Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 29 December 2012

မြန်မာ့ရွှေဈေးကျသော်လည်း ငွေလဲနှုန်းအနည်းငယ်မြင့်တက်လာ

ရန်ကုန်၊ ဒီဇင်ဘာ ၂၉။

ရွှေဈေးနှုန်းများသည် နှစ်ကုန်ကာနီးလာသည်နှင့်အမျှ ပိုမိုကျဆင်းလာခဲ့ပြီး အရောင်းအဝယ်အေးခဲ့သော်လည်း ပြည်တွင်းရှိ ငွေကြေး ဈေး ကွက်တွင် အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းထားသည် အနည်းငယ်
မြင့်တက်လာခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရသည်။

ရွှေဈေးကွက်တွင် ပြီးခဲ့သည့်လအနည်းအတွင်းက ရွှေဈေးနှုန်း မြင့်တက်
လာမှုကြောင့် ငွေဖော်ချင်သူများက ဈေးကွက်အတွင်း ပြန်လည် ရောင်းချမှု များ ရှိသောကြောင့် ဈေးနှုန်းကျဆင်းလာခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ ထို့အတူ ကမ္ဘာ့ ရွှေဈေးကွက်တွင် ရွှေဈေးနှုန်းများ ကျဆင်းလာခဲ့ခြင်းကြောင့်လည်း
မြန်မာ့ရွှေဈေးနှုန်းပါ ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်အသင်းမှ ဦးဝင်းမြင့်က ပြောကြားသည်။

“ ပြည်တွင်းရွှေဈေးက ကမ္ဘာရွှေဈေးကျရင် လိုက်ကျတယ်၊ ပြီးတော့ နှစ်သစ် ကူး ကာလကြောင့်လည်း ပါတယ်။ ဒီလအနည်းငယ်မှာ ရွှေဈေး တက်လို့ ထုတ်ရောင်းသူပဲရှိပြီး ဝယ်သူသိပ်မရှိလို့ ဈေးနှုန်းတွေ ကျလာတာလည်း
ဖြစ်နိုင်ပါတယ်”ဟု လသာမြို့နယ်အတွင်းရှိ ရွှေအရောင်းအဝယ် လုပ်ကိုင်သူ ကိုမြတ်သူက ဈေးကွက်ကို ခန့်မှန်းပြောဆိုသည်။

ပြည်တွင်းရွှေဈေးကွက်တွင် ဈေးနှုန်းများကျဆင်းနေသော်လည်း မြန်မာကျပ်
ငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းများသည် အနည်းငယ် မြင့်တက် လာကြောင်း၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အမေရိကန်ဒေါ်လာဈေးနှုန်း သည် မြန်မာငွေ ၈၄၅ ကျပ်သာ ရှိသော်လည်း ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ၈၅၇ ကျပ်ဝန်းကျင်အထိ တက်လာခဲ့ကြောင်း ပို့ကုန်ရငွေနှင့် ဒေါ်လာ အရောင်းအဝယ်လုပ်ကိုင်သူ ကိုအောင်က ပြောကြား သည်။

“ ဒီရက်ပိုင်း ဒေါ်လာဈေး နည်းနည်းတက်လာတယ်။ ရွှေဈေးကျလို့လည်း
ဖြစ်နိုင်တယ်၊ ခုရက်ပိုင်းမှာတော့အဓိက ဈေးတက်လာတာက ငွေလဲ
ကောင်တာတွေမှာ အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်ခွင့်ကို ရပ်ဆိုင်းထားလို့ အပြင်ဈေးကွက်မှာ ဈေးတက်လာတာလည်း ဖြစ်နိုင်တယ်” ဟု ၎င်းက ရှင်းပြသည်။

ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်ဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သား
လျှင် ၇၅၈၀၀၀ ကျပ်ရှိပြီး မန္တလေးဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်
သားလျှင် ၇၅၇၈၀၀ ကျပ်ရှိခဲ့ရာ မန္တလေးဈေးနှုန်းသည် ရန်ကုန်ဈေးနှုန်း ထက် ကျဆင်းနေကြောင်း တွေ့ရသည်။

ပြီးခဲ့သည့်လအနည်းနှင့် နှိုင်းယှဉ်လျှင် ရွှေဈေးနှုန်းသည် နေ့စဉ် ထောင် ဂဏန်းမှ သောင်းဂဏန်းဝန်းကျင် ကျဆင်းနေကြောင်း ဈေးကွက် လေ့ လာသူများက ပြောကြားသည်။

ကမ္ဘာ့ရွှေဈေးကွက်တွင်လည်း နယူးယောက်ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် ၁၆၆၀ ဒေါ်လာဖြစ်သောကြောင့် ပြီးခဲ့သည့် ၁၁ရက်နေ့ ဈေး ၁၇၀၀ ထက်ကျဆင်းနေသည်ကို တွေ့ရသည်။

အမေရိကန်ပြည်ထောင်စုတွင် အသုံးစရိတ်လျော့ချပြီး အခွန်တိုးမြင့်ကောက်
ခံခြင်းကို ရှောင်ရှားရာမှ တဆင့်ရက်ပိုင်းအတွင်း ရွှေဈေးကျခဲ့ ကြောင်း သို့သော် ရက်ပိုင်းအတွင်း ဈေးနှုန်းတက်လာကြောင်း၊ အများအားဖြင့် အကျဘက်ကို ဦးတည်နေကြောင်း၊ အမေရိကန်နိုင်ငံတွင် အနာဂတ်ရွှေ
ဈေးနှုန်းကို မှန်းဆမရဖြစ်နေကြောင်း ယင်းနိုင်ငံရှိ ဈေးကွက်ကျွမ်းကျင်သူ
များက သုံးသပ်ပြောကြားထားကြောင်း သိရသည်။

အောင်ကိုကို - The Myanma Age


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့