Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 26 December 2012

Myanmar Countdown 2013 ၀င်ခွင့်လက်မှတ်များ ထုတ်ယူနိုင်ပြီဖြစ်


Myanmar Countdown 2013 အတွက် ၀င်ခွင့် လက်မှတ် များကို ဒီဇင်ဘာလ ၂၅ ရက်နေ့မှ စတင်ကာ အခမဲ့ ထုတ်ယူနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို ထုတ်ယူမှုကို နီးစပ်ရာ MRTV-4 Show Room တိုင်းမှာ မှတ်ပုံနဲ့အတူ လာရောက် ထုတ်ယူ နိုင်တာ ဖြစ်ပါတယ်။ လက်မှတ် ထုတ်ပေးရာ မှာတော့ မှတ်ပုံတင် တစ်ခု အတွက် လက်မှတ် ၁ စောင် ရရှိမှာ ဖြစ်ပြီး လက်မှတ် ၁ စောင်ကို လူ ၂ ဦး ၀င်ရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

အခုလို လက်မှတ် ကြိုတင် ထုတ်ယူကာ ပြပွဲနေ့မှာ အဆိုပါ လက်မှတ်နဲ့ ၀င်ရောက် ကြည့်ရှုသူ တွေကို စတိတ်စင် အနီးကြည့်ရှုခွင့် အတွက် ဆောင်ရွက်ပေး မှာဖြစ်ပြီး အဆိုပါ နေ့မှာ လက်မှတ် မပါဘဲ နောက်ပိုင်းမှ ရောက် ရှိလာသူတွေ ကိုတော့ နေရာတစ်ခု သတ်မှတ်ကာ သီးခြားစီ ထားရှိပေး ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လက်မှတ်များ ကြိုတင် ထုတ်ပေးမှု အတွက် လက်မှတ် အရေအတွက်ကို အတိအကျ သတ်မှတ် ထားတာ မရှိဘဲ သတ်မှတ် ထားတဲ့ လက်မှတ် အရေအတွက် ကုန်သွားတဲ့ အထိ နေ့စဉ် ထုတ်ပေး သွားမှာ ဖြစ်ပါတယ်။

လက်မှတ် ထုတ်ပေး သွားမယ့် နေရာတွေ ကတော့ ဟံသာဝတီ အ၀ိုင်းမှာရှိတဲ့ MRTV-4 Show Room နဲ့ ကျောက်မြောင်း၊ သာကေတ၊ ကျောက်တံတား၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ အင်းစိန် အစရှိတဲ့ မြို့နယ် တွေမှာရှိတဲ့ MRTV-4 Show Room တိုင်းမှာ ထုတ်ယူ နိုင်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့