Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 26 December 2012

လာမည့်နှစ်၌ SME လုပ်ငန်းများ တိုးတက်အောင် ကာကွယ် ပေးရန်လိုအပ်


လာမယ့် ၂၀၁၃ ခုနှစ် အတွင်းမှာ ပြည်ပ ရင်းနှီး မြှုပ်နှံမှုတွေ အရှိန်အဟုန်နဲ့ ၀င်ရောက် လာနိုင်တဲ့ အတွက် ပြည်တွင်းရှိ အသေးစား၊ အလတ်စား စီးပွားရေး
လုပ်ငန်းများ SME လုပ်ငန်းတွေ လျော့ကျ မသွားအောင် ကာကွယ် ပေးဖို့လိုအပ်တယ်လို့ UMFCCI မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုအခါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ထွက်ရှိ ထားပြီး နည်းဥပဒေလည်း ထွက်ရှိလာ တော့မှာ ဖြစ်လို့ ဒီလို ဥပဒေတွေ၊ စည်းမျဉ်းတွေ ခိုင်မာ လာပြီး ပြည်တွင်းကို ပြည်ပမှ အကြီးစား ရင်းနှီးမြှုပ်နှံ မှုတွေ ၀င်ရောက် လာပြီး လုပ်ငန်းကြီး အချင်းချင်း ပူးပေါင်း လုပ်ကိုင်မှုတွေ များပြား လာနိုင်တာ ဖြစ်ပါတယ်။

အဲ့ဒီအတွက် လုပ်ငန်း အကြီးတွေ တိုးချဲ့ ပူးပေါင်းမှု များလာတဲ့ အခါ ပြည်တွင်းရှိ အချို့ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းတွေ နောက်ကျ ကျန်ခဲ့နိုင်တဲ့ အပြင် အချို့ လုပ်ငန်းတွေ မှာတော့ ပျောက်ကွယ်မှု တွေတောင် ရှိသွားနိုင် တယ်လို့ သိရပါတယ်။ ဒါ့အပြင် လာမယ့် နှစ်အတွင်းမှာ ပိုမို တိုးတက် လာနိုင်တဲ့ ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေ အတွက် ကောင်းမွန်တဲ့ လုပ်ကိုင်နိုင်သူ တွေလည်း ပိုမို လိုအပ် တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့