Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 6 December 2012

တောင်ကြီး ဘုန်းကြီးကျောင်းတိုက် ၁၀၀ ကျော် ဆန္ဒထုတ်ဖော်

လက်ပံတောင်းတောင် အကြမ်းဖက် ဖြိုခွင်းခြင်း ကို မခံရပ်နိုင် ခြင်းကြောင့် တောင်ကြီးမြို့ ဘုန်းကြီးကျောင်းတိုက် ၁၀၀ ကျော် မှ သံဃာများ ယနေ့ နေ့လယ် ၁ နာရီတွင် လောကမာန်အောင် ဘုန်းတော်ကြီး ကျောင်း ရှေ့မှစတင် ထွက်ခွာပြီး အနောက် မြို့ပတ်လမ်း၊ မြတ်သုခ ရုပ်ရှင်ရုံ၊ ဗိုလ်ချုပ်လမ်း များကို ဖြတ်ကျော် ကာ လမ်း တစ်လျှောက် တွင် အကြမ်းဖက် ဖြိုခွင်းမှု အပေါ် တာဝန် ရှိသူကို ဖော်ထုတ်ပြီး အရေးယူ ဆောင်ရွက်ရန်၊ ဆန္ဒ ထုတ်ဖော်မှု ကြောင့် ဖမ်းဆီး ခံရသူများ ပြန်လွှတ် ပေးရန်၊ လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရန်၊ ထိခိုက် ဒဏ်ရာ ရရှိသည့် သံဃာတော် များကို တာဝန် ရှိသူမှ တောင်းပန်ရန် ကြွေးကြော်ချက် စာတန်းများ ကိုင်ဆောင်ပြီး စူဠာမုနိ ဘုရားသို့ချီတက် ဆန္ဒဖော်ထုတ်နေစဉ်...။

စူဠာမုနိ ဘုရားတွင် မေတ္တာသုတ် ရွတ်ဖတ်ခြင်း၊ တရား ဟောခြင်းများ ဆောင်ရွက်ကာ ဆန္ဒ ထုတ်ဖော်ခြင်း ကို ရုတ်သိမ်းမည် ဖြစ်သည်..။ သတင်း - ဓါတ်ပုံ ။ ။ ကိုနေမျိုး



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့