ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ်အနီးက Ramu နဲ့ Cox’s Bazaar မြို့တွေမှာ
ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေမှာ ပါဝင်ပတ်သက် သူတွေကို အာဏာပိုင်တွေ
အနေနဲ့ အမြန်ဆုံး အရေးယူပေးဖို့နဲ့ လူနည်းစု ရခိုင် ဗုဒ္ဓဘာသာဝင်တွေကို
အကာကွယ် ပေးဖို့တို့အတွက် ရာနဲ့ချီတဲ့ ဒါကာတက္ကသိုလ် ကျောင်း သားတွေ ဒီကနေ့
ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဒီအကြမ်းဖက်မှု တွေအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရက
ရိုဟင်ဂျာတွေ လက်ချက်ဖြစ်တယ်လို့ ပြောဆိုထားပေမဲ့ ပြည်ပရောက်
ရိုဟင်ဂျာတွေကတော့ ဒီ စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး မဟုတ်မှန်ကြောင်း
ငြင်းဆိုခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက် ဗွီအိုအေ ရုံးခွဲကနေ ဆက်သွယ်
စုံစမ်းထားတဲ့ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
Ramu
လို့ခေါ်တဲ့ ပန်းဝါမြို့နဲ့ Cox’s Bazaar လို့ ခေါ်တဲ့ ဖလောင်းချိန်
ဒေသတွေမှာ ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေမှာ တာဝန်ရှိသူတွေကို
အမြန်ဆုံး ဖမ်းဆီး အရေးယူပေးဖို့ အစိုးရကို ဖိအားပေးတဲ့အနေနဲ့
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထိပ်တန်း တက္ကသိုလ်ကြီးဖြစ်တဲ့ ဒါကာ တက္ကသိုလ် က
ကျောင်းသား ၃၀၀ လောက် ဒီကနေ့မနက်ပိုင်းက သူတို့ ကျောင်းဝင်းအတွင်းမှာ
ချီတက် ဆန္ဒပြခဲ့ကြတာပါ။
အခု ချီတက် ဆန္ဒပြကြတဲ့ ကျောင်းသားအများစုဟာ
Ramu နဲ့ Cox’s Bazaar ဒေသတွေက ကျောင်း လာတက်ကြတဲ့
ကျောင်းသားတွေဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် The Daily Star သတင်းဌာနက
ဝါရင့်သတင်းထောက် Abdul Karam Azad က ဗွီအိုအေကို ပြောပြပါတယ်။
“သူပြောသွားတာကတော့
- ဒီမနက်ပဲ Ramu နဲ့ Cox’s Bazaar ဒေသက ကျောင်းသားတွေဟာ တက္ကသိုလ်
ကျောင်းဝင်းအတွင်းမှာပဲ ချီတက် ဆန္ဒပြခဲ့ကြတာပါ-တဲ့။ သူတို့က အကြမ်းဖက်
တိုက်ခိုက် မှုတွေ ပြုလုပ်ခဲ့သူတွေကို ချက်ချင်း ဖမ်းဆီး အရေးယူဖို့၊
အိုးအိမ်ပျက်စီး ဆုံးရှုံးသွားသူတွေ အတွက် ထိုက်တန်တဲ့
လျော်ကြေးပေးဖို့တွေကို တောင်းဆိုခဲ့ကြပါတယ်-လို့ ပြောသွားတာပါ။”
ဒီဆန္ဒပြပွဲကို သတင်းထောက် ဘာသာရပ်ကို သင်ကြားနေကြတဲ့ တခြား ကျောင်းသား အတော် များများလည်း ပူးပေါင်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ
ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ရှိအာဏာရပါတီဖြစ်တဲ့ Awami League ပါတီ ရဲ့
ကျောင်းသားလူငယ်အဖွဲ့ကလည်း အလားတူ တောင်းဆိုချက်တွေနဲ့တူ သီးခြား ချီတက်
ဆန္ဒပြခဲ့ကြတယ်လို့ Abdul Karam Azad က ပြောပါတယ်။
အစိုးရအနေနဲ့ ဒီကိစ္စမှာ အဓိက တာဝန်ရှိသူတွေလို့ သံသယ ဖြစ်သူတွေအထဲ ရိုဟင်ဂျာတွေလည်း ပါတယ်လို့ Abdul Karam Azad က ဆက်ပြောပြပါတယ်။
သူပြောသွားတာကတော့-
“ ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးရေးတွေ ပြုလုပ်နေတဲ့ အစိုးရအရာရှိတွေက
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ တရားမ၀င် လာရောက် နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေရဲ့
လက်ချက်ဖြစ်နိုင် တယ်ဆိုပြီး သံသယ ရှိနေကြပါတယ်- တဲ့။ အစိုးရအနေနဲ့
မြန်မာနိုင်ငံ၊ ရခိုင်ပြည် နယ်အတွင်းမှာ ဖြစ်ခဲ့ တဲ့ ပဋိပက္ခတွေလို
အဖြစ်မခံနိုင်ဘူးဆိုတာကို ပထမဆုံး အကြိမ်ပြသလိုက်တာလည်း ဖြစ်တယ် - လို့
ပြောသွားတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ ရှိနေကြတဲ့ ရိုဟင်ဂျာတွေက
သူတို့အပေါ်ထားတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ မူဝါဒတွေကို သဘောမကျတဲ့အတွက်
အခုလို အကြမ်းဖက် ဆူပူမှုတွေဖြစ်အောင် ဖန်တီး လုပ်ဆောင်တဖြစ်နိုင်တယ်ဆိုပြီး
အစိုးရ အရာရှိတွေက သံသယ ရှိနေကြတာပါ- လို့ ပြောသွားတာပါ။ ”
ဒါပေမယ့်
ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က အခုလို တဘက်သတ် ပြောဆိုနေတာတွေဟာ မဟုတ်
မှန်ကြောင်းနဲ့ သူတို့ ရိုဟင်ဂျာတွေအနေနဲ့ သူတပါး နိုင်ငံအတွင်းမှာ
ခိုလှုံနေထိုင်တဲ့သူတွေဖြစ်တဲ့ အတွက် ဒီလိုကိစ္စမျိုးတွေကို လုပ်ဆောင်ခြင်း
မရှိဘူးလို့ မလေးရှားအခြေစိုက် ရိုဟင်ဂျာ လူ့အခွင့် အရေးအဖွဲ့က ဥက္ကဋ္ဌ Zafar
Ahmad bin Abdul Ghani က ပြောပါတယ်။
“ဒီ ရိုဟင်ဂျာတွေဟာ ကျနော်တို့
နိုင်ငံနဲ့ပတ်သက်ပြီးတော့ သူတို့ ထွက်ပြေးခိုလှုံနေတယ်၊ ဒုက္ခသည် အနေနဲ့ နေ
နေတယ်။ ဒီ ရိုဟင်ဂျာတွေဟာ တချို့ဘာသာကို သွားပြီးတော့ နှိပ်စက်ဖို့
ရိုဟင်ဂျာတွေ စိတ်ထဲမှာ လုံးဝ မရှိဘူး၊ အခုကိစ္စက ကျနော်တို့လူမျိုးနဲ့
ဘာမှမဆိုင်ဘူး၊ ဒီရိုဟင်ဂျာတွေ မပါဘူး။ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ဆိုင်တယ်၊
ဘင်္ဂလားဒေ့ရှ်ပြည်သူတွေနဲ့ပဲ ဆိုင်တယ်။ ကျနော်တို့လူတွေကတော့ ဘာမှ မပါဘူး။”
အစ္စလာမ်ဘာသာဝင်တွေ
အထွဋ်အမြတ်ထားတဲ့ ကိုရမ်ကျမ်းစာအုပ်ကို မီးရှို့ထားတဲ့ ဓာတ်ပုံကို Facebook
အင်တာနက် စာမျက်နှာမှာ ဖော်ပြလိုက်တဲ့အတွက် အခုလို အကြမ်းဖက် တိုက်ခိုက်
မှုတွေ ပြုလုပ်ခဲ့တာလို့ ဒီအထဲမှာ ပါတဲ့သူတွေက ပြောတာကို ကိုးကားပြီး
ဘင်္ဂလားဒေ့ရှ် သတင်းစာ တချို့မှာ ဖော်ပြခဲ့ကြတာပါ။
လက်ရှိအခြေအနေမှာ
အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ ပုဒ်မ ၁၄၄ ညမ
ထွက်ရအမိန့်ထုတ်ထားပြီး အခြေအနေတွေဟာ ဒီကနေ့အထိ တည်ငြိမ် အေးချမ်းမှု
ရှိနေပေမယ့် Ramu မြို့ ရဲစခန်းက စခန်းမှူး ရာထူးက နှုတ်ထွက်သွားတယ်လို့
Abdul Karam Azad က ပြောပါတယ်။
သူပြောသွားတာကတော့ - “Ramu မြို့က
အခြေအနေတွေဟာ တည်ငြိမ် အေးချမ်းနေပြီး အကြမ်းဖက် တိုက်ခိုက်မှုမှာ
ပါဝင်ခဲ့သူတွေကို အာဏာပိုင် တွေက ဖမ်းဆီး အရေးယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်
- တဲ့။ ဒါပေမယ့် Ramu မြို့ ရဲစခန်းကို ကြီးကြပ် ကွပ်ကဲရတဲ့ အရာရှိကတော့
ဒီကနေ့ပဲ ရာထူးကနေ နှုတ်ထွက်သွားပါတယ် - လို့ ပြောသွားတာပါ။”
အခုချိန်ထိတော့
ဒီ အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်တယ်လို့ သံသယရှိသူ ၁၆၆ ဦးကို ဘင်္ဂလာ
ရဲအဖွဲ့က ဖမ်းဆီးထားပြီး ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး Muhiuddin Khan
Alamgir က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
Ramu ခေါ် ပန်းဝါမြို့မှာ
ပြုလုပ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် နှစ်ပေါင်း ရာနဲ့ချီပြီး
တည်ရှိနေခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းတွေအပါအ၀င် ကျောင်းပေါင်း ၂၂
ကျောင်းလောက်နဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဘုရားဆင်းတုတော်တွေလည်း ပျက်စီး
ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ညမှာ
အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး နောက်တနေ့ တနင်္ဂနွေနေ့မနက်မှာ
ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် အခင်းဖြစ်ပွားရာကို
သွားရောက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုကြောင့် အစ္စလာမ်ဘာသာကိုးကွယ်သူ သက်ကြီး
ရွယ်အိုနှစ်ဦးလည်း သေဆုံးခဲ့ပြီး လူအတော်များများလည်း ထိခိုက်
ဒဏ်ရာရခဲ့ကြတာ ဖြစ်ပါတယ်ခင်ဗျား။
ကိုဇော်ဝင်းလှိုင် (မြန်မာဌာန)
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Wednesday 3 October 2012
ဘင်္ဂလားဒေ့ရှ် အစိုးရစွပ်စွဲချက် ရိုဟင်ဂျာငြင်းဆို
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
October
(1076)
- မျက်လှည့်ကမ္ဘာ,
- မျက်လှည့်ကမ္ဘာ
- ထူးဆန်းထွေလာ...ပုံလေးများ
- SWF FLV to MP3 Converter 3.0.0.569 | 1.35 MB
- CCleaner Professional + Business Edition 3.23.1823...
- Angry Birds Space v1.3.0 Mars the Red Planet for PC
- Photoshop အသုံးပြုပြီး ပုံပြင်လိုသူများအတွက် (အခြေ...
- ချစ်သူပြန်လာမဲ့လမ်း
- အချစ်ပန်းခင်း
- ဓာတ်ပုံလေးတွေအလှပြင်ဖို့
- မိုးတွေသည်းရင် ငိုချင်တယ်
- ငါ ကျေနပ်ပါတယ်
- ` စောင့်နေနော်...´
- ငါ.ကိုယ်ငါမုန်းတယ်
- ဝေလဲမဝေ ကြွေဘဲ ကြွေ သွားတဲ့ပန်း
- ငါမသိတဲ့ အချိန်.
- ((((((( သီတင်းကျွတ် လပြည့်နေ့ )))))))
- Android ဖုန်းများတွင်ကစားနိုင်မည့် “ငတက်ပြား” အမ...
- C8812 နဲ့ U8818 အတွက် Root လုပ်နည်း
- Huawei U8850 ကို အမြန်ဆုံးနှုင့် အလွယ်ကူဆုံး root ...
- တမ်းတခြင်း
- Advanced SystemCare Pro 6.0.7.160 Final | 18.99 MB
- Internet Download Manager 6.12 Build 23 Final | 4....
- မိန်းမတို့၏ကောင်းခြင်း(၅)ဖြာ
- 31.10.2012 သတင်းစာများ ရယူရန်
- ဘင်္ဂါလီမူဆလင်လွှတ်တော်အမတ် ဦးရွှေမောင်နှင့် ရခိုင်ပညာ...
- မလေးသွားမှောင်ခိုဘုတ် နစ်မြှုပ်၍ (၁၂၈)ဦးအနက် (၁၂၂)...
- တိုင်းရင်းသား လုပ်ငန်းရှင် ကုမ္ပဏီ ၄၀၀ ခန့် မှတ်ပုံ...
- ရတနာပုံ တယ်လီပို့ အများပိုင် ကုမ္ပဏီ ပြောင်းမည်
- ၂၀၃၀ အထိ ဝင်ငွေအနိမ့်စားနိုင်ငံ စာရင်းဝင် ဖြစ်နေမည...
- ရခိုင်ပြည်နယ်ကို တပ်မတော် စတင်အုပ်ချုပ်
- ရန်ကုန် လေဆိပ် မြှင့်တင်ရေးလုပ်ငန်း ပုဂ္ဂလိက စိတ်ဝင...
- ရန်ကုန်တွင် ယာဉ်လိုင်းသစ်များ ထပ်တိုးရန်ရှိ
- ရန်ကုန်မြို့ပြရဲ့ ခေတ်သစ် သီတင်းကျွတ်ည
- စစ်တွေ ရောက် ဒုက္ခသည်များ နေရပ်ရင်းပြန်ပို့ရန် စီစဉ်
- ရခိုင်အရေးသည် ပြုပြင်ပြောင်းလဲရေး အတွက် နိမိတ်ဆိုး
- ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြင်ဆင်ရေး NLD အဆိုတင်မည်
- ဆွစ်ဇာလန်သံရုံး ရန်ကုန်တွင် ဖွင့်မည်
- မှောင်ခို ကုန်ပစ္စည်းများ ဖမ်းတော့မည်
- အကောက်ခွန်ဝန်ထမ်း ၁၅ ဦးထက်မနည်း ထပ်မံအရေးယူခံရမည်
- တရုတ်များက ရေအားလျှပ်စစ်ကို အကြောင်းပြပြီး လေးမြို...
- ရခိုင်ဒုက္ခသည် ၃၀၀၀ ခန့် မြောက်ဦး ဘုန်းတော်ကြီးကျော...
- အငြင်းပွားခဲ့သော ခရီးသွားလုပ်ငန်းရှင်များအသင်း အလု...
- မြန်မာအစိုးရ ပြည်ပဘဏ်များတွင် ဒေါ်လာ ခြောက်ဘီလီယံအပ...
- အလုပ်အကိုင် အခွင့်အလမ်းနှင့် ခြေလွတ်လက်လွတ် အိပ်မက...
- ပြည်ပကြွေးမြီ ဆယ်လအတွင်း ဒေါ်လာ လေးဘီလီယံတိုး
- စွပ်စွဲမှုများအတွက် ဥပဒေနှင့်အညီပြန်လည်ရုပ်သိမ်းခဲ့...
- ဖားကန့် ၌ ငြိမ်းချမ်းပါစေ မီးပုံးလွှတ်တင်ခဲ့သော်လည်...
- မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ADSL စနစ်အသုံးပြုလိုသူ...
- တရုတ်သို့ပိုရန် ဆမ္မဆယ်၌ နွားကောင်ရေ (၅၀၀)ကျော် ရော...
- ရခိုင်ပြည်နယ်တွင် စစ်အုပ်ချုပ်ရေး မလိုလားဟုဆို
- ရန်ကုန်တွင် မင်းမဲ့စရိုက်ဆန်ဆန်လူသတ်မှု ပိုများလာ
- မြန်မာသို့ ရိုက်ခတ်လာသော K-Pop
- အရွယ်မရောက်သေးသော မြေးကို အဘွားဖြစ်သူက ပြည့်တန်ဆာ ...
- ရခိုင်အရေး မြန်မာသံတမန်ကို ဗြိတိန်နိုင်ငံခြားရေးဌာ...
- ဘုန်းကြီးကျောင်းအမှု ရွာပတ်နေ
- နိုဝင်ဘာလ ၁ ရက်နေ့ ထုတ် The Hot News Weekly Vol-3,...
- အောက်တိုဘာ ၃၀ ရက်နေ့ထုတ် First Eleven Sports Journ...
- စန္ဒီ ဟာရီကိန်းကြောင့် နယူးယောက် အထိနာ
- မွတ်ဆလင်တွေကို မောင်းထုတ်တဲ့ ဆန္ဒပြမှု ရဲက ပစ်ခတ် နိ...
- အမေရိကန်အရှေ့ဘက်ဒေသ ဟာရီကိန်းမုန်တိုင်းကြီး တိုက်ခတ်
- ရခိုင်အရေး နိုင်ငံတကာကြားဝင်ဖို့ အာဆီယံ တောင်းဆို
- အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၂၈
- မဇ္ဈိမ အပတ်စဉ် ဂျာနယ်၊ အတွဲ (၁)၊ အမှတ် (၆)၊ အင်္ဂါနေ့...
- ငြိမ်းချမ်းရေး ဆွေးနွေးသည့် နေ့ ဖားကန့် တွင် တိုက်...
- ကျောက်နီမော်တွင် ရခိုင်ဒေသခံ များကို ရဲတပ်ဖွဲ့မှ ပ...
- ကျောက်နီမော်လူထု တောင်းဆိုချက်(၃)ချက် အာဏာပိုင်တို...
- ခုနှစ်ရက်သားသမီးများအတွက် ( ၂၉.၁၀.၁၂ ) မှ ( ၄.၁၁.၁...
- ပုံလေးတွေကို Frames Design လှလှလေးတွေပုံဖော်ကြည့်ရ...
- ပေးဆပ်ချစ်သူ
- သင် နှင့်သင့်ချစ်သူရဲ့အချစ်ရေးအဆင်ပြေဖို့အတွက်ဒါေ...
- ချစ်တက်သူတိုင်း သိသင့်သည့်အရာ
- samsaunggalaxy note, s3 တွေ အတွက် မြန်မာစာ အဆင်မြေ...
- iphone jail break လုပ်နည်းမြန်မာလို
- Folder Lock 7.1.6 | 8.85 MB
- အိမ်ထောင်ဆိုတာ
- အချစ်ကိုမသိသောကောင်လေး
- အဖြစ်ဆိုးခဲ့တဲ့ ၈ တန်းကျောင်းသူလေး
- ကျောက်နီမော် အခြေအနေ တင်းမာ
- လိုင်စင်ဘောင်ကျော်ပြီး ဖော်ပြသည့် ဂျာနယ်များကို အေ...
- အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့များကို လုပ်ပိုင်ခွင့်ပေးရ...
- » ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် အခင်းစတ...
- » ဟာရီကိန်းမုန်တိုင်းကြောင့် အမေရိကန်နှင့်ကနေဒါတွင...
- ကချင်စစ်ရေးတွင် ကာကွယ်ရေး ဦးစီးချုပ်က သမ္မတ အမိန့်က...
- ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းစဉ်အတွင်း တပ်မ...
- ရခိုင်ပြည်နယ် အကြမ်းဖက်မှု သေဆုံးသူ ဦးရေတိုးလာ
- ကော့ကရိတ်မြို့ တွင်းရှိ ဗလီ ဗုံးခွဲခံရ
- » ရခိုင်အရေးတွင် မျိုးချစ်စိတ်ရှိသင့်သည်ထက်လွန် ဟုဆို
- အမေရိကန်အရှေ့ခြမ်း စန္ဒီမုန်တိုင်းဘေး ရင်ဆိုင်ဖို့ ...
- SSA နဲ့ မြန်မာအစိုးရကြား မူးယစ်တိုက်ဖျက်ရေး သဘောတူ...
- အစ်ဒ်နေ့ ဆီးရီးယားအပစ်ရပ် ချိုးဖောက်မှု ထိပ်တန်းသံတ...
- နင့်တို့ရေကို ခွေးတောင်မသောက်ဘူး
- အခန်း ပေါင်း ၅၀၀၀ ခန့်ပါ တန်ဖိုးနည်း အိမ်ရာစီမံကိန...
- အစိုးရနဲ့ကေအိုင်အိုအကြား အကြိုညှိနှိုင်းမှုမလုပ်န
- ကော့ကရိတ်မြို့ဗလီကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်
- ^_^ရေမြေခြားတဲ့ ချစ်သူ...^_^
- သံသရာဝဋ်ကြွေးဆိုတာ
- သိနိုင်ပါရဲ့လားကြားနိုင်ပါရဲ့လားးးးးးးးနော်
- မိန်းမတွေရဲ့  တန်ဖိုး
- *** လောကဓံ ( ၈ ) ပါး ဆိုတာ ***
-
▼
October
(1076)
No comments:
Post a Comment