Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 26 December 2012

တရားမ၀င် ကုန်သွယ်မှုအား အရေးယူ ဆောင်ရွက်သွားမည်


စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနရဲ့ အသိပေး ကြေညာချက် အရ စားသုံးသူ ကာကွယ်ပေးရေးနဲ့ တရားမ၀င်
ကုန်သွယ်မှု လျော့နည်း ကျဆင်းရေး လှုပ်ရှားချက် အရ ရှာဖွေ တားဆီးခြင်း တွေရဲ့ အပြစ်ပေး အရေးယူမှုကို လာမယ့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ လက စတင်ပြီး အရေးယူ ဆောင်ရွက်သွား တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို အရေးယူ ဆောင်ရွက်ရာ မှာလည်း Mobile Team အဖွဲ့များနဲ့ တရားမ၀င် ကုန်သွယ်မှု တားဆီးရေး အစီအစဉ် အရ စစ်ဆေး တွေ့ရှိတဲ့ ကုန်ပစ္စည်းများကို မူဆယ်-မန္တလေး လမ်းကြောင်းမှာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့၊ မြ၀တီ-ရန်ကုန် လမ်းကြောင်းကို ဇန်န၀ါရီလ ၂၀ ရက်နေ့ သတ်မှတ်ပြီး လုပ်ထုံး လုပ်နည်းများ နဲ့အညီ အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ ၀န်ကြီးဌာန အနေနဲ့ စားသုံးသူ ကာကွယ် ပေးရေးနဲ့ တရားမ၀င် ကုန်သွယ်မှု လျော့နည်း ကျဆင်းရေး အတွက် Mobile Team အဖွဲ့များ စေလွှတ်ပြီး လှုပ်ရှားရှာဖွေ တားဆီးမှုကို မူဆယ်-မန္တလေး လမ်းကြောင်း၊ မြ၀တီ-ရန်ကုန် လမ်းကြောင်း၊ မူဆယ်၊ ချင်းရွှေဟော်၊ တာချီလိတ်၊ မြိတ်၊ ကော့သောင်း၊ တမူး၊ ရိဒ်စခန်းများ အနီးတစ်ဝိုက် အစရှိတဲ့ နေရာတွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာ လတွေကတည်းက ဆောင်ရွက်ခဲ့ ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ဆောင်ရွက်ခဲ့ရာ မှာတော့ အရေးယူ ဆောင်ရွက်မှု မပြုလုပ်ခင် ပညာပေး ကာလ အဖြစ် သတ်မှတ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုအခါ ပညာပေး ကာလ အပြီး အရေးယူ ဆောင်ရွက်မှု တွေကို သက်ဆိုင်ရာ အဖွဲ့အစည်း များနဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့