Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 29 December 2012

ကေအိုင်အိုဌာနချုပ် လိုင်ဇာအနီးတိုက်ပွဲများဆက်လက်ပြင်းထန်

ခရစ္စမတ်မတိုင်မီကတည်းက တိုက်ပွဲများဖြစ်ပွားနေပြီး ယနေ့(ဒီဇင်ဘာ ၂၉) ရက်တွင်လည်း ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့အနီးတွင် တိုက်ပွဲများ ဆက်လက်ပြင်း ထန်နေကြောင်း ဒေသခံများနှင့် ကေအိုင်အေအရာရှိတစ်ဦးထံမှ သတင်းရရှိသည်။

ယနေ့တွင် တိုက်ပွဲများဖြစ်ပွားခဲ့သော နေရာများ မှာ ကေအိုင်အေ ယာယီဌာနချုပ် ရှိရာ လိုင်ဇာမြို့အနီးတွင်ဖြစ်ပြီး လိုင်ဇာမြို့မှ လက်နက်ကြီးနှင့် ပစ်ခတ်သံများကို ည ၇နာရီကျော်အထိ ကြားနေရကြောင်း ဒေသခံတစ်ဦးက 7 Day News ၏ ဆက်သွယ်မေးမြန်းမှု့ကိုဖြေကြားသည်။
တိုက်ပွဲဖြစ်ပွားသောနေရာများမှာ ကန်တော်ယန်-ဂျာထ နှင့် လိုင်ဇာမှ ကားဖြင့် မိနစ် ၂၀ခန့်သွားပါက ရောက်သော မိုင်ဆပ်ပါစခန်း အနီးတို့တွင်နက်ကြီး များဖြင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ကေအိုင်အေ အရာရှိ တစ်ဦးထံမှသိရသည်။

လိုင်ဇာမြို့အနီးယခုရက်ပိုင်းဖြစ်ပွားသော တိုက်ပွဲများတွင် မြန်မာ့တပ် မတော်ဘက်မှ မီတွမ်တီဖိုးပီ အမျိုးအစား စစ်လေယာဉ်များသုံးကာ ပစ်ခတ်မှု့များရှိခဲ့ကြောင်း သတင်းရရှိသည်။

ခရစ္စမတ်နေ့မတိုင်မီတစ်ရက်မှစကာ နေ့စဉ်ဆိုသလို လက်နက်ကြီး ပစ်ခတ်သံများကို လိုင်ဇာမြို့အနီးကြားနေရပြီး ယမန်နေ့(ဒီဇင်ဘာ ၂၈ရက်) ကလည်း လိုင်ဇာမြို့မှ ၇မိုင်ဝေးသော လဂျားယန်တွင် တိုက်ပွဲများပြင်း ထန်ခဲ့သည်။

ထိုသို့တိုက်ပွဲများတစ်ရက်ထက်တစ်ရက်ပြင်းထန်လာသဖြင့် လိုင်ဇာဒေသခံများမှာ အလွန်စိုးရိမ်ထိတ်လန့်လျက်ရှိသည်။ လိုင်ဇာမြို့အနီးတွင် လုံခြုံရေးအခြေအနေစိုးရိမ်ရသဖြင့် ဒီဇင်ဘာ ၂၄ ရက်ကတည်းက ည၉နာရီကျော်လျှင် အပြင်မထွက်ရန် အမိန့်ထုတ်ပြန်ထားသည်။

7Day News Journal

ပုံတွင် လိုင်ဇာမြို့ရှိ Woi Chyai စစ်ဘေးဒုက္ခသည်စခန်းတွင် စစ်တိမ်းရှောင်နေသည်မှာ ၁၈လကြာမြင့်နေပြီဖြစ်သော ကလေးငယ်များကို ဒီဇင်ဘာ ၂၄ရက်က တွေ့ရစဉ်။
ဓာတ်ပုံ-ဂျေမောင်မောင် (အမရပူရ)


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့