ဂျပန်နိုင်ငံ တိုကျိုရှိ Bank of Tokyo Mitsubishi UFJ ရဲ့ ဘဏ်လုပ်ငန်း များနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ မဟာမိတ် ဖွဲ့တဲ့ အနေနဲ့ ပြည်တွင်းရှိ ဘဏ်တစ်ခု
ဖြစ်တဲ့ CB Bank နဲ့ နားလည်မှု စာချွန်လွှာ ရေးထိုးပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက်နေ့က Sedona Hotel မှာ ကျင်းပပြုလုပ် ခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် အဆိုပါ အဖွဲ့အစည်းဟာ CB Bank ကိုလည်း ကုန်သွယ်မှု ဘဏ်လုပ်ငန်း ကဏ္ဍနဲ့ နိုင်ငံခြားငွေ လဲလှယ်တဲ့ လုပ်ငန်းတွေမှာ လိုအပ်တဲ့ နည်းပညာ အကူအညီများ ပေးသွားမှာ ဖြစ်ပါတယ်။
ဒီလို ဘဏ်လုပ်ငန်းတွေ ပူးပေါင်းမှုမှ တဆင့် CB ဘဏ်နဲ့ BTMU တို့ဟာ ပြည်တွင်းရဲ့ ဘဏ်လုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ဖို့နဲ့ ပြည်ပမှ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အဆင်ပြေ စေဖို့အတွက် ရည်ရွယ် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:
Post a Comment