Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 29 December 2012

ဒီချုပ်၏ ပညာရေးရန်ပုံငွေဂီတပွဲ ဒုတိယနေ့ မြင်ကွင်း

ရန်ကုန်၊ ဒီဇင်ဘာ ၂၈။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပညာရေး ရံပုံငွေပွဲတွင် ဂီတ အနုပညာရှင်များမှ တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

အဆိုပါ ဖျော်ဖြေမှုတွင် တေးသံရှင် လင်းလင်း၊ အဲလက်စ်၊ ထွန်းထွန်း၊ ရှင်ဖုန်း၊ ဆောင်းဦးလှိုင်၊ မျိုးကျော့မြိုင်၊ နေတိုး၊ အာဇာနည်၊ ဖိုးကာ၊ စည်သူလွင်နှင့် ချစ်သုဝေ တို့အပြင် အခြားနံမည်ကြီး အဆိုတော် ပေါင်းများစွာ ပါဝင် သီဆိုခဲ့ကြောင်း သိရသည်။

ထို့အပြင် IRON CROSS မှ ပရိတ်သတ်များအား တေးသီချင်း ၁၀ ပုဒ်ခန့်ဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်းသိရပြီး နာမည်ကြီး သရုပ်ဆောင် မေတ္တာနှင့် ၄င်း၏ ၀ိုင်းတော်သားများကလည်း ပြက်လုံးများဖြင့် ဖျော်ဖြေခဲ့ကြောင်းသိရသည်။

ဂီတဖျော်ဖြေပွဲသည် ည ၂ နာရီ ကျော်တွင် အဆိုတော်လေးဖြူ၏ နေခြည်သီချင်း ဖြင့် သီဆိုဖျော်ဖြေကာ ပြီးဆုံးသွားခဲ့သည်။

The Myanma Age


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့