Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 29 December 2012

GSM တန်ဖိုးနည်း ဖုန်းများတွင် အင်တာနက်ပါ တစ်ပြိုင်တည်း လျှောက်ထား နိုင်မည်


လာမယ့် နှစ်ဆန်းပိုင်း အတွင်း ချထား ပေးမယ့် တန်ဖိုးနည်း GSM မိုဘိုင်းဖုန်းတွေကို ၀ယ်ယူ ရာမှာ အင်တာနက် ချိတ်ဆက်မှု ကိုလည်း တစ်ပြိုင်တည်း
လျှောက်ထား နိုင်မှာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောကြားချက် အရ သိရပါတယ်။ ဒီလိုတန်ဖိုးနည်း ဖုန်းတွေကို ချထားပေး ရာမှာလည်း ငွေကျပ် တစ်သိန်းခွဲအောက် ၀န်းကျင်နဲ့ ရောင်းချ သွားမှာ ဖြစ်ပါတယ်။

အခုလို ရောင်းချရာ မှာတော့ ဇန်န၀ါရီလ အတွင်း ရောင်းချနိုင်ဖို့ စီစဉ် လျက်ရှိပြီး အင်တာနက် တစ်ပြိုင်တည်း လျှောက်ထား လိုသူတွေ အတွက် လျှောက်ထား ခကို ယခင်အတိုင်းကျပ် တစ်သောင်း နဲ့သာ လျှောက်ထား နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မိုဘိုင်းဖုန်းနဲ့အင်တာနက် အသုံးပြုခ ကိုလည်း လက်ရှိမှာ GSM အတွက် ၁ မိနစ်ကို ၂ ကျပ်နဲ့ CDMA, WCDMA ဖုန်းများအတွက် ၁ မိနစ်ကို ၄ ကျပ်နှုန်းနဲ့ ကောက်ခံလျက် ရှိတာ ဖြစ်ပါတယ်။ ထပ်မံပြီး ပြင်ဆင် ကောက်ခံ သွားဖို့ရှိတဲ့ Volume rate charges  မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုခ နှုန်းထား တွေကိုတော့ စိစစ်လျက်ရှိပြီး အတိအကျ မသတ်မှတ်ရ သေးဘူးလို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့