ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ၂၀၁၁ ခုနှစ်အတွက် အနုပညာပိုင်းဆိုင်ရာ ထူးချွန်သူတွေကိုဆုချီးမြှင့်ပေးအပ်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပ်ပွဲအခမ်းအနားကြီးကို ရန်ကုန်မြို့တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ဆုပေးပွဲကြီး၌ မည်သည့်အနုပညာရှင်တွေ ထူးချွန်ဆုကိုဆွတ်ခူးကြမလဲဆိုတာကိုလည်း ပရိသတ်ကြီးတို့နဲ့အတူတူ အနုပညာရှင်တွေကလည်း ရင်ခုန်စိတ်လှုပ်ရှားနေကြပြီဖြစ်ပါသည်။ ပရိသတ်တို့အနေနှင့်လည်း မိမိစိတ်ကူးလေးထဲက အကယ်ဒမီဆုပိုင်ရှင်တွေနဲ့ ထူးချွန်ဆုပေးပွဲကြီးမှာ ဆုရရှိမယ့်အနုပညာရှင်များ တစ်ထပ်တည်းကျမကျကို စောင့်မျွှော်ကြည့်ရှုနိုင်ရန် MRTV 4 ရုပ်သံလိုင်းမှ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၃ နာရီအချိန်မှ ည ၈ နာရီအချိန်အထိ တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ပါသည်။ မကြည့်လိုက်ရသူပရိသတ်များ အတွက်လည်း ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၃ နာရီမှ ၅ နာရီအချိန်အထိ ပြန်လည်ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ကြောင်းသိရသည်။

No comments:
Post a Comment