Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 29 December 2012

ငွေဆောင် ကမ်းခြေ ဟိုတယ်များ၌ ပြည်ပ ခရီးသွား နှစ်သောင်းကျော် ၀င်ရောက်မှုရှိခဲ့


၂၀၁၂ ခုနှစ်အတွင်း ဇန်န၀ါရီလမှ နိုဝင်ဘာလ အထိ ငွေဆောင် ကမ်းခြေကို ပြည်ပ ခရီးသွား ၀င်ရောက်မှု ပိုမိုများပြား လာခဲ့ပြီး ၁၁ လတာ ကာလ အတွင်း
ငွေဆောင် ကမ်းခြေရှိ ဟိုတယ်များသို့ ပြည်ပ ခရီးသွား ဧည့်သည် နှစ်သောင်း တစ်ထောင်ကျော် ၀င်ရောက် ခဲ့တယ်လို့ ငွေဆောင် ဟိုတယ်ဇုန်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ၀င်ရောက်ခဲ့တဲ့ ခရီးသွား ဦးရေဟာ အရင်နှစ်တွေ ကထက်လည်း ပိုမိုများပြား ခဲ့တာလည်း ဖြစ်ပါတယ်။

အခုလို ပြည်ပ ခရီးသွား ဧည့်သည်တွေ ပိုမိုလာရ တာကတော့ ငွေဆောင် ကမ်းခြေမှ ဟိုတယ်တွေဟာ တစ်နေရာနဲ့ တစ်နေရာ သီးသန့် တည်ရှိခြင်း၊ ရွာများနဲ့ ဝေးကွာခြင်း၊ တိတ်ဆိတ် ငြိမ်သက်တဲ့ အတွက် ပြည်ပ ခရီးသည်များ နှစ်သက် သဘောကျမှု ရှိခြင်း စတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။

အဲ့ဒီ အတွက်လည်း ယခုနှစ်မှာ အဆိုပါ ဟိုတယ် များသို့ ပြည်ပ ခရီးသွား ၀င်ရောက်မှုဟာ အရင်နှစ် ကထက် နှစ်ဆကျော် တိုးမြှင့် ၀င်ရောက် လာခဲ့တာ ဖြစ်ပါတယ်။ ယခုလက်ရှိ မှာတော့ ငွေဆောင် ကမ်းခြေမှာ တရားဝင် ဟိုတယ် ၂၁ လုံးရှိပြီး ၁၆ လုံးမှာ တည်းခိုနိုင်ကာ ကျန် ၅ လုံး မှာတော့ ပြုပြင်ဆဲ ဟိုတယ်တွေသာ ဖြစ်ပါတယ်။ အဆိုပါ တည်းခိုနိုင်တဲ့ ဟိုတယ် ၁၆ လုံးမှာတော့ ၁ ရက်ကို အခန်းပေါင်း ၈၅၀ ကျော် တည်းခို နိုင်တယ်လို့ သိရပါတယ်။
 
 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့