Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 29 December 2012

Myanmar Countdown 2013 အခမ်းအနား တိုက်ရိုက် ထုတ်လွှင့်ရန် ဂြိုလ်တုစလောင်းများ တပ်ဆင်နေပြီဖြစ်


Myanmar Countdown 2013 အခမ်းအနား ကျင်းပနေမှုကို MRTV-4 နဲ့ Channel-7 ရုပ်သံလိုင်း တို့မှာ တိုက်ရိုက် ထုတ်လွှင့် ပြသနိုင်ဖို့ အတွက်
ကြိုတင် စီစဉ်မှု အဖြစ် ပွဲကျင်းပမယ့် နေရာမှာ ဂြိုလ်တု စလောင်း တွေကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်ကာ တပ်ဆင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Myanmar Countdown 2013 ကျင်းပပြုလုပ်ဖို့အတွက် ဒီဇင်ဘာလ ၂၅ ရက်နေ့ ကစတင်ကာ မြေသား ပြုပြင်ပြီး ပြင်ဆင်မှုတွေ စတင် လုပ်ဆောင် ခဲ့ရာမှာ ဒီဇင်ဘာလ ၂၈ ရက်နေ့ ရောက်တဲ့ အခါ မှာတော့ စတိတ်စင် ဆောက်လုပ်မှု အပိုင်းပြီးစီး ခါနီးနေပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခြား ပြင်ဆင်မှုတွေ အဖြစ် အသံပိုင်း ဆိုင်ရာ ဆောင်ရွက်မှု တွေကို လုပ်ဆောင် နေပြီ ဖြစ်ပါတယ်။ အခုလို ကျင်းပ ပြုလုပ်မယ့် Myanmar Countdown 2013 မှာ ဖျော်ဖြေရေး အစီအစဉ်များ အပြင် ဈေးဆိုင်ခန်းပေါင်း ၂၀ ကိုလည်း ဖွင့်လှစ် ရောင်းချမှာ ဖြစ်ပါတယ်။ ၀င်ခွင့် လက်မှတ်တွေ ကိုလည်း MRTV-4 Showroom တွေမှာ ထုတ်ပေး နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခမ်းအနား ကျင်းပ မယ့်နေ့မှာ ဖျော်ဖြေရေး အစီအစဉ် တွေကို ည ၇ နာရီ အချိန်လောက်က စတင်ကာ ကျင်းပပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့