Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 29 December 2012

သံဃာများကို အကြမ်းဖက် နှိမ်နင်းမှု တစ်လပြည့် အထိမ်းအမှတ် ထပ်မံဆန္ဒပြ

ထားဝယ်၊ ဒီဇင်ဘာ ၂၉

ထားဝယ် ဒေသ အနောက်ဘက် အညာဖျား ကျေးရွာတွင် သဘာဝ စွမ်းအင် လှိုင်း ကုမ္ပဏီ လီမိတက် မှ တည်ဆောက်မည့် အညာဖျား ရေကာတာ စီမံကိန်း ကြောင့် ရပ်ရွာ ပြောင်းရမည့် အရေးကို မလိုလား သည့် အတွက် ကျေးရွာ နှစ်ရာမှ ဒေသခံများ နှစ်ရာခန့် တက်ရောက်၍ စုဝေး ဆုတောင်း ခဲ့သည်။

ပြောင်းရွှေ့ရန် ရာထား ခံရသည့် ရွာများ အနက် ဒါးသွေးကျောက် ကျေးရွာနှင့် အညာဖျား ကျေးရွာ များ၌ ယင်း ဘာသာရေး စုံညီ ဆုတောင်း ပွဲကို ဒီဇင်ဘာလ ၂၈ ရက် နေ့တွင် တပြိုင်တည်း ပြုလုပ် ခဲ့ပြီး အခြား နေရာများသို့ ပြောင်းရွှေ့ ရခြင်းမှ ကင်းဝေး ကြပါစေ ဟု ဆုတောင်း ခဲ့သည်။ ဤနေရာ ဤမြေသည် မိမိ တို့၏ မြေ မိမိတို့၏ နေထိုင်ရာ ဒေသ ဖြစ်သည့် အတွက် မွေးရာ ဇာတိကို ကာကွယ်ရန် အခွင့် အရေး ရှိကြောင်း၊ ဇာတိ မြေသည် ဒေသခံ များ၏ အသက်နှင့် သိက္ခာ ဖြစ်ကြောင်း ရန်ကုန် မြို့တော် ကရင် ခရစ်ယာန် နှစ်ခြင်း ဓမ္မ တက္ကသိုလ်မှ ပါမောက္ခ စောခရစ်စတိုဖာဒေး က ဆုတောင်းပွဲ တွင် ပြောဆိုသည်။

အညာဖျား ရေအား လျှပ်စစ် စီမံကိန်း ရေကာတာ တည်ဆောက်ခြင်း ကြောင့် အညာဖျား ကျေးရွာ အုပ်စုရှိ အညာဖျား၊ ဒါးသွေး ကျောက်၊ ဆိပ်ချောင်း၊ ညောင်ချောင်း၊ ဥယျာဉ်ကြီး စသည့် ကျေးရွာ များမှ အိမ်ခြေ ၄၀၀ ဝန်းကျင်၊ လူဦးရေ နှစ်ထောင်ခန့် နှင့် နှစ်ရှည် ဥယျာဉ်ခြံ ဧကပေါင်း တစ်သောင်းကျော် ရေလွမ်းမိုး နစ်မြှပ်မည့် ဘေးဒုက္ခနှင့် ရင်ဆိုင် ရမည် ဖြစ်သည်။

Dawei Watch
The Voice Weekly


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့