Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 26 December 2012

၂၀၁၂ ခုနှစ် အတွင်း ကုန်သွယ်မှု ကဏ္ဍတွင် အကျိုးအမြတ် နည်းပါးခဲ့


အခု ၂၀၁၂ ခုနှစ် အတွင်း ပြည်တွင်းရှိ ကုန်သွယ်မှု ကဏ္ဍတွေ မြင့်တက် လာခဲ့ပေမယ့် ရရှိတဲ့ အကျိုးအမြတ် ကတော့ အရင်ကထက် နည်းပါး ခဲ့တယ်လို့
UMFCCI မှ တာဝန်ရှိ သူတစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို အကျိုးအမြတ် နည်းပါးခဲ့မှုမှာ အချို့သော ကုန်သွယ်မှုတွေ မှာတော့ အရှုံးပေါ်မှု တွေတောင် ရှိခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်ဟာ ပြည်တွင်းရဲ့ စီးပွားရေး ကဏ္ဍကို တိုးတက်အောင် ဖော်ဆောင် တဲ့နှစ် ဖြစ်တာနဲ့အညီ နိုင်ငံတကာနဲ့ဆက်သွယ်ပြီး ပြည်တွင်းမှ ထုတ်ကုန် တင်ပို့မှုတွေ ပြည်ပမှ တင်သွင်းမှု တွေကို အရင်နှစ်တွေ ကထက် တိုးတက် လုပ်ဆောင် နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို လုပ်ဆောင် နိုင်မှုမှာ ဆန်တင်ပို့မှု အနေနဲ့လည်း အခုနှစ်မှာ တန်ချိန် တစ်သန်း အထိ တင်ပို့ နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတကာ ဈေးကွက် ကျနေ တာကြောင့် အခုလို တန်ချိန် တစ်သန်း တင်ပို့မှု ကနေ ရရှိလာတဲ့ ငွေကြေးဟာ အမေရိကန် ဒေါ်လာ သန်းနှစ်ရာ လျော့နည်းခဲ့ တယ်လို့သိရပါတယ်။ ဒါ့အပြင် ပဲတင်ပို့မှု မှာလည်း အမြတ်အစွန်း နည်းကာ အချို့ကတော့ အရှုံးပေါ် ခဲ့ရတာ ဖြစ်ပါတယ်။ ဒါတင်မကဘဲ အခြား ကုန်သွယ်မှု တွေဖြစ်တဲ့ စားအုန်းဆီ တင်သွင်းမှု၊ မော်တော်ကား တင်သွင်းမှု တွေမှာလည်း လုပ်ငန်းရှင် တွေဟာ အမြတ်အစွန်း ရရှိမှု မရှိခဲ့ဘူးလို့သိရပါတယ်။

အဲ့ဒီ အတွက် အခု ၂၀၁၂ ခုနှစ် အတွင်းမှာ နိုင်ငံတော်က ကုန်သွယ်မှု ဆိုင်ရာ ဖြေလျော့မှုတွေ ပြုလုပ်ပေး ခဲ့ပြီး စီးပွားရေး လုပ်ငန်းတွေ တိုးတက်အောင် ဆောင်ရွက်ပေး ခဲ့ပေမယ့် နိုင်ငံတကာ ဈေးကွက် အခြေအနေ တွေကြောင့် လုပ်ငန်းရှင်တွေ အနေနဲ့ အကျိုးအမြတ် ရရှိမှု နည်းပါးခဲ့ ရတာ ဖြစ်တယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့