Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 26 December 2012

နေရာ ၅ ခု၌ တန်ဖိုးနည်း ဖုန်းများ စတင်ချထား ပေးမည်


လာမယ့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ အတွင်းမှာ ချထား ပေးဖို့ စီစဉ်ထားတဲ့ တန်ဖိုးနည်း မိုဘိုင်း ဖုန်းများကို ဒေသ ၅ ခုမှာ စတင် ချထားပေးမှာ ဖြစ်တယ်လို့
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိ သူတစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို ရောင်းချရာမှာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး စတဲ့ဒေသ တွေနဲ့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် အစရှိတဲ့ နေရာများရှိ မြို့ကြီးတွေမှာ အဓိက ထားချပေး သွားမှာ ဖြစ်ပါတယ်။

ဒီလိုရောင်းချဖို့ စီစဉ်မှု အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့ ဈေးနှုန်း အတိအကျ သတ်မှတ် ထားမှု မရှိသေး ပေမယ့် ကျပ် တစ်သိန်းကျော် ၀န်းကျင်နဲ့ ရောင်းချနိုင်ဖို့ ခန့်မှန်း ထားတယ်လို့ သိရပါတယ်။ အဆိုပါ တန်ဖိုးနည်း ဖုန်းချထားမှု အတွက် ရန်ကုန် မြို့တွင်းမှာ ဖုန်းကတ် ၁ သန်းနီးပါး ရောင်းချပေး သွားဖို့ရှိပြီး ဒီလို ရောင်းချမှုကို ရန်ကုန်မြို့ရဲ့ နေရာ ၁၈ နေရာခွဲကာ ရောင်းချပေး သွားမှာ ဖြစ်ပါတယ်။

အခုလို တန်ဖိုးဖုန်းတွေ ထပ်မံရောင်းချ ပေးမှု အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ GSM ဖုန်းများ ကိုသာ ထပ်မံ ရောင်းချပေးဖို့ ရှိတာ ဖြစ်ပါတယ်။ ဒီလို GSM ဖုန်းတွေ ကိုသာ ထပ်မံ ချထားရတာ ကတော့ နိုင်ငံတကာရဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ GSM ဆက်သွယ်ရေး စနစ်ကိုသာ အသုံးပြုမှု ပိုမိုများပြား တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့