Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 28 October 2012

ဟာသတွေနဲ့ ဘ၀အမောလေးတွေလျှော့ချပေးနေပါတယ်


ဟာသတွေနဲ့ ဘ၀အမောလေးတွေလျှော့ချပေးနေပါတယ်


ယူကရိန်းနိုင်ငံ အော်ဒက်ဆာမြို့သားတစ်ယောက်သည် ငါးဝယ်ရန် ငါးဆိုင်ထဲ ၀င်လာသည် ၊ အရောင်းသမ ကိုမေးသည် ။
"ခင်ဗျားတို့ဆိုင်က ငါးဟာ အရှင်လား "
"အရှင်ပါ "
"အရှင်ဆိုရင် ဘာဖြစ်လို့ သူ မလှုပ်မရှား ဖြစ်နေတာလဲ "
"သြော် ဒါလား ၊ ငါးအိပ်နေတယ်လေ "
"အိပ်တယ်ဆိုပေမဲ့ အနံ့ဆိုးထွက်နေပါလား "
"ရှင် ကတ်တီးကတ်ဖဲ့ မပြောနဲ့ ၊ ရှင်အိပ်နေတုန်း ပါးစပ်ကအာပုတ်ရည် ထွက်တာကိုထိန်းနိုင်လို့လား ၊ ပြောစမ်းပါ "

***ဘာပဲဖြစ်ဖြစ်***
Man: ငါတို့ ညစာအတွက် ဘာကိုစီစဉ်သင့်လဲ မသိဘူးနော်?
Woman : ဘာပဲဖြစ်ဖြစ်ပေါ့ ရှင်ရယ်...
Man: မက္ကဆီကိုအစားအစာလေးများ မစားချင်ဘူးလားကွာ?
Woman : ဟင်အင်း... ဟင်အင်း... ကျွန်မ တခါစားဖူးတယ်။ အဲနောက် မျက်နှာမှာ အဖုတွေ တစ်ခါတည်း ထွက်လာတော့တာပဲ။
Man: ကောင်းပြီလေ... ဒါဆိုလည်း တရုတ်စာလေး စားကြတာပေါ့...
Woman: ရှင် မနေ့ကလည်း ဒါပဲ။ ဒီနေ့လည်း အဲဒါပဲလား? ကျွတ်!
Man: အင်း... ပင်လယ်စာ ဆိုရင်တော့ရော?
Woman: ဟင်... ပင်လယ်စာတွေက မကောင်းပါဘူး ရှင်ရယ်... ဝမ်းတွေ လျှောတက်ပါဘိနဲ့...
Man: အင်း... ဒါဆိုရင် မင်း ဘာစားချင်သလဲ ပြောပြလေ?
Woman : ဘာပဲဖြစ်ဖြစ်... ရပါတယ်ရှင့်...
................................................................
ဟင့်...လူဆိုး မုန်းစရာကြီး
အားးးးးးးးးးးးးးးးးးကြယ်တွေလတွေမြင်ရနယ်လေ ငါသနားလို့နော်ဟင့်
ငါတို့ခေတ်ရောက်ပြီးလေ.....
ချစ်သူတိုင်းပေါင်ဖက်နိုင်ကြပါစေဗျာ....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့