Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 26 December 2012

လာမည့် နွေရာသီ ကာလတွင် ပုံမှန်အပူချိန်ထက် ပိုမြင့်တက် လာမည်


လာမယ့် ၂၀၁၃ ခုနှစ်ရာသီ အစဖြစ်တဲ့ ဇန်န၀ါရီလနဲ့ ဖေဖော်ဝါရီလတွေမှာ ကြုံတွေ့ရမယ့် နွေရာသီ ကာလမှာ ယခင်နှစ်တွေက ပုံမှန်ရောက်ရှိ နေတဲ့ နွေရာသီ
ကာလ အပူထက် ပိုမိုမြင့်မား နိုင်တယ်လို့ မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်ရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို အပူချိန် မြင့်မားနိုင်တဲ့ ဒေသတွေ ကတော့ မြန်မာနိုင်ငံ မြေလတ်ပိုင်း ဒေသ၊ မြစ်ဝကျွန်းပေါ်နဲ့ မြန်မာနိုင်ငံ တောင်ပိုင်း ဒေသတွေ ဖြစ်ပြီး အဲ့ဒီဒေသ တွေမှာ ကျန်ဒေသ တွေထက် ပိုမိုပူပြင်း နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာ အနေ နဲ့လည်း အရင်နှစ် တွေထက် အပူချိန် ပိုများနိုင် မယ်လို့ သိရပါတယ်။ အခုလို အပူချိန် များပြားနိုင်မှု သာမက နွေရာသီ နှောင်းပိုင်း ကာလ တွေမှာ လေထု မငြိမ်သက်မှု များလည်း ဖြစ်ပေါ်နိုင်တဲ့ အပြင် မိုးတိမ်တောင် ဖြစ်ထွန်းမှု ကိုလည်း ကြုံတွေ့နိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့်နှစ် မတ်လ၊ ဧပြီလနဲ့ မေလတို့မှာ လေဆင် နှာမောင်း ဖြစ်ပေါ်မှုနဲ့ လေပြင်းတိုက်မှု၊ မိုးကြိုးပစ်မှုတွေ အနည်းငယ် ဖြစ်ပေါ်နိုင်လို့ သတိထား သင့်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကမ္ဘာပေါ်ရှိ သဘာဝ ဘေးအန္တရာယ် အဆိုးဝါးဆုံး ဖြစ်ပွားတဲ့ ၁၀ နိုင်ငံမှာ အာရှတိုက်ရှိ ၇ နိုင်ငံ အပါအ၀င် ဖြစ်ပြီး အဲ့ဒီနိုင်ငံတွေ ထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်ရှိ သစ်တော အပြုန်းတီးဆုံး နိုင်ငံ ၄ နိုင်ငံမှာလည်း မြန်မာနိုင်ငံက အဆင့် ၄ နေရာမှာ ပါဝင်နေတယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့