Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 26 December 2012

ဆင်ဆာမဲ့ ဗီဒီယို ဖမ်းဆီးမှု အမှုပေါင်း ၆၅၅ ခု ရှိခဲ့


ပြီးခဲ့တဲ့ ၁၁ လတာ ကာလ အတွင်းက ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ ဆင်ဆာမဲ့ ဗီဒီယို ဖမ်းဆီးမှုတွေ အနေနဲ့ အမှုပေါင်း ၆၅၅ ခု ရှိခဲ့တယ်လို့ ဒီဇင်ဘာလ
၂၄ ရက်နေ့က ရန်ကုန်မြို့ တာမွေ မြို့နယ်ရှိ မြန်မာနိုင်ငံ ဂီတ အစည်းအရုံး ဗဟိုမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှ သိရပါတယ်။ အခုလို ဖမ်းဆီးခဲ့မှု တွေဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလ အထိ ဖြစ်ပါတယ်။ ဒီလို ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဖမ်းဆီးခဲ့တဲ့ ဆင်ဆာမဲ့ ဗီဒီယို စာရင်းတွေ ကတော့ ပြီးခဲ့တဲ့ ညစ်ညမ်းခွေ ငါးထောင့် လေးရာကျော်၊ နိုင်ငံခြားခွေ ခုနစ်သိန်း ခုနှစ်ထောင်ကျော်၊ မြန်မာခွေ တစ်သိန်း နှစ်သောင်း ငါးထောင်ကျော်၊ တရားခွေနဲ့ သီချင်းခွေပေါင်း တစ်သိန်း ခြောက်သောင်း ရှစ်ထောင် ကျော်ကို ဖမ်းဆီး ရမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဆင်ဆာမဲ့ ဗီဒီယို ဖမ်းဆီးမှု အနေနဲ့ အခွေပေါင်း ဆယ်သိန်း ကျော်ရှိခဲ့ပြီး တရားခံပေါင်း ငါးရာ ကျော်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာ ရန်ကုန်မြို့ အတွင်း ဆင်ဆာမဲ့ ဗီဒီယိုခွေ ရောင်းချမှု ပပျောက်စေဖို့ အတွက် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းပြီး ဆက်လက် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့