Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 24 December 2012

လေယာဉ် ပျက်ကျမှု ၁ ဦး သေဆုံးပြီ ၁၁ ဦး ဒဏ်ရာရကြောင်း Air Bagan သတင်း ထုတ်ပြန်

ခရီးသည် ၆၅ ဦးအနက်မှ ၅၅ ဦးသည် ဟဲဟိုး လေယာဉ်ကွင်းတွင် ဘေးကင်းစွာ ရှိနေကြောင်း သိရှိရပါတယ်။ ခရီးသည် ၉ ဦးကို တောင်ကြီး စ၀်စံထွန်း ဆေးရုံကြီးသို့  ပို့ဆောင်ထားပါတယ်။

လေယာဉ်မှူးများ အပါအဝင် လေယာဉ်ဝန်ထမ်း ၇ ဦးအနက်မှ ပိုင်းလော့ ၂ ဦးမှာ ထိခိုက် ဒဏ်ရာရသဖြင့် ဆေးရုံသို့ ပို့ဆောင်ထားပါတယ်။

ယင်းအတွက် ဆေးရုံသို့ ပို့သူ စုစုပေါင်း ၁၁ ဦး ဖြစ်ပါတယ်။

ခရီးသည် ၁ ဦး ပျောက်ဆုံး နေကြောင်း သိရပြီး၊ ၄င်းခရီးသည်မှာ လေယာဉ်ထဲတွင် ကျန်ရစ် သေဆုံးနေကြောင်း တွေ့ရှိရပါတယ်။ ခရီးသည် အမည်ကို ရရှိနိုင်ရန် ကြိုးစားနေပါတယ်။

ကွယ်လွန်သူနှင့် ထိခိုက် ဒဏ်ရာ ရသူများ အတွက် အဲပုဂံမှ အထူးပင် ဝမ်းနည်း ကြေကွဲ ရပါကြောင်း Air Bagan မှ သတင်း ထုတ်ပြန် ထားပါတယ်။

လမ်းပေါ်တွင် ဆိုင်ကယ်စီးနင်း နေသူတစ်ဦးမှာ လေယာဉ်နှင့် တိုက်မိပြီး ကွယ်လွန်သွားခဲ့တဲ့ သတင်း ကိုတော့ Air Bagan ရဲ့ ထုတ်ပြန်ချက်မှာ မတွေ့ ရပါ။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့