Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 2 October 2012

တာမွေမြို့ နယ် ကျားကွက်သစ်မှာ လူကြီးသား/သမီးများ မူးယစ်ရမ်းကားမှု

သို့
ကိုရေ.................

သတင်း တစ်ခု ပေးချင်ပါတယ်။ ကျွန်တော်တို့က တာမွေမြို့နယ်၊ ကျားကွက်သစ် ရပ်ကွက်၊ မဂ္ဂင်လမ်း မှာ နေ ကြပါတယ်။

ကျွန်တော်တို့လမ်းကို ကွန်ကရစ်လမ်း အသစ် ခင်းနေပါတယ်။ လမ်းအသစ် ခင်းနေတဲ့ အတွက် ကား ဆိုင်ကယ် နှင့် စက်ဘီးများ ဝင်ခွင့်မပြုဟု သတိပေး တားမြစ်ထားပါတယ်၊ အောက်တွင် ပါသော ပုံ(၁) တွင် ကြည့်ပါ။

အခင်းဖြစ်ပုံမှာ လွန်ခဲ့သော စက်တင်ဘာလ ၃ဝ ရက် နံနက် (၁း၂ဝ) အချိန် လူငယ်(၄)ယောက် မိန်းကလေး (၂)ယောက်ပါသော super roof van ce106 ဖင်ကောက် တစ်စီးက လမ်းတွင်ပိတ်ဆို့ထား သော အုန်း တုံး များနှင့် တန်းများကို တိုက်ကာ ဝင်လာပါတယ်။

ကားနံပါတ်မှာ ရှေ့ဘက်တွင် ၁ခ/၁၃ဝ၇ ဖြစ်ပြီး အနောက်ဘက်တွင် ၁ခ/၁၃၁၇ ဖြစ်အောင်ပြင်ဆင်ထားပါတယ်။ ပုံ (၂) နှင့် (၃) တွင်ကြည့်ပါ။

လူငယ်များ တားဆီးသော်လည်း ဂရုမစိုက်ဘဲ ဆက်မောင်းသောကြောင့် လူငယ်များလည်း ခုန်ရှောင်လိုက်ရပါတယ် လမ်းရဲ့ကျန်တဲ့တစ်ဘက် ခြမ်းကခင်းလို့မပြီးသေးတဲ့အတွက် ကျောက်ပုံများ သဲပုံများရှိသောကြောင့်ဆက်သွားလို့မရပါဘူး။

အဲဒီအချိန်မှာ ကားက နောက်ဘက်ကို ပြန်ဆုတ်လာပြီး လမ်းအလယ်က ယာယီတဲနဲ့ ဝင်တိုက်မိပါတယ်။ လမ်းထဲမှာမီးကလည်း ပျက်နေတဲ့အချိန်ဖြစ်ပါတယ်။ လမ်းသူလမ်းသားများ က တိုက်များပေါ်မှ ဝိုင်းဝန်းအော်ဟစ် တားဆီးကြပါတယ် ဒါပေမဲ့ သူတို့ကားပေါ်မှ ယောင်္ကျားလေး (၄)ယောက် ဆင်းလာပြီး ယာယီတဲကို ရိုက်ချိုး၊ ကြံခိုင်ရေးမှ ကူညီခင်းသောကြောင့် ထောင်ထားသော အလံများကိုလည်းရိုက်ချိုးပါတယ်။ ပုံ (၄) (၅) (၆)တွင်တွေ့နိုင်ပါတယ် ။

သူတို့အားလုံး မူးနေကြပါတယ် ။ လမ်းသားများကိုလည်း ညစ်ညမ်းစွာ ဆဲဆို ပြီး လူကြီးသားကွ မင်းတို့လမ်းသား တွေ မိုက်တဲ့ကောင်ထွက်ခဲ့ ဟု စိန်ခေါ်ပါတယ်။ လမ်းရာအိမ်မှူး က အေးဆေးစွာပဲ ငါ့ညီတို့ မင်းတို့ဘာဖြစ်တာလဲ အစ်ကိုက ရာအိမ်မှူးပါဟု ပြောသော်လည်း ၊ မင်းလို ရာအိမ်မှူးလောက် ကို ဘာဂရုစိုက်ရမှာ လဲ လူကြီးသား ကွဟု ပြောကာ ဆဲဆိုပြီး နှစ်ယောက်က ကားပေါ် ပြန်တက်၍ကားကို ဆက်လက် နောက်ဆုတ်ပါတယ် ။

မီးမှောင်နေသောကြောင့် လမ်းကို ဖြတ်သော ကွန်ကရစ်ဖြတ်စက် ကို ကားနောက်ဘက်ဖြင့် တိုက်မိပါတယ်။ လမ်းထဲမှ လူငယ်များထွက်လာပြီး ကားကို ရပ်ခိုင်းသော်လည်း ရပ်မပေးဘဲ နောက်ဘက်ကို ဆက်ဆုတ်ပါတယ် လမ်းထိပ်ဘက် အရောက် မှာတော့ ပိတ် ဆို့ထားသောအုန်းတုံး များနှင့်တိုက်မိပြီး ဆက်မောင်းလို့ မရ ဘဲရပ်သွားကာ ကား ဘီးမှာ အောက်မှ ကွန်ကရစ် များ ကာရံထားသောအုန်းတုံး များဖြင့်ညိ၍ မောင်းလို့မရတော့ပါဘူး။

လူငယ်များမှ ဝိုင်းဝန်းပြီး တားကာ ကားထဲမှ သော့ကို ဖြုတ်ယူသော အခါမှ ကားကို ရပ်လိုက်ပြီး လမ်းလူကြီးများ လည်းရောက်ရှိလာကာ လမ်းလူငယ်များ လက်လွန်ခြေလွန်ဖြစ်မည် စိုး သော ကြောင့် တားဆီးပြီး ရဲစခန်းသို့ ရာအိမ်မှူးအားဖုန်းဆက် အကြောင်းကြား ခိုင်းပါတယ်။ ရဲသုံးယောက် ရောက်လာ သော အခါ လူကြီးသားဟုအော်သော အင်္ကျီအဖြူ ဝတ်ထားသော တစ်ယောက် နှင့် နောက် ထပ်အင်္ကျီအမဲ ဝတ်ထားသော တစ်ယောက်မှာ ထွက်ပြေးသွားပါတယ်။ ကျန်သော ယောင်္ကျား လေး (၂)ယောက်မှ တစ်ယောက်လည်း ထွက်ပြေးသွားရာလမ်းသူလမ်းသားများနှင့် ရဲက ဝိုင်းဝန်းဖမ်းဆီးကာ ကား ကိုပါ စစ်ဆေး၍ သော့ပိတ်ပြီး ကားကိုထားခဲ့ပါတယ်။

ရဲစခန်းသို့ တရားခံများကို ခေါ်ဆောင်သွားပါတယ်။ ရဲများမှ လမ်းသားများကိုမျက်မြင်သက်သေများ လိုက်လာရနှ်ပြောကြားခဲ့ပါတယ်။ ရဲစခန်းသို့ လမ်းသား များ ရောက်သောအခါ မြို့နယ်မှူးဆိုသူက ရိုင်းစိုင်းစွာပြောဆိုကာ အပေါက်ဝမှနေ၍ ပါလာသူများအား မင်းတို့ ဘယ်ကကောင်တွေလဲ စခန်းထဲကနေအခုထွက်သွားကြ ဟုဆိုကာ မောင်းထုတ်ပါတယ်။ လမ်းဖြစ်မြောက်ရေး ဥက္ကဌ ဦးထွန်းကြည် အားရင်ဘတ်ကို ဆောင့်တားထားပြီး မင်းကရောဘယ်ကလဲ ဘာလုပ်မှာလဲ ဟုမေး သောကြောင့် ကျွန်တော်လမ်းဖြစ်မြောက်ရေး ဥက္ကဌဟုပြောပါတယ်။ ဘေးတွင်ရပ်နေသော ရာအိမ်မှူးကိုလည်း မင်းကဘယ်ကလဲ ဘာလုပ်မှာလဲဟုထပ်မံမေးမြန်းပြီး ငါမြို့နယ်မှူးကွ အပြင်သို့ထွက်သွားဟုရိုင်းပျစွာ အော်ထုတ်ပါသည်။ စခန်းဝန်းအတွင်း ထိုင်နေသော မျက်မြင်သက်သေများ ကိုလည်း မင်းတို့က ဘာထိုင်လုပ်နေတာလဲ ငါထွက်သွားလို့ပြောနေတာ မကြာဘူး လားမင်းတို့ ကိုပြောနေတာ အခုထွက်သွားကြစမ်း ဟုအော်ဟောက်မောင်းထုတ်ပါတယ်။

ဆက်လက်၍ စခန်း အပြင်တွင် ရပ်နေသောလူများကို လည်း ဒီရှေ့မှာ ရပ်မနေကြနဲ့ ထွက်သွားကြဒီရှေ့မှာ ရပ်မနေကြနဲ့ဟု ဆက်လက်မောင်းထုတ်ပါတယ် ။ စခန်းတွင်းသို့ ကြံခိုင်ရေးမှ ရပ်ကွက်စည်းရုံးရေးမှူး နှင့် ပါတီမှတစ်ယောက် အပါအဝင် ၊လမ်းမှ နှစ်ယောက်သာ ဝင်ခွင့်ပေးပြီး အမှုတိုင်ခိုင်းပါတယ်။ ကြံခိုင်ရေးပါတီမှ ရပ်စည်း အားလည်း မင်းကဘာကို တိုင်မှာလဲ ဟုမေးသောကြောင့် ကြံခိုင်ရေးအလံတိုင်အားရိုက်ချိုးသောကြောင့် တိုင်မှာပါ ဟုပြောရာ မင်းတို့က ဘာလို့အလံတွေထောင်ထားတာလဲ ဘယ်နှစ်ချောင်း ထောင်ထားလဲ ဟု ထပ်မေးပါသည်။ စည်းမှူးမှ လမ်းခင်းရာတွင် ကြံခိုင်ရေးပါတီမှ လှူဒါန်းသောကြောင့် ထောင်ထားကြောင်း စသဖြင့် အကျိုးသင့် အကြောင်းသင့်ရှင်းပြမှ ဒါဆို တိုင်မည့်သူကမင်းလား ဒါဆို ရေးဟုဆိုကာ စာရွက်ထုတ်ပေးပါသည်။

ကြံခိုင်ရေးမှ တိုင်ပြီး လမ်းမှ လည်း လမ်းအတွင်းဆဲဆို ရမ်းကား ကာ လမ်းသူလမ်းသားများကို စော်ကား၍ ပစ္စည်းများ ကို ဖျက်စီး သည်ကို အောက်တွင်သာ ထည့်ရေးရန်ပြောပါသည်။ လမ်းလူကြီးများမှလည်း ထပ်မံ၍ အမှုဖွင့်လိုကြောင်းပြောသော အခါ မင်းတို့က ဘယ်နှစ်မှုဖွင့်မှာလဲ တစ်ခုဘဲဖွင့်လို့ရမယ်ဟုပြောပါသည်။ ထို့ကြောင့် ရပ်ကွက်စည်းရုံးရေးမှူးမှ ရေးထားသောစာကိုပြန်ရုတ်သိမ်းပြီး ကြံ့ခိုင်ရေးမှ တာဝန် ရှိသူ များ နှင့် တိုင်ပင်ပြီးမှ နောက်တစ်ခေါက်လာမည် ဟုဆိုကာ လမ်းကိစ္စကိုသာတိုင်စေခဲ့ပါသည်။ ထိုအခါ ယာယီစခန်းမှူးမှ မြို့နယ်မှူးအားဖုန်းဆက်၍ ခေါ်ခဲ့ပါသည်။ မြို့နယ်မှူးရောက်ရှိလာရာ ဘာမဟုတ်တဲ့ ပုဒ်မသေးသေးလေး ကိစ္စ နဲ့ငါ့ကို အိပ်ရေးပျက်အောင် ဖုန်းဆက်ပြီးခေါ်တယ်၊ ငါမနက် ခရိုင်မှူးနဲ့တွေ့စရာရှိတယ် ဟု ဒေါသ ဖြင့် အော် ငေါက်ပြီးပြန်သွားခဲ့ပါသည်။ ထို့နောက် အဆိုပါကားအား စခန်းမှ ရဲတစ်ဦးရောက်လာပြီး လာယူပါသည်။

လမ်းကော်မတီဝင်များက ယခုကိစ္စဟာ ယာဉ်မှုစစ်နဲ့လည်းဆိုင်၍ ၄င်းတို့စစ်ဆေးပြီးမှ သာယူသင့် ကြောင်း ပြောဆိုရာ ရဲမှ ခင်ဗျားတို့ မပေးလည်းမယူဘူး ဟုပြော၍ လမ်းကော်မတီ ဝင်များမှ ကျွန်တော်တို့က မပေးဘူးမပြောဘူး၊စစ်ဆေးပြီးမှ လာယူပါ ဟုပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ယာဉ်ထိန်းရဲများက ကားကိုလာယူခဲ့ပါသည်။ လာရောက်သိမ်းဆည်းသူမှာ ဒုရဲအုပ် ဇော်မင်း ယာဉ်မှုစစ်မှဖြစ်ပြီး ယာဉ်တိုက်မှုပုဒ်မ (၂၇၉) ဖြင့်အရေးယူပေးမည်ဟုသိရပါသည်။ ကားအား( ၅၁)လမ်းယာဉ်မှုစစ်ရုံးသို့ ယူဆောင်မသွားဘဲ တာမွေရဲစခန်းအတွင်း၌ ထိန်းသိမ်းထားပါသည်။ လမ်းအတွင်းမှ အသိသက်သေ များကိုမူယခုအချိန်အထိ စစ်မေးခြင်းမပြုသေးပါ။ ထွက်ပြေးလွတ်မြောက်သူနှစ်ဦး ကိုလည်း မသိရှိရသေးပါ။ တာမွေမြို့နယ်ရဲစခန်းမှ ပုဒ်မ ၂၉၄/၄၂၇ ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရပါသည်။

ပြည်သူ့လွှတ်တော် အဆင့် သမ္မတ အဆင့်တို့မှ တရားဥပဒေစိုးမိုးရေးကို မည်မျှပင်လမ်းညွှန်ပြောကြားစေကာမူ အောက်ခြေ အဆင့် ရဲဝန်ထမ်းများမှ လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ပြည်သူလူထု အားဖိနှိပ်ဆက်ဆံခြင်းများ နှင့် မလျှော်မကန်ပြုမူမှုများ ရှိနေသေးကြောင်း သတင်းအဖြစ် ဖေါ်ပြပေးပါရန် ပေးပို့ပါသည်။

မူးယစ်ရမ်းကားသောတရားခံများ (ကျန်နှစ်ယောက်အားစုံစမ်းဆဲ)

၁။ မင်းမင်းဦး (ခ) ဘိုးလူ ယာဉ်မောင်း အဘအမည်-ဦးတင့်
၂၀၃၊ ၃ လွှာ၊ သီရိလမ်း၊ မေတ္တာညွန့် (ပုံ ၇ တွင်ကြည့်ပါ )

၂။ ဝင်းသိန်းထွန်း အဘအမည်-ဦးလှမြင့်
၅၈၆၊ အနန္တဂုဏ်ရည်လမ်း၊ မေတ္တာညွန့်

၃။ နွယ်နွယ်ဦး အဘအမည်-ဦးလှသိန်း
တိုက်(၁၀)၊ အခန်း (၁၀)၊ ယုဇနလမ်း၊ မင်္ဂလာတောင်ညွန့်

၎။ ကေသွယ်ထွန်းဝင်း အဘအမည်-ဦးထွန်းဝင်း
၅၈၆၊ အနန္တဂုဏ်ရည်လမ်း၊ မေတ္တာညွန့်

ပြည်သူအားရိုင်းပြစွာဆက်ဆံသောရဲများ(တာမွေမြို့နယ် ရဲစခန်း)

မြို့နယ်ရဲမှူး ဒုရဲမှူး ကျော်ကျော်

ယာယီစခန်းမှူး ဒုရဲအုပ် ရဲနိုင်

ရဲစာရေး အမည်မသိ

ယာဉ်မှုစစ်
ဒုရဲအုပ် ဇော်မင်း


ပုံ (၁) သတိပေး တားမြစ်ခြင်း

ပုံ(၂) ကားနံပါတ်မှာ ရှေ့ဘက်တွင် ၁ခ/၁၃ဝ၇

ပုံ (၃) အနောက်ဘက်တွင် ၁ခ/၁၃၁၇

ပုံ (၄) ယာယီ တဲအား ၀င်တိုက်ခဲ့ပုံ

ပုံ (၅) အလံတိုင် ကို ရိုက်ချိုးခဲ့စဉ်

ပုံ (၆)

ပုံ (၇)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့