Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 29 December 2012

၂၀၁၄ ခုနှစ် ဇူလိုင်လ ၇ ရက် နောက်ပိုင်းကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ဟု စံ-ဇာဏီဘို ဟောကိန်းထုတ်

ရန်ကုန် ။ ဒီဇင်ဘာ ၂၉

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၇ ရက် နောက်ပိုင်းကာလအတွင်း သမ္မတရာထူး လက်ခံရနိုင်ဖွယ်ရှိကြောင်း ဆရာစံ-ဇာဏီဘိုက ဟောကိန်းထုတ်လိုက်သည်။

ဒီဇင်ဘာလ ၂၇ ရက်တွင် ဧရာဝတီမဂ္ဂဇင်း၌ တင်ဆက်ထားသည့် PAUL VRIEZE နှင့် အင်တာဗျူးတွင် ဆရာစံ-ဇာဏီဘိုက ယင်းကဲ့သို့ ဟောကိန်းထုတ်ပြောကြားခဲ့ခြင်းဖြစ်သည်။

PAUL VRIEZE က ၂၀၁၃ ပြီးနောက် ခင်ဗျားရဲ့ခန့်မှန်းမှုတွေကဘာဖြစ်မလဲ။ ဒေါ်အောင်ဆန်းစုကြည်
မြန်မာနိုင်ငံရဲ့ သမ္မတ ဖြစ်လာမလားဟု မေးမြန်းခဲ့သည့်အပေါ်
““ အဓိက နိုင်ငံရေးအချက်တွေဟာ ရွေးကောက်ပွဲ မတိုင်မီ ၂၀၁၄ မှာပြောင်းလဲလာနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ စစ်တပ်အဏာသိမ်းမှုမျိုးဖြစ်လာမှာတော့မဟုတ်ပါဘူး။

၂၀၁၄ ဇူလိုင်လ ၇ ရက် နောက်ပိုင်း အရာရာအားလုံးကောင်းမွန်နေပါလိမ့်မယ်။ ၂၀၁၄- ၂၀၁၅ ကာလတွေကတော့ အကောင်းဆုံးအချိ
န်တွေပါ။ ကျွန်တော်တို့ နိုင်ငံရဲ့ အိပ်မက်တွေအားလုံး အမှန်တကယ်ဖြစ်ပေါ်လာမယ့်အချိန်ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်ကတည်းက အိပ်မက်တွေပေါ့ ။

၂၀၁၄ ခုနှစ် ဇူလိုင်လ ၇ ရက်နောက်ပိုင်းမှာတော့ အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ဦးတည်နေတယ်လို့ ဆိုရမှာပါ။ နောက်ရွေးကောက်ပွဲမတိုင်သူ သူ ( အောင်ဆန်းစုကြည်) သမ္မတဖြစ်လာနိုင်ပါတယ်။ ဒါက အစိုးရက မဟာမိတ်လုပ်တဲ့နည်းစသဖြင့်တစ်ခုခုကြောင့်ပေါ့။ အဲဒီနောက် သူသမ္မတရာထူးရလာနိုင်တယ်။ ၂၀၁၅ ခုနှစ်မှာ နောက်တစ်ကြိမ် သမ္မတရာထူး သူထပ်မံရရှိပါလိမ့်မယ်။ ”” ဟု ဆရာ စံ- ဇာဏီဘို က ဟောကိန်းထုတ်ပြောကြားခဲ့ခြင်းဖြစ်သည်။

(ကိုးကား ဧရာဝတီ )
The Myanma Age


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့