Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 29 December 2012

အခွန်ငွေ စုစုပေါင်း၏ ၉၇ ရာခိုင်နှုန်းကို ပြည်တွင်း အခွန်များ ဦးစီးဌာနမှ တာဝန်ယူ ကောက်ခံပေး လျက်ရှိနေ


သက်ဆိုင်ရာ အစိုးရ ဌာန အသီးသီးမှ ကောက်ခံနေတဲ့ အခွန်ငွေ စုစုပေါင်းရဲ့ ၉၇ ရာခိုင်နှုန်းခန့်ကို ပြည်တွင်း အခွန်များ ဦးစီးဌာနမှ တာဝန်ယူကာ ကောက်ခံပေး
လျက်ရှိနေ တယ်လို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ကောက်ခံရာမှာ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အခွန်ဘဏ္ဍာငွေ များကို ပြည်သူလူထု ဆီက ဥပဒေအရ ကျသင့်တဲ့ အခွန်ငွေများ သတ်မှတ်ပြီး စည်းကြပ် ကောက်ခံလျက် ရှိတာ ဖြစ်ပါတယ်။

အဲ့ဒီလို ကောက်ခံပြီး နိုင်ငံတော်မှာ လိုအပ် လျက်ရှိတဲ့ အခန်းကဏ္ဍ တွေမှာ ပြန်လည်ကာ အသုံးပြု ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ အခုလို အခွန် ဘဏ္ဍာငွေ ကိစ္စများ နဲ့ပတ်သက်ပြီး အခွန်ပညာပေး စာစီစာကုံးနဲ့ ကာတွန်းပြိုင်ပွဲများ ကိုလည်း ကျင်းပကာ အခွန်များ ရရှိအောင် လုပ်ဆောင် ပေးလျက် ရှိတာ ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲများ ကျင်းပတဲ့ အတွက်လည်း ပြည်တွင်း အခွန်များ ဦးစီးဌာနရဲ့ အခွန်ဆိုင်ရာ စီမံခန့်ခွဲရေး လုပ်ငန်းများမှာ ထိရောက် ကောင်းမွန်တဲ့ အခွန်စနစ် တစ်ခု ဖြစ်ထွန်း ပေါ်ပေါက်လာ စေဖို့အတွက် အထောက်အကူ တစ်ရပ် အနေနဲ့ ရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်း ဥပဒေအရ အကောက် အခွန်များကို ပေးဆောင်ဖို့ပါရှိတာလည်း ဖြစ်ပါတယ်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ နိုင်ငံတော် အတွက် အသုံးစရိတ် လိုအပ်တိုင်း သံယံဇာတ များကို ထုတ်ရောင်း နေမယ့်အစား ပြည်သူလူထု ဆီက ဥပဒေအရ ကျသင့်မယ့် အခွန်အကောက် များကို ကောက်ခံပြီး နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး စတာတွေမှာ ပြန်လည် သုံးစွဲဆောင်ရွက် သင့်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့