Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 26 December 2012

ရှေးဟောင်း ဘုရားများကိုပါ ပူဇော်ခံ ထားရှိ


ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီ မြို့နယ် အင်းလျက် အုပ်စု၊ ရေပြာကျေးရွာ အနီးရှိ အသစ် တည်ဆောက်ပြီးတဲ့ အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာ ကျောင်းတိုက်မှာ
ပြည်ပနိုင်ငံသား အချို့မှ လှူဒါန်းထားတဲ့ ရှေးဟောင်း ဘုရားတွေကို အပူဇော်ခံ ထားရှိပြီး ဘုရားဖူး တွေနဲ့စည်ကားလျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို အပူဇော်ခံ ထားရှိတဲ့ ရှေးဟောင်း ဘုရားတွေဟာ စုစုပေါင်း ၃၀၁ ဆူ ရှိတာ ဖြစ်ပါတယ်။ အခုလို ဘုရားတွေကို ပူဇော်ခံ ထားရှိရာမှာ လာရောက်ကာ ဖူးမြော် လိုသူတွေကို ၀င်ထွက် ခွင့်ပြုပြီး သွားလာ ဖူးမြော် စေလျက် ရှိတာ ဖြစ်ပါတယ်။

အဆိုပါ ရှေးဟောင်း ဘုရားတွေကို စံပယ်တော်မူ ထားစေတဲ့ အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာ ကျောင်းတိုက်ကို ဆောက်လုပ်ပြီးစီးတာ မကြာသေးဘဲ အဲ့ဒီ ကျောင်းတိုက် ဖွင့်ပွဲနဲ့ ရေစက်ချပွဲ ကိုတော့ ဒီဇင်ဘာလ ၂၆ ရက်နေ့ ကနေ ၂၈ ရက်နေ့အထိ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီလို ကျင်းပရာ မှာတော့ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ အောင်ဇမ္ဗူတောရ ဆရာတော်ကြီးကို သိက္ခာထပ်ပြီး ဆရာတော် ၂၁ ပါး သိမ်ဆင်း လောင်းလှူခြင်းများ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်နေ့မှာတော့ သံဃာတော် အပါး တစ်ထောင်နဲ့ ပရိတ်ရွတ်ခြင်း၊ မေတ္တာပို့ခြင်း၊ ဆွမ်းသင်္ကန်း ကပ်ခြင်း၊ ထီး၊ ဖိနပ်လောင်း လှူခြင်းနဲ့ ဘုရားတွေကို အနေကဇာ တင်ခြင်းတွေ ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလ ၂၈ ရက်နေ့ မှာလည်း ဗိမာန် ရင်ပြင် ဖွင့်ပွဲ ပြုလုပ်မှုနဲ့ တရားနာခြင်း၊ ရေစက်ချခြင်း တွေကို ဆက်လက် ကျင်းပ သွားဖို့ရှိတယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့