် အခွင့်အရေး များနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် ထိုကလေးငယ် များအား စောင့်ရှောက်ရန် အစီ အစဉ်ပါဝင်ခြင်း မရှိသည့်အတွက် လေလွင့်ကလေးငယ်များ၏ ဘဝ ကား လမ်းစမဲ့။ လက်ရှိ၌ ကလေးသူ ငယ်စောင့်ရှောက်ရေးနှင့် သက် ဆိုင်သော ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများ၊ ဌာနဆိုင်ရာများမှ ဆောင်ရွက်နိုင်သည်မှာ လည်း တောင်းရမ်းစားသောက်သူ ကလေး ငယ်များနှင့် ၄င်းတို့၏မိဘများအား ပညာပေးရန်မှလွဲ၍ အခြားမရှိ။ အမှန်ကို ဆိုရပါလျှင် ပေါက်ပင်ဘာ ကြောင့် ကိုင်းရသည် ဆိုသော စာလို အားလုံးတွင် ပြဿနာကိုယ်စီ ရှိကြပါလိမ့်မည်။ လူစည်ကားရာ လမ်းနေရာများတွင်လက်ဖဝါးဖြန့် ရင်း အတင်းတွယ်ကပ်တောင်းနေ သော ကလေးများကို တွေ့သည့် အခါ သင်စိတ်ပျက်သွားနိုင်သည်။ သို့မဟုတ် သင့်အိတ်ထဲမှ တန်ဖိုး အနည်းဆုံး ပိုက်ဆံကိုရှာကာ ပေး ကောင်းပေးလိုက်နိုင်သည်။ အချိန် အနည်းငယ်ရပါက သူတို့ကို ငေး မောရင်းစိတ်မကောင်းလည်း ဖြစ် နိုင်ပါသည်။ သို့သော် ကျွန်တော်တို့ ဒီ့ ထက် ဘာမှမတတ်နိုင်ခဲ့သည်မှာ ကြာမြင့်ခဲ့သည်ဖြစ်သည်။ အနာဂတ် ပျောက်ဆုံးနေသော ကလေးငယ် များ၏ အရေးသည် အစိုးရတစ်ခု တည်းတွင် သာ တာဝန်ရှိသည်ဟု မထင်။ လူ့အဖွဲ့စည်းတစ်ခုလုံးနှင့် သက်ဆိုင်သည်မို့အားလုံးပူးပေါင်း အဖြေရှာရန် လိုအပ်ပါသည်။ထိုသို့မဟုတ်ပါက ခရီးသည် တင်ယာဉ် ဘတ်စ်ကားများကို စာ ရွက်များဖြန့်ဝေကာ တောင်းရမ်း စားသောက်နေရရှာသော၊ အိုးတိုက် ဖွဲပြာအိတ်အား ခေါင်းပေါ်ရွက်၍ တစ်လမ်းဝင် တစ်လမ်းထွက်ကာ စားေ သာက်ဆိုင်များ၊ လက်ဖက် ရည်ဆိုင်များတွင်လိုက်လံတောင်း ရမ်းနေရရှာသော၊ လူစည်ကားရာ ကားဂိတ်၊ ဘုရားနှင့် ပန်းခြံများ အတွင်း ‘ထမင်းဖိုးလေး ပေးခဲ့ပါ’၊ ‘မုန့်ဖိုးလေး ပေးခဲ့ပါ’ ဟု တကြော် ကြော်တောင်းရမ်းနေရှာသည့် ထိုကလေးများ၏ အနာဂတ်သည် ကား …
သူရထွန်း၊ ပြည့်ဖြိုးကျော်၊ မေဇင်ဝင်း
by Popular Myanmar News Journal
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Thursday 4 October 2012
အနာဂတ်မဲ့ နေလောင်ပန်းလေးများ
အမျိုး အမည်..များ
ပြည်တွင်းသတင်းများ,
သတင်းများ..
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
October
(1076)
- မျက်လှည့်ကမ္ဘာ,
- မျက်လှည့်ကမ္ဘာ
- ထူးဆန်းထွေလာ...ပုံလေးများ
- SWF FLV to MP3 Converter 3.0.0.569 | 1.35 MB
- CCleaner Professional + Business Edition 3.23.1823...
- Angry Birds Space v1.3.0 Mars the Red Planet for PC
- Photoshop အသုံးပြုပြီး ပုံပြင်လိုသူများအတွက် (အခြေ...
- ချစ်သူပြန်လာမဲ့လမ်း
- အချစ်ပန်းခင်း
- ဓာတ်ပုံလေးတွေအလှပြင်ဖို့
- မိုးတွေသည်းရင် ငိုချင်တယ်
- ငါ ကျေနပ်ပါတယ်
- ` စောင့်နေနော်...´
- ငါ.ကိုယ်ငါမုန်းတယ်
- ဝေလဲမဝေ ကြွေဘဲ ကြွေ သွားတဲ့ပန်း
- ငါမသိတဲ့ အချိန်.
- ((((((( သီတင်းကျွတ် လပြည့်နေ့ )))))))
- Android ဖုန်းများတွင်ကစားနိုင်မည့် “ငတက်ပြား” အမ...
- C8812 နဲ့ U8818 အတွက် Root လုပ်နည်း
- Huawei U8850 ကို အမြန်ဆုံးနှုင့် အလွယ်ကူဆုံး root ...
- တမ်းတခြင်း
- Advanced SystemCare Pro 6.0.7.160 Final | 18.99 MB
- Internet Download Manager 6.12 Build 23 Final | 4....
- မိန်းမတို့၏ကောင်းခြင်း(၅)ဖြာ
- 31.10.2012 သတင်းစာများ ရယူရန်
- ဘင်္ဂါလီမူဆလင်လွှတ်တော်အမတ် ဦးရွှေမောင်နှင့် ရခိုင်ပညာ...
- မလေးသွားမှောင်ခိုဘုတ် နစ်မြှုပ်၍ (၁၂၈)ဦးအနက် (၁၂၂)...
- တိုင်းရင်းသား လုပ်ငန်းရှင် ကုမ္ပဏီ ၄၀၀ ခန့် မှတ်ပုံ...
- ရတနာပုံ တယ်လီပို့ အများပိုင် ကုမ္ပဏီ ပြောင်းမည်
- ၂၀၃၀ အထိ ဝင်ငွေအနိမ့်စားနိုင်ငံ စာရင်းဝင် ဖြစ်နေမည...
- ရခိုင်ပြည်နယ်ကို တပ်မတော် စတင်အုပ်ချုပ်
- ရန်ကုန် လေဆိပ် မြှင့်တင်ရေးလုပ်ငန်း ပုဂ္ဂလိက စိတ်ဝင...
- ရန်ကုန်တွင် ယာဉ်လိုင်းသစ်များ ထပ်တိုးရန်ရှိ
- ရန်ကုန်မြို့ပြရဲ့ ခေတ်သစ် သီတင်းကျွတ်ည
- စစ်တွေ ရောက် ဒုက္ခသည်များ နေရပ်ရင်းပြန်ပို့ရန် စီစဉ်
- ရခိုင်အရေးသည် ပြုပြင်ပြောင်းလဲရေး အတွက် နိမိတ်ဆိုး
- ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြင်ဆင်ရေး NLD အဆိုတင်မည်
- ဆွစ်ဇာလန်သံရုံး ရန်ကုန်တွင် ဖွင့်မည်
- မှောင်ခို ကုန်ပစ္စည်းများ ဖမ်းတော့မည်
- အကောက်ခွန်ဝန်ထမ်း ၁၅ ဦးထက်မနည်း ထပ်မံအရေးယူခံရမည်
- တရုတ်များက ရေအားလျှပ်စစ်ကို အကြောင်းပြပြီး လေးမြို...
- ရခိုင်ဒုက္ခသည် ၃၀၀၀ ခန့် မြောက်ဦး ဘုန်းတော်ကြီးကျော...
- အငြင်းပွားခဲ့သော ခရီးသွားလုပ်ငန်းရှင်များအသင်း အလု...
- မြန်မာအစိုးရ ပြည်ပဘဏ်များတွင် ဒေါ်လာ ခြောက်ဘီလီယံအပ...
- အလုပ်အကိုင် အခွင့်အလမ်းနှင့် ခြေလွတ်လက်လွတ် အိပ်မက...
- ပြည်ပကြွေးမြီ ဆယ်လအတွင်း ဒေါ်လာ လေးဘီလီယံတိုး
- စွပ်စွဲမှုများအတွက် ဥပဒေနှင့်အညီပြန်လည်ရုပ်သိမ်းခဲ့...
- ဖားကန့် ၌ ငြိမ်းချမ်းပါစေ မီးပုံးလွှတ်တင်ခဲ့သော်လည်...
- မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ADSL စနစ်အသုံးပြုလိုသူ...
- တရုတ်သို့ပိုရန် ဆမ္မဆယ်၌ နွားကောင်ရေ (၅၀၀)ကျော် ရော...
- ရခိုင်ပြည်နယ်တွင် စစ်အုပ်ချုပ်ရေး မလိုလားဟုဆို
- ရန်ကုန်တွင် မင်းမဲ့စရိုက်ဆန်ဆန်လူသတ်မှု ပိုများလာ
- မြန်မာသို့ ရိုက်ခတ်လာသော K-Pop
- အရွယ်မရောက်သေးသော မြေးကို အဘွားဖြစ်သူက ပြည့်တန်ဆာ ...
- ရခိုင်အရေး မြန်မာသံတမန်ကို ဗြိတိန်နိုင်ငံခြားရေးဌာ...
- ဘုန်းကြီးကျောင်းအမှု ရွာပတ်နေ
- နိုဝင်ဘာလ ၁ ရက်နေ့ ထုတ် The Hot News Weekly Vol-3,...
- အောက်တိုဘာ ၃၀ ရက်နေ့ထုတ် First Eleven Sports Journ...
- စန္ဒီ ဟာရီကိန်းကြောင့် နယူးယောက် အထိနာ
- မွတ်ဆလင်တွေကို မောင်းထုတ်တဲ့ ဆန္ဒပြမှု ရဲက ပစ်ခတ် နိ...
- အမေရိကန်အရှေ့ဘက်ဒေသ ဟာရီကိန်းမုန်တိုင်းကြီး တိုက်ခတ်
- ရခိုင်အရေး နိုင်ငံတကာကြားဝင်ဖို့ အာဆီယံ တောင်းဆို
- အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၂၈
- မဇ္ဈိမ အပတ်စဉ် ဂျာနယ်၊ အတွဲ (၁)၊ အမှတ် (၆)၊ အင်္ဂါနေ့...
- ငြိမ်းချမ်းရေး ဆွေးနွေးသည့် နေ့ ဖားကန့် တွင် တိုက်...
- ကျောက်နီမော်တွင် ရခိုင်ဒေသခံ များကို ရဲတပ်ဖွဲ့မှ ပ...
- ကျောက်နီမော်လူထု တောင်းဆိုချက်(၃)ချက် အာဏာပိုင်တို...
- ခုနှစ်ရက်သားသမီးများအတွက် ( ၂၉.၁၀.၁၂ ) မှ ( ၄.၁၁.၁...
- ပုံလေးတွေကို Frames Design လှလှလေးတွေပုံဖော်ကြည့်ရ...
- ပေးဆပ်ချစ်သူ
- သင် နှင့်သင့်ချစ်သူရဲ့အချစ်ရေးအဆင်ပြေဖို့အတွက်ဒါေ...
- ချစ်တက်သူတိုင်း သိသင့်သည့်အရာ
- samsaunggalaxy note, s3 တွေ အတွက် မြန်မာစာ အဆင်မြေ...
- iphone jail break လုပ်နည်းမြန်မာလို
- Folder Lock 7.1.6 | 8.85 MB
- အိမ်ထောင်ဆိုတာ
- အချစ်ကိုမသိသောကောင်လေး
- အဖြစ်ဆိုးခဲ့တဲ့ ၈ တန်းကျောင်းသူလေး
- ကျောက်နီမော် အခြေအနေ တင်းမာ
- လိုင်စင်ဘောင်ကျော်ပြီး ဖော်ပြသည့် ဂျာနယ်များကို အေ...
- အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့များကို လုပ်ပိုင်ခွင့်ပေးရ...
- » ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် အခင်းစတ...
- » ဟာရီကိန်းမုန်တိုင်းကြောင့် အမေရိကန်နှင့်ကနေဒါတွင...
- ကချင်စစ်ရေးတွင် ကာကွယ်ရေး ဦးစီးချုပ်က သမ္မတ အမိန့်က...
- ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းစဉ်အတွင်း တပ်မ...
- ရခိုင်ပြည်နယ် အကြမ်းဖက်မှု သေဆုံးသူ ဦးရေတိုးလာ
- ကော့ကရိတ်မြို့ တွင်းရှိ ဗလီ ဗုံးခွဲခံရ
- » ရခိုင်အရေးတွင် မျိုးချစ်စိတ်ရှိသင့်သည်ထက်လွန် ဟုဆို
- အမေရိကန်အရှေ့ခြမ်း စန္ဒီမုန်တိုင်းဘေး ရင်ဆိုင်ဖို့ ...
- SSA နဲ့ မြန်မာအစိုးရကြား မူးယစ်တိုက်ဖျက်ရေး သဘောတူ...
- အစ်ဒ်နေ့ ဆီးရီးယားအပစ်ရပ် ချိုးဖောက်မှု ထိပ်တန်းသံတ...
- နင့်တို့ရေကို ခွေးတောင်မသောက်ဘူး
- အခန်း ပေါင်း ၅၀၀၀ ခန့်ပါ တန်ဖိုးနည်း အိမ်ရာစီမံကိန...
- အစိုးရနဲ့ကေအိုင်အိုအကြား အကြိုညှိနှိုင်းမှုမလုပ်န
- ကော့ကရိတ်မြို့ဗလီကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်
- ^_^ရေမြေခြားတဲ့ ချစ်သူ...^_^
- သံသရာဝဋ်ကြွေးဆိုတာ
- သိနိုင်ပါရဲ့လားကြားနိုင်ပါရဲ့လားးးးးးးးနော်
- မိန်းမတွေရဲ့  တန်ဖိုး
- *** လောကဓံ ( ၈ ) ပါး ဆိုတာ ***
-
▼
October
(1076)
No comments:
Post a Comment