Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 29 December 2012

တိုင်းဒေသကြီး မိုးစပါး ရိတ်သိမ်းမှုမှာ ယခင်ကထက် ပိုစောခဲ့


ရန်ကုန်တိုင်း ဒေသကြီး အတွင်း မိုးစပါး ရိတ်သိမ်းမှုဟာ ယခင်နှစ် ကထက် ပိုမိုစောလျင်စွာ ပြီးစီးမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ
သိရပါတယ်။ ယခင်နှစ်တွေ ကတော့ တိုင်းဒေသကြီး အတွင်း စပါး ရိတ်သိမ်းမှုမှာ မတ်လပိုင်း လောက်မှသာ ပြီးစီးခဲ့ ပေမယ့် အခုနှစ် မှာတော့ ယခု ဒီဇင်ဘာလကုန်မှာ ကတည်းက ပြီးစီးနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီလို အချိန်စောပြီး ရိတ်သိမ်းမှု ပြီးစီးနိုင် တာဟာ ယခုနှစ်မှာ ရိတ်သိမ်းခြွေလှေ့ စက်တွေကို အလုံးရေ တိုးမြှင့်ပြီး ဆောင်ရွက်ခဲ့ တာကြောင့် ဖြစ်ပါတယ်။

ဒါ့အပြင် ယခုနှစ်ရဲ့ မိုးစပါး အထွက်ဟာ သက်ဆိုင်ရာမှ ခန့်မှန်းထားတဲ့ အထွက်နှုန်း အတိုင်းမရှိ နိုင်ပေမယ့် ယခင်နှစ် ကထက် အနည်းငယ် ပိုမိုကာ တစ်ဧကကို ပျမ်းမျှ စပါး ၆၉ တင်း ၀န်းကျင် ထွက်ရှိ နိုင်တာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ရန်ကုန်တိုင်း ဒေသကြီး အတွင်း မိုးစပါး ရိတ်သိမ်းမှုမှာ မိုးကျ ပြီးမှ ပြန်လည်စိုက်ပျိုး ရတဲ့ ဧက အနည်းငယ်သာ ကျန်ရှိပြီး ယခု ဒီဇင်ဘာလကုန် မှာတော့ ၉၉ ရာခိုင်နှုန်း လောက်အထိ ပြီးစီးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မကဘဲ တိုင်းဒေသကြီး အတွင်းရှိ စပါးများ ရိတ်သိမ်းမှု လွယ်ကူပြီး အလေအလွင့် နည်းပါးကာ အလျင်အမြန် ပြီးစီးနိုင်ဖို့ ကိုလည်း စိုက်ပျိုးရေး ဦးစီးဌာနနဲ့ ဆန်စပါး ဆိုင်ရာ အဖွဲ့အစည်းများက ပံ့ပိုး ကူညီမှုများ ဆောင်ရွက်ပေး လျက်ရှိတယ်လို့ သိရပါတယ်။


 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့