Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 29 December 2012

အမေရိကန် သံရုံးတွင် ချစ်ကြည်ရေး ဘတ်စကက် ဘောပွဲ ကျင်းပပြုလုပ်ခဲ့


အမေရိကန် သံရုံးတွင် ကျင်းပ ပြုလုပ် ခဲ့သည့် ချစ်ကြည်ရေး ဘတ်စကက် ဘောလုံးပွဲကို မနေ့က ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီက ရန်ကုန်မြို့
တက္ကသိုလ် ရိပ်သာ လမ်းရှိ သံရုံးတွင် ကျင်းပ ပြုလုပ် ခဲ့ပါတယ်။ အဆိုပါ ချစ်ကြည်ရေး ဘတ်စကက်ဘော ပွဲစဉ် ကိုတော့ အမေရိကန် သံအမတ် မစ္စတာ ဒဲလ်ရစ်မစ်ချယ်လ် နဲ့အတူ အမေရိကန် နိုင်ငံသို့ လေ့ကျင့်ရေး သွားရောက် ပြုလုပ်မယ့် Sports United Excange Program တွင် ရွေးချယ်ခံ ထားရတဲ့ ကစားသမား များက ချစ်ကြည်ရေး ဘတ်စကက် ဘောကစား ခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါ ချစ်ကြည်ရေး ပွဲစဉ် မှာတော့ အမေရိကန် သံအမတ် မစ္စတာ ဒဲလ်ရစ်မစ်ချယ်လ်နဲ့ အမေရိကန် သံရုံးမှ တာဝန်ရှိ သူများနဲ့ Sports United Exchange Program ကစားသမားများက ချစ်ခင်ရင်းနှီးစွာ ဘတ်စကက်ဘော ကစားခဲ့ကြ ပါတယ်။ အဆိုပါ Sprots United Exchange Program အတွက် ကစားသမားများ ကိုတော့ အသက် ၁၃ နှစ်မှ ၁၈ နှစ် အတွင်းရှိ လက်ရွေးစင် အားကစားသမား မဟုတ်သော ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးရှိ ကျောင်းများမှ ကစားသမား များကို ရွေးချယ် ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ကစားသမား များဟာ အမေရိကန် နိုင်ငံတွင် သွားရောက် လေ့ကျင့်ခန်း ပြုလုပ်မှာ ဖြစ်ပြီး အမျိုးသား ၆ ဦး၊ အမျိုးသမီး ၆ ဦးနဲ့ နည်းပြ ၂ ဦး ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ချစ်ကြည်ရေး ပွဲစဉ် မစတင်မီမှာ မစ္စတာ ဒဲရစ်မစ်ချယ်မှ ကစားသမားများနဲ့ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခဲ့ ပါတယ်။ အဲ့ဒီနောက် မှာတော့ အစီအစဉ်ကို စီစဉ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး မီဒီယာများကို ရှင်းလင်း ပြောကြား ခဲ့ပါတယ်။ ချစ်ကြည်ရေး ဘတ်စကက် ဘောပွဲကို ညနေ ၄ နာရီခွဲမှာ စတင် ကစားခဲ့ ကြပါတယ်လို့ သတင်းရရှိပါတယ်။ 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့