ယောမြို့နယ် တေးရွာမှ ကြက်သွန် ဖြူစိုက် တောင်သူ ကိုဝင်းမောင် တစ်ယောက် အားသွန် ခွန်စိုက် ကြက်သွန်ဖြူ စိုက်ပျိုး ပြီးနောက် စာရင်းချုပ် လိုက်သောအခါ ကျပ်သိန်း နှစ်ဆယ်ကျော် ရှုံးနေသည်။ သူ၏လယ်ကွက် ၁၅ ကွက်တွင် စိုက်ပျိုး အောင်မြင် ဖြစ်ထွန်းခဲ့ သော ကြက်သွန်ဖြူများမှာ ယခုအခါ ရွာတွင် တစ်ပိဿာ သုံးရာဈေးဖြင့် ရောင်း သော်လည်း ၀ယ်သူ မရှိဖြစ်နေသည်။
ကြက်သွန်ဖြူ စိုက်၍ အထွက် ကောင်းသော်လည်း ဈေးမကောင်း၍ အရှုံးပေါ်နေသူမှာ ကိုဝင်းမောင် တစ်ယောက်တည်း မဟုတ်ပါ။ မကွေးတိုင်း ဒေသကြီး ဆောမြို့နယ်နှင့် ယောမြို့နယ်ရှိ ယောချောင်း တစ်လျှောက် တေးရွာ၊ စမ်းရေခုံးကျေးရွာ၊ ရေရှင်၊ တောင်ထက်၊ ပြင်လယ်၊ ကံကြီး၊ လယ်ဆော၊ နော်ရွာ စသော ကျေးရွာများရှိ ကြက်သွန်ဖြူစိုက်တောင် သူအများစုမှာလည်း အလားတူ ယခုနှစ်တွင် အရှုံးပေါ်သည်။
ယောမြို့နယ်သာမက ဆောမြို့နယ်အောက်ရှိ ကျောက်ထုမြို့နယ်ခွဲနှင့် အခြားကြက်သွန်ဖြူ အဓိက စိုက်ပျိုးရာဖြစ်သော တောင်ကြီးမြို့နယ် အပါအ၀င် ရှမ်းပြည်နယ်ရှိ ဒေသအချို့တွင်လည်း အလားတူဖြစ်သည်။
“ကြက်သွန်ဖြူဈေးက တစ်ပိဿာ ၄၅၀၊ ၅၀၀ ကျပ်ကို ၀ယ်သူမရှိဘူး။ စိုက်ပျိုးစရိတ်က တစ်ပိဿာ ၈၅၀ လောက်ကျတယ်။ အများစုက
ဈေးတက်နိုးတက်နိုးနဲ့စောင့်ရင်း ရှုံးနေတာ” ဟု ယောမြို့နယ် တောခလွန်ကျေးရွာမှ ကိုလင်းစိုးကပြောသည်။
ထိုသို့ ကြက်သွန်ဖြူဝယ်လိုအားနည်းပြီး ဈေးပြုတ်ကျကာ တောင်သူများ အရှုံးပေါ်နေသည့် အဓိကအကြောင်းအရင်းတစ်ခုမှာ ကမ္ဘာ့ဒုတိယ စီးပွားရေးအကြီးဆုံး တရုတ်နိုင်ငံမှ ကြူကုတ်ဟု အလွယ်ခေါ်သော တရုတ်ကြက်သွန်ဖြူများ ပြည်တွင်းဈေးကွက်ကို လွှမ်းမိုးခြင်းဖြစ်သည်။ ထို့အပြင် ယခင်နှစ်ကဈေးကောင်း၍ ယခုနှစ်တွင် စိုက်ပျိုးမှုများပြီး အထွက်တိုးခဲ့ခြင်းမှာလည်း ဈေးကျခြင်း၏ အချက်တစ်ချက်ဖြစ်သည်။
“တောင်သူကတော့ ရှုံးတယ်။ သူရတာအများဆုံး ၅၀၀ လောက်ပဲ။ ရန်ကုန်ရောက်လည်း ရှမ်းကြက်သွန်ဖြူကို ၀ယ်မယ့်သူကို မရှိတာ။ ရောင်းအားက တစ်ဖြည်းဖြည်းကျလာတယ်။ ကြက်သွန်ဖြူက ၀ယ်လိုအားနည်းတယ်။ ရာသီက ကုန်ကာနီးပြီ လက်ကျန် တွေကများသေးတယ်။ ဒီအချက်တွေကြောင့် ဈေးကျတာပေါ့” ဟု မြန်မာနိုင်ငံကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စားဖိုဆောင်သီးနှံ ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက လည်းပြောသည်။
လွန်ခဲ့သည့် ဆယ်နှစ်ကျော်မှ ပြည်တွင်းဈေးကွက်သို့ ဖြည်းဖြည်းချင်း ၀င်ရောက်လာသော တရုတ်ကြက်သွန်ဖြူများမှာအရွယ်ကြီးမှု၊ အခွံနွှာရန်လွယ်ကူမှု၊ ရောင်းပန်းလှမှုတို့ကြောင့် မြန်မာများက အထူးအားပေးကာ ဈေးကွက်ပိုမို ရရှိလာသည်။ ထို့ကြောင့် ယခုအခါ ပြည်တွင်း ကြက်သွန်ဖြူဈေးကွက်၏ ၆၅ ရာခိုင်နှုန်းဝန်းကျင်ကို ကြူကုတ် ကြက်သွန်ဖြူများက ဈေးကွက်ရရှိထားပြီဖြစ်ကြောင်း
ကြက်သွန်ဖြူဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။
သို့သော် မြန်မာကြက်သွန်ဖြူတွင်လည်း အားသာချက်များရှိပါသည်။ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ သုံးစွဲမှုမှာ တရုတ်နှင့်စာလျှင် များစွာလျော့နည်းပြီး သဘာဝနှင့် ပိုမိုနီးစပ်အောင် စိုက်ပျိုးထား၍ ကျန်းမာရေးအတွက် သင့်လျော်ခြင်း၊ အရွယ်သေးသော်လည်း အနံ့၊ အရသာတို့မှာ ကြူကုတ်ထက်များစွာသာလွန်သည်။
မြန်မာနိုင်ငံ၏ အဓိကကောက်ပဲသီးနှံ ဈေးကွက်ဖြစ်သော ဘုရင့်နောင်ဈေးတွင် ဒီဇင်ဘာ တတိယပတ်၌ လက်ကားဈေး ကြူကုတ်တစ်ပိဿာလျှင် ၁၇၀၀ ကျပ်မှ ၁၈၀၀ ကျပ် ဈေးရှိသည်။ ပြည်တွင်း ကြက်သွန်ဖြူများမှာ တစ်ပိဿာလျှင် ကျပ် ၅၀၀ ၀န်းကျင်မှ ဈေးအများဆုံး ကျပ် ၁၂၀၀ ၀န်းကျင်သာရှိသည်။
“အစိုက်များလို့ ဈေးမကောင်းပါဘူးလို့ ဆိုနေမှ တရုတ်ဘက်က ကြက်သွန်ဖြူကို ကုန်သည်တွေကသွင်းတော့ တောင်သူတွေ အရှုံးပိုများတာပေါ့။ ဒီနှစ်တော့ အိမ်က ကြက်သွန်ဖြူမျိုးလေး မတုံးအောင်တော့ စိုက်တယ်။ အရင်နှစ်ကလို အားကျမခံ စီးပွားဖြစ်တော့ မစိုက်တော့ဘူး” ဟု ပေါက်မြို့နယ် ညောင်ဝန်းပေါက်ကျေးရွာမှ တောင်သူ မ၀င်းနွယ်သင်း ကလည်းဆိုသည်။
“အရင်နှစ်တုန်းက ကျွန်တော့်ရဲ့ပွဲရုံမှာ ကုန်ပိဿာတစ်သိန်းဝန်းကျင်ပဲ ၀င်တာ။ ဒီနှစ်တော့ နှစ်သိန်းကျော်ထိဝင်တယ်။ ဒေသနဲ့တွက်ရင် အထွက်ကောင်းတယ်ပေါ့။ ဈေးကွက်အတွင်းမှာ ပြည်ပကြက်သွန်ဖြူတွေအ၀င်များတော့ မိရိုးဖလာမြန်မာကြက်သွန် ဖြူတွေ ဈေးကွက်ပျက်ပြီး ပွဲရုံတွေ မှာ လက်ကျန်များတယ်။ လက်ရှိပေါက်ဈေးက တစ်ပိဿာ ၃၀၀ ကနေ ၇၀၀ ထိပဲရတယ်။ မနှစ်က တစ်ပိဿာ ၂၀၀၀ လောက်ထိ ဈေးရခဲ့ဖူးတယ်။ အခုကြက်သွန်ဖြူ ပြန်စိုက်နေကြပြီဆိုတော့ နောက်ဆုံးရာသီလို့ပြောရတယ်။ အသစ်မကုန်ခင် လက်ကျန်တွေများနေလို့ ကုန်သည်တွေစိတ်ပျက် နေပြီ။ အသစ်ပေါ်စက လှောင်ထားတဲ့သူတွေဆို ပိဿာတစ်ရာ လှောင်ရင် အခုချိန်ဆို ပိဿာသုံးဆယ်လောက်တော့ လျော့နေပြီ” ဟု ပခုက္ကူမြို့မှ ကြက်သွန်ဖြူအဓိကတင်ပို့ရောင်းချသော ကိုကျော်မင်းလွင်ကပြောသည်။ ၎င်းပြောသကဲ့သို့ပင် ကြက်သွန်ဖြူ ဈေးကွက်ပျက်မှုကြောင့်
တောင်သူများသာမက ကုန်လှောင်၍ပြန်လည်ရောင်းချသော ကုန်သည်များလည်း ဆုံးရှုံးမှုများသည်။
ယောနယ်၊ ဆောနယ်နှင့် ကြက်သွန်ဖြူစိုက်ပျိုးသော ဒေသများတွင် နှစ်စဉ်ဆောင်းကာလ နတ်တော်လတွင် ကြက်သွန်ဖြူစိုက်ပျိုးပြီး
တပေါင်းလတွင် ဖော်သည်။ အညာတွင် ကြက်သွန်ဖြူဈေးကွက်မှာ ပခုက္ကူမြို့မှာ အဓိကဖြစ်ပြီး ထိုမှတစ်ဆင့် ရန်ကုန်၊ မုံရွာ၊ မော်လမြိုင် စသော နိုင်ငံတစ်ဝန်းသို့ ဆက်လက်ဖြန့်ဖြူးသည်။ ရှမ်းကြက်သွန်ဖြူများမှာ ရှမ်းပြည်နယ်နှင့် မန္တလေး၊ ရန်ကုန် စသော ဒေသများကို ဖြန့်ဖြူးသည်။
ထို့ကြောင့် ပြည်တွင်း၌စိုက်ပျိုးသော သီးနှံဖြစ်၍ တောင်သူများ အကျိုးရှိရန် ပြည်ပမှ တင်သွင်းခွင့် မပြုသင့်ဟု ဆိုသူများ လည်းရှိသည်။ စားသုံးသူများ ဈေးနှုန်းသက်သာစွာ ၀ယ်ယူစားသုံးနိုင်ရန်အတွက် ပြည်ပမှ တင်သွင်းသင့်သည်ဟု ဆိုသူများလည်းရှိသည်။
နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနက တရားမ၀င် ၀င်ရောက်နေသော ကြက်သွန်ဖြူများကို ယခုအခါ တရားဝင်သွင်းကုန်လိုင်စင် ခွင့်ပြု၍ တင်သွင်းခွင့်ပြုရန် ကြက်သွန်နီ/ဖြူ၊ စားဖိုဆောင်သီးနှံ အသင်းကို သဘောထားတောင်းခံထားသည်။ အသင်းက တရားဝင် တင်သွင်းခွင့်ပြုပါက အခွန်ကောက်ပြီး ပမာဏ ကန့်သတ်ရန်၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၏ ထောက်ခံချက်ပါရန် အကြံပြုထားသည်။
သို့သော် အဆိုပါအသင်းမှာ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူ နည်းပြီး ပွဲရုံပိုင်ရှင်နှင့် ကုန်သည်များသာ များပြားသည့်အတွက် အများစုမှာ တရုတ်ကြက်သွန်ဖြူ ဈေးကွက်လွှမ်းမိုးမှုကြောင့် ဆုံးရှုံးမှု ကိုယ်တိုင်ကြုံတွေ့မှုနည်းသည်။
အဓိကနစ်နာနေသည်မှာ တောင်သူများဖြစ်သည့်အတွက် စိုက်ပျိုးသူများ အရှုံးသက်သာရန် တရုတ်ကြက်သွန်ဖြူအ၀င်ကို ဖြစ်နိုင်ပါက တင်သွင်းခွင့်မပြုရန် (သို့ မဟုတ်) ပမာဏအနည်းငယ်ကိုသာ တင်သွင်းခွင့်ပြုသင့်ကြောင်း လုပ်ငန်းရှင်အချို့နှင့်တောင်သူများ
ကပြောကြားသည်။
“ဘိုးဘွားလက်ထက်ကတည်းက မိုးဆိုစပါးစိုက်၊ ဆောင်းဆို မြေပဲစိုက်၊ ဆောင်းအကုန် ကြက်သွန်ဖြူစိုက်ဆိုတာ မိရိုးဖ လာစိုက်ပျိုးရေးပါ။ သက်တမ်းတစ်လျှောက် ကြက်သွန်ဖြူနဲ့ စားဝတ်နေရေးအဆင်ပြေလာတာ ကြာပါပြီ။ တရုတ်ကြက်သွန်ဖြူ တွေဝင်လို့ တောင်သူတွေရှုံးတယ် ဆိုပေမယ့် ပြည်တွင်းစားသုံးသူတွေအနေနဲ့ မြန်မာကြက်သွန်ဖြူကို အားပေးနေတယ်ဆိုရင် ရှုံးတာ မြတ်တာထက် မိရိုးဖလာဆက်စိုက် နေဦးမှာပါ” ဟု ကိုလင်းစိုးက ဆိုသည်။ အလားတူ ကြက်သွန်ဖြူစိုက်ပြီး ကျပ်သိန်းနှစ်ဆယ် အရှုံးပေါ်နေသော အသက် ၃၇ နှစ်အရွယ် ကိုဝင်းမောင်တစ်ယောက်ကလည်း သူ၏အစီအစဉ်ကို အောက်
ပါအတိုင်းပြောသည်။
“ပြည်ပကိုလည်း မြန်မာကြက်သွန်ဖြူတွေတင်ပို့ခွင့်ရမယ်ဆိုရင် ကြက်သွန်ဖြူဈေး ခေါင်းမော့လာနိုင်မယ်လို့ ထင်တယ်။ တောင်သူတွေ အားလုံးက ဈေးကွက်ဝယ်လိုအားနည်းလို့ဆိုပြီး ပြောင်းစိုက်မှာမဟုတ်ဘူး။ ကြက်သွန်ဖြူကို မိရိုးဖလာအနေနဲ့ စိုက်ကြဦးမယ်”။
ရေးသားသူ- မျိုးမင်းဦး၊ ဆွေမွန်၊ ရဲနောင်
7Day News Journal
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Wednesday 19 December 2012
» ကြက်သွန်ဖြူစိုက်တောင်သူများ အထိနာ
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
December
(893)
- Who's who 2012 -ဒေါ်အောင်ဆန်းစုကြည်
- Who's who 2012- ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်...
- ဖယ်ရီကြိုပို့ယာဉ်တိုက်မိပြီး သေဆုံးခဲ့တဲ့ ရန်ကုန်က...
- တရုတ်သံရုံးနား ဆန္ဒပြသူတွေကို ရုံးတင်စစ်ဆေး
- လုံးခင်း၊ ဖားကန့် ရတနာမြေ လုပ်ကွက်သစ်များ ဈေးပြို...
- ကေအိုင်အိုဌာနချုပ် လိုင်ဇာအနီးတိုက်ပွဲများဆက်လက်ပြ...
- ၀ိုင်းမော်တွင် ဒုက္ခသည်စခန်းများ၌ လူဦးရေ နှစ်ဆတိုးလာ
- မြန်မာ့ရွှေဈေးကျသော်လည်း ငွေလဲနှုန်းအနည်းငယ်မြင့်တက်လာ
- ၂၀၁၄ ခုနှစ် ဇူလိုင်လ ၇ ရက် နောက်ပိုင်းကာလအတွင်း ဒေ...
- သံဃာများကို အကြမ်းဖက် နှိမ်နင်းမှု တစ်လပြည့် အထိမ်း...
- သံဃာများကို အကြမ်းဖက် နှိမ်နင်းမှု တစ်လပြည့် အထိမ်း...
- ဒီဇင်ဘာလ (၂၉) ရက်နေ့ ထုတ် Tech Space နည်းပညာ ဂျာနယ...
- ဒီဇင်ဘာလ (၃၁) ရက်နေ့ ထုတ် The Voice Vol.8 / No.52
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် The People's Age Vol 3 N...
- ဒီဇင်ဘာလ (၂၈) ရက်နေ့ ထုတ် Playmaker အားကစားဂျာနယ် ...
- လိုင်ဇာမြို့တွင်း၌ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်...
- EMBRAER 190 လေယာဉ် ရန်ကုန်လေဆိပ်တွင် စမ်းသပ်မောင်း...
- အိန္ဒိယနိုင်ငံသို့ ချင်းပြည်နယ်မှ ထင်းရှူးသားများ တ...
- NLD ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းမျ...
- » Who's who 2012 - နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
- ၂၀၁၁ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခ...
- GSM တန်ဖိုးနည်း ဖုန်းများတွင် အင်တာနက်ပါ တစ်ပြိုင်...
- တိုင်းဒေသကြီး မိုးစပါး ရိတ်သိမ်းမှုမှာ ယခင်ကထက် ပို...
- အခွန်ငွေ စုစုပေါင်း၏ ၉၇ ရာခိုင်နှုန်းကို ပြည်တွင်း ...
- ကျောက်မျက်ရတနာ ဖော်ထုတ်ကွက်များ လုပ်ကွက် တစ်ခုလျှင...
- ဂျပန်နိုင်ငံမှ Bank of Tokyo Mitsubishi UFJ ၏ ဘဏ်လ...
- ငွေဆောင် ကမ်းခြေ ဟိုတယ်များ၌ ပြည်ပ ခရီးသွား နှစ်သေ...
- Myanmar Countdown 2013 အခမ်းအနား တိုက်ရိုက် ထုတ်လွှ...
- High Availablility Online Systems နှင့် ပတ်သက်၍ ဟေ...
- အမေရိကန် သံရုံးတွင် ချစ်ကြည်ရေး ဘတ်စကက် ဘောပွဲ ကျင...
- အာရှရဲ့ စီးပွားရေးအလားအလာ
- မြဧရာဈေးသင်္ဘော ဖျက်သိမ်းတော့မည်
- ၂၀၁၂ ထူးခြားဖြစ်ရပ်များ အပိုင်း 2
- ၂၀၁၂ ထူးခြားဖြစ်ရပ်များ အပိုင်း ၁
- လက်ပံတောင်းတောင် စီမံကိန်း MEIပညာရှင်အဖွဲ့ ကွင်းဆင...
- အင်တာနက်အသုံးပြုမှု တရုတ် ပိုမိုထိန်းချုပ်
- ပုဂ္ဂလိကပိုင် သတင်းစာတွေ ထုတ်ဝေခွင့်ရမည်
- စပါးဈေးကျလို့ အစိုးရကို အကူအညီတောင်း
- မုဒိမ်းကျင့်ခံခဲ့ရတဲ့ ကျောင်းသူလေး သေဆုံး
- ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချုပ်ထားသော ဆွယ်တာ သ...
- KIO ဌာနချုပ်အနီး လဂျားယန်တွင် မြေပြင်တိုက်ပွဲ ဖြစ်...
- ဒီချုပ်၏ ပညာရေးရန်ပုံငွေဂီတပွဲ ဒုတိယနေ့ မြင်ကွင်း
- ကဗျာနန်းတော် မှ ကဗျာများ
- တပ်မတော်သားအချို့ ထိုးကြိတ်သဖြင့် ကလေး ၁ ဦး သေဆုံး
- ကျောင်းသူကို အဓမ္မကျင့်သည့် တပ်ကြပ်အား အရပ်ဘက် တရား...
- မိုးထိမိုးမိဒေသရွှေလုပ်သားများ၊ ကုမ္ပဏီနှင့် ထပ်မံညိ...
- ဒီဇင်ဘာလ (၂၆) ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှ...
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် ...
- အစိုးရတပ် လေကြောင်းတိုက်ခိုက်မှုများ လုပ်လာနေပြီဟုဆို
- မြန်မာနိုင်ငံသားတွေ သေဆုံးမှု ထိုင်း ၄ ဦး ကို ထောင်...
- တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတ...
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄...
- ဒီဇင်ဘာလ (၂၈) ရက်နေ့ ထုတ် HR Journal အမှတ်စဉ် (175)
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်...
- အိန္ဒိယတွင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့် မိန်းက...
- ဒီဇင်ဘာ ၂၈ ရက်နေ့ထုတ် Premier Eleven Sports Journa...
- NLD ပညာရေးကွန်ယက် ရန်ပုံငွေပွဲ ပထမနေ့ လှူဒါန်းငွေ ...
- ကြည်းတပ် ဗိုလ်ကြီးတစ်ဦး အလောင်း လှိုင်မြစ်ရေပြင်တွင...
- ဒီဇင်ဘာ ၂၉ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် သတင်းဂျာနယ်...
- ဒီဇင်ဘာလ(၂၈) ရက် သောကြာနေ့ထုတ် EURO SPORTS JOURNAL...
- ထိုင်းနိုင်ငံရောက် သံဃာများ ကျန်းမာရေး
- ရသေ့တောင် ကျေးရွာအုပ်ချုပ်ရေးမှူးကို ရဲဖမ်း
- မေရိကန် ဘဏ္ဍာရေး အကျပ်အတည်း
- လေယာဉ် မတော်တဆ ပျက်မှု ခရီးသွားလုပ်ငန်း မထိခိုက်နိုင်
- ကျင့်ဝတ်နဲ့ညီတဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်ဖို့ သမ္မတ ည...
- လူ့ဘောင်သစ်ပါတီနှင့် အစိုးရတို့ သဘောတူညီချက်များ လ...
- မအူပင်မြို့နယ် တရားရုံးသို့ တရားဥပဒေစိုးမိုးရေးကော...
- လယ်သမားတွေက စစ်တပ်ကို စပါးပေးဖို့ ငြင်းဆန်
- မှုးယစ်ဆေးဝါး နှိမ်နှင်းရေး အကြောင်းပြပြီး စစ်တပ်တေ...
- NLD ဈေးရောင်းပွဲတော်
- ပညာရေး နိမ့်ကျလို့ နိုင်ငံ မတိုးတက်ရတာလို့ ဒေါ်စုေ...
- ခွင့်ပြုမိန့်မရဘဲ ဆန္ဒဖော်ထုတ်တဲ့ သူတွေကို ဥပဒေက ခွ...
- ပတ္တမြား ငမောက်
- နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မ...
- ပညာရေး ရန်ပုံငွေပွဲတွင် အကျဉ်းထောင်တွင်းပုံစံပြ
- ပြည်သူလူထုနားမခါးစေချင်ပါ . . .[မြတ်ဆွေ]
- အစိုးရ တပ်မတော်မှ ပစ်ခတ်သော အမြောက်ဆံ ကျရောက် သဖြင...
- စီတန်းပုဒ်မ ၁၈ နှင့် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ...
- မန္တလေးမြို့တွင် ပုဒ်မ၁၈နှင့် ပုဒ်မ ၅၀၅(ခ) အား လက်မ...
- စနစ်ကြောင့်ဆင်းရဲခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြ...
- တပ်မတော် ပွဲတက်ဝတ်စုံအချို့ ပြောင်းလဲ
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ရန်ပုံငွေ ရ...
- Air Bagan လေယာဉ်မယ်မခိုင်စုနိုင်၏ လေယာဉ်ပျက်ကျမှု က...
- အဲပုဂံ လေယာဉ် ပျက်ကျရာတွင် သေဆုံးခဲ့သည့် ဆိုင်ကယ်စ...
- ယဉ်ကျေးဖို့ အဖြေရှာ မတွေ့သေးသော လိုင်းကား ယာဉ်မောင...
- လာမည့်နှစ်တွင် လူနေရပ်ကွက်များ လျှပ်စစ်မီးလုံးဝပြတ...
- မိုးညှင်းမြို့အဝင်တွင် ဗုံးပေါက်ကွဲ
- သိန္နီသစ်တောရုံး ဗုံးကွဲ ဦးစီးမှူး ဒဏ်ရာရ
- ပညာရေးကဏ္ဍကိုမြှင့်တင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ...
- ဂျီအက်စ်အမ် ဆင်းကဒ်တွေကို ကျပ် ၁ သိန်း၊ (WCDMA) ဆင...
- အိမ်ရာမူဝါဒနှင့် တန်ဖိုးနည်းအိမ်ရာ
- ကျေက်ဖြူဒုက္ခသည်စခန်းတွင် ရခိုင်မိသားစု၃၆စုကျန်ရှိ
- ဒေသအာဏာပိုင်များ ဆောင်ရွက်ပုံက ရခိုင်များကို တောခု...
- ရခိုင်ထူထောင်ရေးအတွက် အစိုးရသစ်မ၀ယ်၍ ပုဂ္ဂလိက သစ်စက...
- ဦးသိန်းစိန်ပြောတဲ့ပြုပြင်ရေး ထင်သလောက်မလွယ်ကူ
- အမေရိကန်မှာ နှင်းမုန်တိုင်းကျ
- ဝမ်ပေါင်ရဲ့ မိခင်ကုမ္ပဏီ အကြီးအကဲနဲ့ လွှတ်တော်ကိုယ်...
- အဂတိလိုက်စားမှု တိုက်ဖျက်ရေး သမ္မတဦးသိန်းစိန် ဆော်သြ
- ဧည့်လမ်းညွှန်များ စာရင်းကို သတင်းစာတွင် မှားယွင်းေ...
- စက္ကန့် ၉၀အတွင်း ခရီးသည်တွေ အကုန်ကို ကယ်တင်နိုင်ခဲ့...
-
▼
December
(893)
No comments:
Post a Comment