Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း

<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 29 December 2012

ကဗျာနန်းတော် မှ ကဗျာများ

မင်းရင်ခွင်
poem nanndor at ကဗျာနန်းတော် - 6 hours ago
မင်းရင်ခွင်မှာ ငြိမ်သက်မှုများစွာနဲ့  ငါ့ကိုနားနေခွင့်ပြုပါ... ချစ်သူရေ မင်းရဲ့ ချစ်ခြင်းတွေနဲ့  မင်းပေးခဲ့တဲ့ အနမ်းတွေက ငါ့တို့ နှစ်ယောက်ရဲ့ အတိတ်ကနေ လွတ်မြောက်ဖို့  ငါ့ကို ခက်ခဲစေခဲ့ပီကွယ်.... တခါတလေ မင်းရဲ့ အေးစက်တဲ့ အပြုအမူတွေက ငါ့ကိုတွေဝေစေတယ် ဆိုတာ မင်းသိရဲ့ လား...... ချစ်သူရေ မင်းရဲ့ အကြည့်တွေ အောက်မှာ ငါသေစေနိုင်တယ် ကျေးဇူးပြုပြီး ခံစားချက်ကင်းမဲ့တဲ့ အကြည့်မျိုးနဲ့  ငါ့ကို မကြည့်ပါနဲ့ ...... ငါ မင်းဆီက အများကြီး မျှော်လင့်မထားပါဘူး ငါ့တို့ နှစ်ယောက် ချစ်နေကြသေးတယ် ဆိုတာလေးနဲ့  ငါက ကျေနပ်မဲ့သူပါ.... ငါ့တို့ က ချစ်ခြင်းကို မြတ်နိုးတဲ့ သူတွေမို့ လို့  ငါ့တို့ ရဲ့ ငြိမ်သက်နေတဲ့ ရင်ခွင်... more »
အိမ်ထောင်ရေးမည်သော ဖိနပ်တစ်စုံ
poem nanndor at ကဗျာနန်းတော် - 2 days ago
ဖိနပ်ကို အမျိုးမျိုးသော ဝတ္ထုပစ္စည်းတွေနဲ့လုပ်ကြတယ်။ အလွယ်ဆုံးနဲ့ အရှင်းဆုံးဖိနပ်က ငှက်ပျောရွက်နဲ့ လုပ်တာဖြစ်နိုင်သလို တန်ဖိုးအကြီးဆုံးနဲ့ အရှားပါးဆုံးက စင်ဒရဲလားရဲ့ လက်လက်ထနေတဲ့ ဖိနပ်လည်းဖြစ်နိုင်တယ်။ *ဘယ်လိုဖိနပ်မျိုးဖြစ်ဖြစ် အဓိက,က ခြေထောက်နဲ့တော်ဖို့၊ ကိုက်ညီဖို့ဖြစ်ပြီး ဘယ်လို အိမ်ထောင်ရေးမျိုးဖြစ်ဖြစ် အဓိက,က စည်းချက်ညီဖို့နဲ့ သဟဇာတဖြစ်ဖို့ပဲ ဖြစ်ပါတယ်။ * *ထက်မြက်တဲ့ယောက်ျားနဲ့ ထက်မြက်တဲ့ မိန်းမတို့ရဲ့ အိမ်ထောင်ရေးက နာမည်ကြီးတံဆိပ် ဖိနပ်နဲ့တူတယ်။* လှပပြီးအဖိုးတန်သလို ကြည့်လိုက်တာနဲ့ လူကိုကြည်နူးစေတယ်။ ဒါပေမယ့် တန်ဖိုးကြီးမားပြီး လှပတာကြောင့် ရွံ့အပေမခံဘူး။ ရွံ့နည်းနည်းပေတာနဲ့ ကြ... more »
ချစ်လျှက်နဲ့ဝေးရပေမယ့် ငါတို့ဆက်ချစ်နေကြမယ်
poem nanndor at ကဗျာနန်းတော် - 1 week ago
အချစ်ဟုတ်လား ငါကိုင်ကြည့်လိုက်တော့ အလွမ်းတွေကြီးပဲ.ရလိုက်တာကို အချစ်လို့ခေါ်တယ်ပေါ့.... နင် မသိပါဘူး တစ်ယောက်တည်း ကြယ်တွေကို ရေနေရတဲ့ ငါ့အဖြစ်ကို နင် မမြင်နိုင်ပါဘူး ကြယ်ကြွေတိုင်း ဆုတွေတောင်းနေတဲ့ ငါ့ အဖြစ်ကို ဖြစ်နိုင်မလားတော့ မသိဘူးပေါ့နော် ဖြစ်နိုင်ရင်တော့.. နင့်ရဲ့အနားမှာ ငါရှိချင်တယ် ပြီးတော့... နင်ရဲ့တစ်ဘ၀လုံးစာကိုပါ ငါ ပိုင်ဆိုင်ချင်မိတယ်..........။ ဒါပေမယ့် လောလောဆယ်မှာ ပြစရာဆိုလို့ နင်ပေးတဲ့ အချစ်လို့ခေါ်တဲ့ အလွမ်းတွေပဲ ရှိပါတယ် ချစ်သူရယ်....... more »
မနေ့က စိတ်ညစ်စရာကိုဒီနေ့သယ်မလာပါနဲ့

မနေ့က စိတ်ညစ်စရာကိုဒီနေ့သယ်မလာပါနဲ့ အဲဒီအစား ဘာကြောင့်စိတ်ညစ်ခဲ့ရသလဲဆိုတဲ့အဖြေကိုပဲသယ်လာပါ မနေ့ကအဆင်မပြေမှုကို ဒီနေ့သယ်မလာပါနဲ့ အဲဒီအစား ဘာကြောင့်အဆင်မပြေခဲ့ရလဲဆိုတဲ့အဖြေကိုပဲသယ်လာပါ မနေ့ကဆုံးရှုံးခဲ့တာကို ဒီနေ့ပြန်မခံစားပါနဲ့ အဲဒီအစား ဘာကြောင့်ဆုံးရှုံးခဲ့ရလည်းဆိုတဲ့ အဖြေကိုပဲသယ်လာပါ မနေ့ကကြေကွဲဝမ်းနည်းမှုကို ဒီနေ့သယ်မလာပါနဲ့ အဲဒီအစား ဘာကြောင့်ဝမ်းနည်းကြေကွဲခဲ့ရလဲဆိုတဲ့အဖြေကိုပဲသယ်လာပါ မနေ့ကမလုပ်လိုက်မိတဲ့ အရာတွေကိုနှမြောတသမနေပါနဲ့ အဲဒီအစား ဒီနေ့မှာပဲအကောင်အထည်ဖော်လိုက်ပါ ဝမ်းနည်းစရာဖြစ်ဖြစ်၊ အမှားအယွင်းတွေဖြစ်ဖြစ် ၊ ဆုံးရှုံးမှုတွေဖြစ်ဖြစ် ကြုံတွေ့ရတဲ့အခါ စိတ်ညစ်နေတာချည်း မလုပ်ပါ... more »
“မ” ကတော့ယုံချင်မှယုံမှာ
poem nanndor at ကဗျာနန်းတော် - 2 weeks ago
တကယ်ပြောတာပါ “မ” ကတော့ယုံချင်မှယုံမှာ အလွမ်းတွေ နဲ့ကျွန်တော်မရှင်သန်ပါရစေနဲ့ ရှင်လျက်နဲ့ သေနေမှာမို့ပါ… ကျွန်တော်ဘဝရဲ့ ပထမဆုံးသောအနွေးဓာတ်ရယ် ဘယ်ဆောင်းကိုမှကျွန်တော် မမှု့တော့ဘူး “မ” သာဘေးမှာရှိပေးပါ အနာဂတ်လမ်းတွေ အားလုံးလင်းနေမှာ… “မ” လက်ကိုတွဲပြီး ဘဝတိုက်ပွဲတွေမှာ ကျွန်တော့်လောက်ရဲရင့်တဲ့ “ဓား” ရှိမှာမဟုတ်တော့ပါဘူး။ စကားတစ်ခွန်းထဲပါ ဒါပေမယ့် လူတစ်ယောက်ဘဝကို ပြောင်းလဲသွားမှာတော့ “မ” ဆီကအဖြေပါ ကျေးဇူးပြုပြီး မရက်စက်ပါနဲ့ဗျာ.. ကြွေသွားလိမ့်မယ် ကြယ်တွေမဟုတ်ဘူး ကျွန်တော့် နှလုံးသားပါ “မ” ဆိုတဲ့နဂါးငွေ့တန်းဆီကနေပေါ့… ကြယ်ဆိုတာကြွေပြီးရင် အသစ်မဖြစ်တော့သလို ကျွန်တော့်နှလုံးသားလည်း အနက်ရှိုင်းဆု... more »
အချစ်ကိုမျှော်လင့်

ရစ်ပတ်ချည်နှောင်သံယောဇဉ်ကြိုး နှလုံးသားထဲမှာလာငြိနေပြီ...... အချစ်တစ်ခုရင်မှာ သိုဝှက်တာလည်း ရက်တွေလတွေအတော်မြင့်နေပြီ....... ဒုက္ခဝေဒေနာလှိုင်းဘောင်ဘင်လည်း ငါ့မှာအမြဲတမ်းကြုံတွေ.နေပြီ....... မင်းအကြောင်းတွေကိုသီကုံးတာလည်း လွမ်းရက်တွေမှာကမ္ဘာပျက်နေပြီ......။ ချစ်လျက်နဲ.ပဲမုန်းယောင်ဆောင်လည်း အဓိပ္ပယ်တွေကသိသာနေတယ်...... ပတ်စပို.ပုံလေးသိမ်းကာနေလည်း နေ.စဉ်ရှုမငြီးကြည့်မိနေတယ်.......။ ငါကအခွင့်အရေးသမားတစ်ယောက်မဟုတ်ပါဘူး....... မင်းကိုကြိုလင့်ချစ်စကားပြောတာ ပြောမိသူကအပြစ်ရှိလား...... နှလုံးအိမ်သွေးယိုပေါက်ကွဲမတတ်ပေါ့ ငါ့မှာရူးတာမင်းမှမသိတာ..... နီးစပ်ဖို.အတွက်ကြိုးစားချိန်မှာ အရာအားလံ... more »
ယုံကြည်ပါချစ်သူ

အိပ်ယာဝင်လည်း ဟိုဘက်လူး ဒီဘက်လှိမ့် သူ့စိတ် အိပ်ပျော်သွားလည်း အိပ်မက်ထဲရောက်ရောက်လာ သူ့အရိပ် မိုးလင်းတော့လည်း သူ့စိတ် ရင်ခွင်ထဲနက်ရှိုင်းစွာနေရာယူသွားသူလေးရယ်. . . ရင်စည်းပြီးခံရတဲ့ အလွမ်းဒဏ် ကြင်သူမြင်ပါ့မလား မီးမှောင်းထိုးပြနေတာ ချစ်သူပုံရိပ် သာယာတဲ့နံနက်ခင်း ချစ်သူပုံရိပ်တွေနဲ့ဖြာလင်းလက် အသက်ထက်မြတ်နိုးမိနေပြီ ယုံကြည်ပါ ချစ်သူ ၀င်လာခဲ့ပါလား ရင်ထဲ လုံခြုံတဲ့အိမ်လေးဆောက်ပြီးပြီ. . . ။ ။
မျှော်လင့်သူ

မျှော်နေရသူဒုက္ခဟာ ဘယ်လောက်ကြီးမားလဲဆိုတာ မင်းသိမှာမဟုတ်ပါဘူး တစ်နေ့ပေါ့ ငါ့ဘက်ကိုစိတ်လည်လာမလား မျှော်လင့်မိတာ ရာသီတွေပြောင်း ပိတောက်တွေလည်း တစ်ခါပြီးတစ်ခါ ပွင့်ပြီးနေပြီ မျှော်လင့်နေသူဟာအရူးလား အရူးဆိုလည်းဆက်ရူးလိုက်မယ် အချစ်အတွက်အရူးပေါ့ မိုးသားကောင်းကင်ကြည်လင် ငှက်ကလေးတွေတေးဆိုနေပေမယ့် မသာယာနိုင်တဲ့ ရင်ထဲ နွမ်းလျလျ မှောင်မိုက်ပေါ့ မျှော်လင့်နေသူ ကြားချင်တာစကားတစ်ခွန်းထဲပါ ချစ်သူသိမှာပါ. . .။ ။
မမေ့သေးသောနွေ..............

ရော်ရွက်ဝါတွေမြေမှာခလို့  တစ်နွေရောက်ခဲ့ပြန်ပြီပေါ့ * . . . * ရော်ရွက်ဝါတွေမြေမှာခလို့  တစ်နွေရောက်ခဲ့ပြန်ပြီပေါ့ အဟောင်းတွေကအသစ်လိုနဲ့  ရင်ခွင်ထဲမှာဆွေးမြေ့နေတုန်းပဲ။ အတိတ်ဆိုတာအိမ်မက်ဆို နိုးထခြင်းနဲ့ အတူအရာအားလုံး.......... မေ့လျော့သွားမှာပေါ့။ မမေ့နိုင်တဲ့ရင်ခွင်ထဲမှာ လွမ်းနေဆဲပုံရိပ်တွေအတွက် အစားထိုးဖြေသိမ့်စရာ..... မျက်ရည်တစ်စက် လွမ်းတစ်သက်နဲ့ ... ရှေ့ ဆက်နေတုန်းပါပဲ။
ချစ်သူထံရင်ဖွင့်စာ

ချစ်သူ.......... ငါ့ဘေးမှာအသာရပ်လို့  ငါခံစားနေရတဲ့ဒုက္ခတွေ ဖြေရှင်းနိုင်ဖို့ အတွက် ငါ့ဘေးနားမှာရပ်တည်ပေးပါ..နော် * . . . * မျှော်လင့်နေမိပါတယ်.. မင်းဆီကအကြင်နာတရားတစ်စုံပေါ့ လမ်းလျှောက်ရင်းငါမောပန်းနေခဲ့တယ်။ ခိုနားချင်ခဲ့မိတယ်..မင်းရဲ့ ရင်ခွင်အစုံမှာ ဒါပေမယ့်မဖြစ်နိုင်ခဲ့ပါဘူး။ ငါတို့ ကတစ်ယောက်တစ်နေရာမှာလေ။ လေလှိုင်းထဲကအားပေးနှစ်သိမ့်သံ ငါမနက်ဖြန်လျှောက်လှမ်းဖို့  အားသစ်တစ်ခုပေါ့။ ဆုပ်ကိုင်ချင်မိတယ်...မင်းရဲ့ လက်တစ်စုံကို အားကိုးတကြီးပေါ့ ဘ၀မှာခက်ခဲလွန်းလို့ အားငယ်နေမိတယ် တစ်ယောက်ထဲလမ်းလျှောက်ရင်းစိုးရွံ့ လာလို့  မင်းရဲ့ လက်တစ်စုံကိုတမ်းတမိတာပါ။ မျှော်လင့်နေခဲ့မိတယ်..... မင်းနှုတ... more »
မိုး

ပြန်တွေ့ခွင့်ဆိုတာ မရေရာပေမယ့် တောင့်တမိတယ်.. ဘယ်အချိန်မှာ ပြန်ဆုံမယ်ဆိုတာ မသေချာပေမယ့် မျှော်လင့်မိတယ်.. ဒါပေမယ့် မိုးရယ် ကြွေလွင့်သွားတဲ့ ကြယ်ကလေးအစား လမင်းကြီးတောင် အစားမထိုးပါဘူး ကိုယ်မမုန်းနိုင်သေးလို့ပါ... * . . . * မိုးကိုအရမ်းချစ်တဲ့ ကိုယ် မိုးရွာရင်အရမ်းကြည်နူးတတ်တဲ့ ကိုယ် မိုးနဲ့ပတ်သတ်ရင် အမှတ်တရတွေ အသင်္ချေနဲ့ ကိုယ် အခုတော့ ကိုယ့်ဘ၀ မိုးမရွာခဲ့တာ ကြာပါပြီ..။ ခြေရာတွေဖျောက် တစ်သက်စာ အလွမ်းတွေနဲ့ နှုတ်မဆက်ဘဲ ပုန်းရှောင်သွားတဲ့မိုးကို အပြစ်မယူရက်ခဲ့တာ ချစ်လွန်းလို့ဆိုရင် ယုံပါ့မလားကွယ်..။ မိုးမရှိတဲ့ ကိုယ့်ညတွေဟာ အေးစက်စက် ချောက်အက်အက်ပါပဲ မိုးရွာတယ်ဆိုတာ တကယ်တော့ တိမ်တွေငို... more »
အလွမ်း

ခွဲခွာရမယ့်ရက်တွေတွေးထားမိလို့  ငါ့ရင်ထဲမှာပူလောင်နေရတယ်။ ခဏဆိုတဲ့အတွေးငါ့ခေါင်းထဲထည့်ထားလည်း တစ်ခါမှမခွဲဘူးလို့ ငါမနေတတ်ဘူး မင်းအသံမကြားရတဲ့နေ့ ရက်တွေ မင်းနဲ့ စကားပြောခွင့်မရှိတဲ့အချိန်တွေ ငါဘယ်လိုရင်ဆိုင်ရမှာလဲဆိုတာ တွေးတောလို့ တောင်မရခဲ့ပါဘူး။ ငါ့ပါးစပ်ကဆိုတာမုသားမဟုတ်ဘဲ ငါ့ရင်ထဲကအလွမ်းတွေပါ။ အဲအလွမ်းတွေအားလုံးဟာ မင်းတစ်ယောက်တည်းကြောင့် ဖြစ်တည်ခဲ့တယ်ဆိုတာ ယုံကြည်ပေးပါ..............ချစ်သူ။
ပြန်ကာချစ်ပါသူငယ်ချင်း

ဘာကြောင့်ချစ်လဲ ဘာလို.ချစ်လဲ မေးခွန်းတွေမမေးပါနဲ. ချစ်သူ ငါမဖြေတတ်ဘူး သံယောဇဉ်ကြိုးနှောင်ဖွဲ.လို.လားမသိ နင့်မျက်နှာ တစ်ရက်မတွေ. မနေနိုင့်ုဖြစ်ခဲ့ရပြီ နင့်အကြည့်တွေမှာ ငါ့အပေါ် အမုန်းရိပ်မသန်းစေချင်ဘူး အမုန်းတွေလည်းမစွန်.ကြဲပါနဲ. စွန်.ကြဲရင် နွေခေါင်ခေါင်မှာ ရင်ကွဲပြီးသေရလိမ့်မယ်. . . တားမြစ်မရတဲ့ အချစ်မိုး ခဏခဏ စွေ ခဏခဏ ဘုရားမှာရှိခိုးဆုတောင်းနေတာ နင်နဲ.ငါချစ်သူတွေ ဖြစ်ပါရစေ အခုထိ မပြည့်ဝသေးတဲ့တောင်းဆု ဘယ်အခါမှပြည့်ဝမှာလဲ. . . သူငယ်ချင်းရယ် ငါ့ကိုပြန်ကာချစ်ပါ အခုချိန် အလိုအပ်ဆုံးဟာ နင့်ရဲ.မေတ္တာ နင့်ရဲ.ကရုဏာ နင့်ရဲ.အချစ်ပါ. . . ။ ။
ကဗျာမတတ်သူ

ကဗျာမတတ် စာဖွဲ့ရန် ခက်တော့ လင်္ကာမသိ စာမညှိတတ်တော့ ရင်မှာသိုထား ဝေဒနာများကို သူသိအောင် ကြေညာချင်လဲ တိတ်တိတ်ခံစား သိမ်းလို့ပဲထားတော့မယ်……
လှမ်းလင့်မယ့် လက်တစ်စုံ

အလုပ်ပိတ်ရက် စနေနေ့တစ်နေ့မှာ အမေ့အိမ်ကို ကျွန်မပြန်ဖြစ်ခဲ့တယ်။ အဝေးကသမီး အိမ်ပြန်လာတော့ အမေက သူကိုယ်တိုင်ဈေးသွားပြီး ချက်ပြုတ်ကျွေးမွေးဖို့ ပြင်ဆင်ခဲ့တယ်။ ကျွန်မဘယ်လိုမှ တားမရခဲ့ဘူး။ “ ငါ့ကို မတားပါနဲ့.. ငါလှုပ်နိုင်သေးတယ်... ပြန်လာခဲတဲ့နင့်တို့အတွက် ငါကိုယ်တိုင် ချက်ပြုတ်ချင်လို့ပါ.. ဒါကို မောတယ်လို့ မခေါ်ဘူး... ပီတိလို့ခေါ်တယ်” “ဒါဆို သမီးလဲ ဈေးလိုက်ခဲ့မယ် အမေ” “အေး...လာ လိုက်ခဲ့... သမီးစားချင်တာတွေကို အမေဝယ်မယ်” အမေ အသက်ကြီးပါပြီ... လှမ်းလျောက်ရင် ခြေလှမ်းတွေက သိပ်မသွက်တော့ပါဘူး။ ဈေးခြင်းတစ်ဖက်ကိုဆွဲပြီး အိမ်အကြောင်း၊ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ကျွန်မတို့ ဈေးသွားခဲ့ကြတယ... more »
အချစ်ဆိုတာ......

"ငါတို့ လမ်းခွဲကြရအောင်" ကောင်မလေးက စိတ်ကိုတင်းပြီးပြောတယ်။ "ဘာဖြစ်လို့လဲ?" ကောင်လေးက နားမလည်စွာနဲ့မေးတယ်။ "ပင်ပန်းပြီ.. မောပြီဆိုမှတော့ အကြောင်းပြချက် မလိုတော့ဘူးထင်တယ်" ကောင်မလေးစကားကို ကောင်လေးက ဘာမှပြန်မပြောဘဲ ဆေးလိပ်ကို တဖွာပြီးတဖွာ ဖွာနေတယ်။ "မသွားပါနဲ့.. ခွဲမသွားနဲ့လို့တောင် ရင်ဖွင့်ပြီး မတားမြစ်တတ်တဲ့ချစ်သူက ငါ့အတွက် ဘာအပျော်တွေများ သယ်ဆောင်ပေးနိုင်ဦးမလဲ?" ကောင်မလေးရဲ့စိတ်တွေ အေးစက်လာသလို ခံစားမိတယ်။ တအောင့်ကြာမှ ကောင်လေးစကားစတယ်။ "ငါဘယ်လိုလုပ်မှ ငါ့ကို နင်ခွဲမသွားမှာလဲ?" "နင့်ကို ငါမေးခွန်းတစ်ခုမေးမယ်။ တကယ်လို့ နင်ဖြေတဲ့အဖြေက ငါ့စိတ်ထဲတွေးထင်ထားတဲ့ အဖြေနဲ့တူခဲ့ရင် နင်... more »
အခြားအမျိုးသမီးတစ်ဦးနှင့် ချိန်းတွေ့သည်

လက်ထပ်ပြီး ၂၁နှစ်လွန်မြောက်လာမှ ချစ်ခြင်းဆိုတဲ့ ပန်းတစ်ပွင့် အမြဲလတ်ဆတ် လန်းဆန်းစေတဲ့ နည်းတစ်နည်းကို ကျွန်တော်တွေ့ရှိခဲ့တယ်။ အဲဒီနည်းက ဘာပရိယာယ်မှ မပါတဲ့ ရိုးသားဖြူစင်တဲ့နည်း ဖြစ်တယ်။ မကြာသေးခင်က အခြားအမျိုးသမီးတစ်ဦးနဲ့ ကျွန်တော်ချိန်းတွေ့ခဲ့တယ်။ အဲဒီလို ချိန်းတွေ့ဖို့အကြံကို ကျွန်တော့်ဇနီးကပဲ ပေးခဲ့ပါတယ်။ "မောင် သူ့ကို အရမ်းချစ်မှန်း ကျွန်မသိပါတယ်" ဇနီးစကားကိုကြားတော့ ကျွန်တော်အံ့သြပြီး ချက်ချင်းပဲ "ခင့်ကို မောင်ချစ်တယ်လေ" လို့ ပြန်ဖြေခဲ့တယ်။ "ကျွန်မသိတယ်မောင်.. ဒါပေမယ့် သူ့ကိုလည်း မောင်ချစ်တယ် မဟုတ်လား! " ဇနီးက ကျွန်တော့်ကိုအမေနဲ့ ချိန်းတွေ့ခိုင်းစေတာဖြစ်တယ်။ အမေတစ်ယောက်ထဲ နေလ... more »
မင်းကိုလွမ်းတဲ့ ည

ချစ်တာ ကောင်းတယ်တဲ့ ငါကတော့ မချစ်တတ်အောင် ကြိုးစားချင်တယ် ဒီရင်မှာ ဝေဒနာတွေ တိုးလွန်းလို့။ လွမ်းတာ ကောင်းတယ်တဲ့ ငါကတော့ မလွမ်းတတ်အောင် ကြိုးစားချင်တယ် နေရာတိုင်းမှာ မင်းကို ဖွေရှာမိလို့။ ပွေ့ဖက်တာ ကောင်းတယ်တဲ့ ငါကတော့ မပွေ့ဖက်တတ်အောင် ကြိုးစားချင်တယ် အေးစက်တဲ့ မင်းလက်အစုံနဲ့ ထိတွေ့မိမှာစိုးလို့။ နမ်းတာ ကောင်းတယ်တဲ့ ငါကတော့ မနမ်းတတ်အောင် ကြိုးစားချင်တယ် မင်းကိုယ်ပေါ်က စိမ်းကားတဲ့ ရနံ့တွေ ရှုရှိုက်မိမှာစိုးလို့။ ဒါပေမယ့်.....ကောင်လေးရယ် မင်းကိုငါ လွမ်းတယ် မင်းကိုငါ ဖက်ထားချင်တယ် မျက်လုံးအစုံကို မှိတ် မနက်ဖြန်ရဲ့ နေရောင်ခြည် မတွေ့တော့တဲ့ အချိန်ထိပေါ့.....
ဘဝ

*(၁)* ပါးစပ်နည်းနည်း ချိုပါ၊ ဦးနှောက်နည်းနည်း ရှင်ပါ။ လှုပ်ရှားမှု နည်းနည်းမြန်ပါ။ အကျိုးနည်းနည်းမြင့်ပါ။ စကားပြော နည်းနည်းညင်သာပါ။ အပြုံးများများပြုံးပါ။ အလုပ်ပိုလုပ်ပါ။ ဒါဟာ အောင်မြင်သူတွေ အောင်မြင်ရတဲ့နည်းဖြစ်တယ်။ *(၂)* ပျော်ရွှင်ခြင်းတံခါးတစ်ချပ် ပိတ်သွားချိန်မှာ နောက်ထပ် ပျော်ရွှင်ခြင်းတံခါးတစ်ချပ်က ထပ်ဖွင့်လာတတ်ပါတယ်။ လူတွေက ပိတ်သွားတဲ့တံခါးအတွက် ဝမ်းနည်းနေပြီး ဖွင့်လာတဲ့တံခါးကို အလွယ်တကူ လျစ်လျူရှုမိတတ်ကြတယ်။ *(၃)* အောင်မြင်ဖို့ သူငယ်ချင်းလိုပါတယ်။ အရမ်းအောင်မြင်ဖို့ ရန်သူလိုပါတယ်။ တကယ့်တကယ်အောင်မြင်ဖို့ကတော့ သင့်ကိုယ်သင် အရင်အောင်နိုင်ရပါမယ်။ *(၄)* ဘာတွေကို ကိုယ်လုပ်နိုင်သလဲလို့... more »
တကယ်လို့ တစ်နေ့နေ့မှာ.....
poem nanndor at မင်းရင်ခွင်

တကယ်လို့ တစ်နေ့နေ့မှာ ငါ့ဖုန်းကိုနင်ဆက်တဲ့အခါ နံပါတ်ပိတ်သွားပြီဆိုတဲ့အသံကို နင်ကြားခဲ့ရင် စိတ်မကောင်းမဖြစ်ပါနဲ့၊ စိတ်မထိခိုက်ပါနဲ့၊ ငါ့ကို လွမ်းမသွားပါနဲ့.... ငါဆိုတဲ့လူတစ်ယောက်ရှိခဲ့ဖူးမှန်း ပိုလို့တောင် သတိမရပါနဲ့။ တကယ်လို့ တစ်နေ့နေ့မှာ နင့်ဖုန်း မကြာခဏ မမြည်တော့တဲ့အခါ ကျေးဇူးပြုပြီး မစောင့်ပါနဲ့၊ မမျှော်လင့်ပါနဲ့.... ငါကိုရှာဖွေဖို့ ပိုလို့တောင် မစဉ်းစားပါနဲ့။ ဒါမှပဲ နင့်ကိုငါ စိတ်ချလက်ချ ခွဲသွားရက်မှာမို့ပါ... တကယ်လို့ တစ်နေ့နေ့မှာ နင့်ဘေးမှာ "ရှုပ်လိုက်တာ"၊ "မုန်းစရာကြီး"လို့ တပျစ်တောက်တောက် ပြောတဲ့လူမရှိတော့တဲ့အခါ၊ ငါပြောတာတွေက အမြဲမှန်တယ်လို့ပြောတဲ့ ခေါင်းမာသူ မရှိတော့တဲ့အခါ၊... more » - 2 weeks ago
တကယ်လို့ တစ်နေ့နေ့မှာ ငါ့ဖုန်းကိုနင်ဆက်တဲ့အခါ နံပါတ်ပိတ်သွားပြီဆိုတဲ့အသံကို နင်ကြားခဲ့ရင် စိတ်မကောင်းမဖြစ်ပါနဲ့၊ စိတ်မထိခိုက်ပါနဲ့၊ ငါ့ကို လွမ်းမသွားပါနဲ့.... ငါဆိုတဲ့လူတစ်ယောက်ရှိခဲ့ဖူးမှန်း ပိုလို့တောင် သတိမရပါနဲ့။ တကယ်လို့ တစ်နေ့နေ့မှာ နင့်ဖုန်း မကြာခဏ မမြည်တော့တဲ့အခါ ကျေးဇူးပြုပြီး မစောင့်ပါနဲ့၊ မမျှော်လင့်ပါနဲ့.... ငါကိုရှာဖွေဖို့ ပိုလို့တောင် မစဉ်းစားပါနဲ့။ ဒါမှပဲ နင့်ကိုငါ စိတ်ချလက်ချ ခွဲသွားရက်မှာမို့ပါ... တကယ်လို့ တစ်နေ့နေ့မှာ နင့်ဘေးမှာ "ရှုပ်လိုက်တာ"၊ "မုန်းစရာကြီး"လို့ တပျစ်တောက်တောက် ပြောတဲ့လူမရှိတော့တဲ့အခါ၊ ငါပြောတာတွေက အမြဲမှန်တယ်လို့ပြောတဲ့ ခေါင်းမာသူ မရှိတော့တဲ့အခါ၊... more »

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့