Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 7 December 2012

လက်ပံတောင်းတောင် ကြေးနီစီမံကန်းနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့


လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ သတင်း စာရှင်းလင်းပွဲကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး
လွှတ်တော်ဝန်း အတွင်းမှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ သတင်းစာ ရှင်းလင်း ပွဲမှာတော့ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်း စစ်ဆေးနေမှုများကို ပြောကြားခဲ့ပြီး သတင်း သမားများမှ သိရှိလိုတဲ့ မေးမြန်းမှု များကို ပြန်လည် ဖြေကြား ခဲ့ပါတယ်။

ဒီလိုဖြေကြား ရာမှာတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌရဲ့ ပြောကြားချက် အရ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး  စုံစမ်း စစ်ဆေးမှုမှာ နိုင်ငံတော်ရဲ့ ရေရှည် အကျိုးစီးပွား၊ ပြည်သူလူထုရဲ့ အကျိုး စီးပွားနဲ့ ဒီမိုကရေစီ အရေးကို ရှေးရှုပြီး အမှန်အတိုင်း ဖော်ထုတ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ စုံစမ်းရာမှာ ကြေးနီစီမံကိန်းဟာ ဒေသဆိုင်ရာ ရွာသူရွာသူတွေနဲ့ ပတ်ဝန်းကျင်အပေါ် အကျိုး သက်ရောက်မှုများ နိုင်ငံ အတွက် အကျိုးရှိမှုနဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေ အတွက် ရေရှည် အကျိုးရှိမှု ပေါ်မှာ ကြည့်ရှုပြီး စုံစမ်းစစ်ဆေး သွားမှာ ဖြစ်ပါတယ်။

အဲဒီလို စုံစမ်းစစ်ဆေး ရာမှာ တရားဥပဒေ စိုးမိုးရေးအရ အခြေခံကာ တွေ့ရှိထင်ရှားတဲ့ သက်သေ ခိုင်ခိုင်မာမာ မရှိသရွှေ့ အပြစ်မဲ့တယ်လို့ ယူဆမှာ ဖြစ်ပြီး သက်သေများ ခိုင်ခိုင်မာမာ လုံလုံလောက်လောက် ရှိပါက ဘယ်သူမှာ အပြစ်ရှိတယ် ဆိုတာကို လွှတ်တော်သို့ တင်ပြပြီး ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒ့ါအပြင် ယခုကိစ္စမှာ သာသနာ့ရေး ဆိုင်ရာ ကိစ္စရပ်များ ပါဝင်လာတဲ့ အတွက် လူရိုသေ၊ ရှင်ရိုသေ၊ ဆရာတော် များနဲ့ လက်ခံ ထားတဲ့ ပုဂ္ဂိုလ်ထံမှ အကူအညီ ယူပြီး စုံစမ်း စစ်ဆေး ဖော်ထုတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုမှာ သံဃာတော်နှင့် လူအချို့ မီးလောင် ဒဏ်ရာများ ရရှိခဲ့ပြီး အဆိုပါ ကိစ္စနဲ့ ပတ်သက်၍ ပညာရှင်များနဲ့ ပူးပေါင်းပြီး စုံစမ်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ပေမယ့် ယခုလက်ရှိ ကိစ္စဟာ ချက်ခြင်း အဖြေပေါ်မယ့် ကိစ္စတော့ မဟုတ်ပဲ စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့တွေလည်း ကွင်းဆင်း စစ်ဆေးလျက် ရှိတယ်လို့ သိရပါတယ်။ ကွင်းစင်း စစ်ဆေးရာ မှာလည်း ရွာသူ ရွာသားတွေရဲ့ အခြေအနေ ပတ်ဝန်းကျင်ရဲ့ အခြေအနေကို လူမူရေး ဘက်ကရော ကျန်းမာရေး ဘက်ကရော ပတ်ဝန်းကျင် အားလုံးကို လေ့လာပြီး စုံစမ်း သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စုံစမ်း စစ်ဆေးရေး ကော်မရှင် အနေနဲ့ လက်ပံတောင်းတောင် ကြေးနီတောင် စီမံကိန်း ကိစ္စနဲ့ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲများ သတင်း ထုတ်ပြန်မှုများကို အခါ အားလျော်စွာ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့