Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Sunday, 23 December 2012
ညဉ့်ငှက်ကချေသည့်တို့ရဲ့ လွန်ဆွဲပွဲ
“ကျွန်မတို့က မြေစာပင်တွေပါ"
ခန္ဓာကိုယ်ဖြင့် ရင်းတည်ကာ အသက်မွေး ဝမ်းကျောင်း ပြုနေရသည့် လိင်အလုပ်သမ ဖြစ်သူ အသက် ၃၃ နှစ်အရွယ် မနဒီ(အမည်လွှဲ)က ငိုသံ ဖြင့် မျက်ရည်ဝဲကာ ပြောပြသည်။ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ရန်ကုန်မြို့တော်၏ လူ စည်ကားသည့် တစ်နေရာတွင် ပြည့်တန်ဆာ ကျော်ဇောမှု ၃(ဃ)ဖြင့် ဖမ်းဆီး ခံလိုက်ရသည့် လုပ်ဖော်ကိုင်ဖက် များနှင့် ပတ်သက်၍ သူမက အထက်ပါ အတိုင်း ပြောပြခြင်းဖြစ်သည်။ ရန်ကုန်မြို့ပြ၏ ဝါကြန့်ကြန့် မီးရောင်နှင့် ဝေးရာ တစ်နေရာ။ အမှောင်ထုကို အကာအကွယ် ပြုကာ ရပ်နေသည့် ဆံပင် ကျောလယ်လောက်ရှိ သည့် ယွန်းအိမ်စည် (အမည်လွှဲ) တစ်ယောက် တစ်စုံတစ်ရာကို စောင့်မျှော် နေသည်။
လူတစ်ယောက် သူမအနီးသို့ ကပ်လာသည်။ တိုးတိုး ပြောသည်။ မရှေးမနှောင်းပင် တက္ကစီတစ်စီး ဆိုက်လာသည်။ ထိုလူနှင့် သူမကားပေါ် တက်လိုက် သည်နှင့် ကားထွက်ခွာ သွားသည်။
နံနက် နေရောင်ခြည်သည် အားကောင်းနေ သော်လည်း နဒီအဖို့ အားအင် ကုန်ဆုံးနေသည်။ ထိုမနက်ခင်းတွင် အင်္ဂလိပ် သီချင်းသံ ဖုန်းသံလေး မြည်လာသည်။ ဟဲလို ထူးလိုက်ပြီးနောက် သူမတုန် လှုပ်သွားသည်။ မနေ့ညက ယွန်းအိမ်စည် အဖမ်းခံ လိုက်ရပြီဆိုသော သတင်းကို ကြားသိ လိုက်ရသည့် အတွက် သူတုန်လှုပ်သွားသည်။
နောက်နေ့ ပြန်သိလိုက်ရသည်မှာ ယွန်းအိမ် စည်၏ ခန္ဓာ တစ်ညတာ နေ့တွက်ကြေးဖြင့် ယစ်မူးရန် ငှားရမ်းခဲ့သူမှာ ရဲဖြစ်နေပြီး တည်းခိုခန်း ရောက်သည့် အချိန်တွင် ဖုန်းဆက်လိုက်ပြီးနောက် ဖမ်းဆီး ရဲတပ်ဖွဲ့များ ရောက်လာပြီး ဖမ်းဆီးသွားခြင်းဖြစ် ကြောင်း နဒီ ပြန်သိလိုက်ရသည်။ သို့သော် အခြား အခန်းတွင် ညဥ့်ငှက် ကချေသည် လေးများ ယိမ်းထိုး နေသော်လည်း သူတို့ကို မဖမ်းသွားဟု သိလိုက်ရ သည့်အခါ နဒီသည် ဒေါသများ တရိပ်ရိပ် တက်လာသည်။
"ခုဟာက ပြည့်တန်ဆာကို နှိပ်ကွပ်တဲ့ ဥပဒေပဲ ရှိတယ်။ ကာကွယ်ပေးတဲ့ ဥပဒေ မရှိဘူး။ ဖမ်းချင် သလို ဖမ်းနေတာတွေက မင်းမဲ့ စရိုက်ဆန်တယ်"ဟု နဒီက ဆိုသည်။
လတ်တလော အခြေအနေတွင် ရန်ကုန်မြို့ တော်ကြီးတွင်သာမက နယ်မြို့များတွင်လည်း ခန္ဓာကိုယ်ကို အရင်းတည်ကာ အသက်မွေး ဝမ်းကျောင်း ပြုနေသော လိင်အလုပ်သမတို့ကို နှိမ်နင်း ဖမ်းဆီးမှု များ ပြုလုပ်လျက် ရှိသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က ပခုက္ကူမြို့စွန်ရှိ ပြည့်တန်ဆာ လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်း ပြုနေသော ကျေးရွာ တစ်ရွာကို ရဲတပ်ဖွဲ့အင်အား ၂၀ ကျော်ဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့သည်။
"ဂျာနယ်မှာ အဲဒီရွာ အကြောင်း ပါလာတော့ နောက်နေ့ အဲဒီရွာကို ဝင်ဖမ်းတယ်။ ငါးယောက်ပါ သွားတယ်။ ထောင်တစ်နှစ် ချလိုက်တယ်" ဟု ပခုက္ကူဒေသခံတစ်ဦးကဆိုသည်။
ယင်းကဲ့သို့ ပြည့်တန်ဆာများကို ဖမ်းဆီး နှိမ်နင်းခြင်းဖြင့် အမှန်တကယ် ပြည့်တန်ဆာလုပ် နေသူတို့ ပျောက်ကွယ် သွားနိုင်မည်လော။ သို့ တည်းမဟုတ် ထိုသို့ နှိမ်နင်းခြင်းကြောင့် လိင်လုပ် သမအဖြစ် လုပ်နေသူတို့၏ မိသားစုများထဲမှ ကျန်ရှိ သမီးပျိုတို့ ခန္ဓာရင်းရသည့် ဘဝသို့ လက်ယပ်ဆွဲ ခေါ်လိုက်ခြင်းပေလော။
sex-worker-by-news.coom
ရန်ကုန်တိုင်း ဒေသကြီး လေးခရိုင်အတွင်း ညပိုင်းတွင် လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများနှင့် ဧည့်စာရင်းများ စစ်ဆေးခြင်းများကို ရဲတပ်ဖွဲ့ဝင် များသည် အရန်ရဲ၊ စွမ်းအားရှင်များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာတွင် ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်နေ့အထိ ပြည့်တန်ဆာ အမှုပေါင်း ၅၉ မှု ဖမ်းဆီးခဲ့ကြောင်း ရဲအရာရှိကြီးများ ဦးစီး ထုတ်ဝေ သော မှုခင်းဂျာနယ်တွင် ဖော်ပြထားသည်။ လိင်အလုပ်သမလေး နဒီက "ဒီအလုပ်မှာ လုပ်နေတဲ့သူတွေက အိမ်ရဲ့ စားဝတ်နေရေးကို တာဝန် ယူထားရတဲ့ သူတွေ များတယ်။ သူတို့ကို ဖမ်းသွားရင် ညီမတွေ၊ အစ်မတွေ ဒီအလုပ်ထဲ ဝင်လုပ်ရမှာပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒီအလုပ်လုပ်မှ ကျွန်မတို့ တွေရဲ့ မိသားစု ပြေလည်မှာ"ဟု ရှင်းပြသည်။
နဒီတို့ နေထိုင်သော ရပ်ကွက်တွင်းရှိ မိန်းကလေး အချို့တို့ လုပ်ကိုင်နေသည်မှာ အထည်ချုပ် စက်ရုံ များတွင်ဖြစ်ပြီး ရရှိသည့် လခမှာ ခြောက်သောင်း နီးပါးပင်ဖြစ်သည်။ ယခင်က ဆိုလျှင် သုံးသောင်း ဝန်းကျင်သာ ရရှိခဲ့သည်။ ထိုဝင်ငွေနှင့် မိသားစုဘဝ စားဝတ်နေရေး မလုံလောက် နိုင်သည့်အတွက် မြို့စွန် အထည်ချုပ် စက်ရုံများမှ အလုပ်သမများသည် တစ်ရက်တွင် သောင်းချီငွေဝင်သော လိင်အလုပ်သမ လိုင်းသို့ ကူးပြောင်းလာသူများပြားကြောင်း ယင်းအသိုင်း အဝိုင်းအတွင်းမှ စုံစမ်း သိရှိရသည်။
လွန်ခဲ့သည့် တစ်လကျော် ဝန်းကျင်ကပင် အသက် ၁၄ နှစ်သာရှိသေးသည့် အပျိုစင် စစ်စစ် မိန်းကလေးတစ်ဦးကို မိခင်ဖြစ်သူကိုယ်တိုင် လိင် အလုပ်သမအဖြစ် သွတ်သွင်းရန် အတွက် ဈေးညှိ နှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အန်ဂျီအိုအဖွဲ့ အစည်း တစ်ခုက သိရှိပြီး ထိုမိခင်အား ယင်းကဲ့သို့ လုပ်ဆောင်ခြင်းတွင် သမီးသည် အသက်မပြည့် သေးသည့်အတွက် မိခင်ကို သာမက ငွေကြေးပေး ခေါ်ယူသည့် လိင်ယစ်မူးသူ ကိုပါ အရေးယူနိုင် ကြောင်းတို့ကို ရှင်းပြခဲ့ရသည့် ဖြစ်ရပ် တစ်ခုဖြစ်ပွား ခဲ့သည်။
ထိုအန်ဂျီအို အဖွဲ့အစည်းမှ အမျိုးသမီးက မှတ်ချက်ပေးသည်မှာ "ရှင်းပြလိုက်လို့ ပြန်သွား ပေမယ့် ကျွန်မတို့ မမြင်နိုင်တော့တဲ့ အခြေအနေမှာ ပြန်ဖြစ် သွားနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ အရေးတကြီး လိုနေတာက ငွေပဲ" ဟုဖြစ်သည်။
ကုလသမဂ္ဂ၏ ထောင်စုနှစ် ပန်းတိုင် ရည်မှန်းချက်အရ ၂၀၁၅ တွင် ဆင်းရဲနွမ်းပါးမှု ထက်ဝက် လျှော့ချရမည် ဖြစ်သည်။ ထို့အတွက် မြန်မာနိုင်ငံ အစိုးရသည် ဆင်းရဲမှုနှုန်းကို ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်း လျှော့ချရမည် ဖြစ်ရာ ယင်းလုပ်ငန်း ဆောင်ရွက်ချက်များ ထိထိ ရောက်ရောက် လုပ်ဆောင်ရာတွင်လည်း စားဝတ် နေရေး မပြေလည်၍ လိင်အလုပ်သမ ဖြစ်သွားရ သည့် လူမှုဘဝများကိုပါ ထည့်သွင်း ရလိမ့်မည်။
လတ်တလောတွင် လိင်အလုပ်သမများကို တရားဝင် လိုင်စင်ပေးရေး၊ မပေးရေးသည် လူထု အကြားငြင်းခုံမှု ကျယ်ကျယ်လောင်လောင် ထွက်လာသည်။
"ပြည့်တန်ဆာတွေကို လိုင်စင် ထုတ်ပေးပြီး တော့ စနစ်တကျနဲ့ လုပ်ဆောင် စေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လိုင်စင် ထုတ်ပေးရင် စနစ် တကျနဲ့ အခွန်ကောက်လို့ရပါတယ်။ စနစ်တကျ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ပေးလို့ ရတယ်" ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်စန္ဒာမင်း၏ ပြောဆိုထား ချက်ကို ပြည်တွင်းထုတ် ဂျာနယ် တစ်စောင်တွင် ဖော်ပြထားသည်။
အသက် ၃၀ ကျော်အရွယ် အလွတ်တန်း သတင်းထောက် တစ်ဦးကမူ "ပြည့်တန်ဆာတွေ ကို ခုချိန်မှာ တရားဝင် လိုင်စင် မပေးသင့်ဘူး။ Rule and Regulation မရှိဘဲနဲ့ သူ့တို့ကို လိုင်စင် ပေးလိုက်လို့ မဖြစ်ဘူး" ဟု မှတ်ချက် ပေးသည်။
စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင်မူ ပြောင်းလဲလာသော ခေတ်ရေစီးကြောင်း အရ ညအချိန် လမ်းပေါ်ထွက်သည့် ညဥ့်ငှက်လို ထွက်လည်နေခြင်းမျိုး သာမက အင်တာနက်၊ ဖုန်းများ ဖြင့် ချိတ်ဆက် ခေါ်ယူနေသည့် ပြည့်တန်ဆာမယ် များလည်း ထွက်ပေါ်နေပြီဖြစ်သည်။ လိင်အလုပ်သမလေး နဒီကမူ "စီးပွားဖြစ် လုပ်နေတာ မဟုတ်ဘူး။ ဝမ်းစာ အတွက် လုပ်နေ တာ။ ဝမ်းစာ အတွက်လောက်တော့ တရားဝင်ရတဲ့ အခြေအနေ ဖြစ်ချင်တယ်" ဟု ရင်ဖွင့် ပြောဆိုသည်။
နိုင်ငံတကာတွင် ပြည့်တန်ဆာလုပ်ငန်းကို မုဒိန်းမှု ကဲ့သို့သော ရာဇဝတ်မှုများ လျော့နည်းစေ ရန်အတွက် တရားဝင် လိုင်စင်များ ချပေးသည်။ သို့သော် မြန်မာနိုင်ငံတွင်မူ တရားဝင် လိုင်စင် ချထားရန် စဉ်းစား ဆွေးနွေးသည့် အဆင့်တွင်ပင် မရောက်သေးပေ။ မြန်မာ့ယဉ်ကျေးမှုနှင့် သွေဖည် သည့် လုပ်ငန်းဖြစ်နေခြင်းဟူသော အကြောင်း ပြချက်ဖြင့် ဖမ်းဆီး အရေးယူနေခြင်း ဖြစ်သည်။
ပြည့်တန်ဆာ လုပ်ကိုင်သူများကို ဖမ်းဆီး အရေးယူသည့်အတွက် ခိုးလုပ်ကြသည်။ အဖမ်းခံ ရမည်ကို စိုးရိမ်ပြီး ကျန်းမာရေး ဆေးစစ်ရန်ပင် မသွားရဲကြ။ အမည်မဖော်လိုတော့ ဒုရဲအုပ် တစ်ဦးကမူ "ကျွန်တော်တို့လည်း မဖမ်းချင်ပါဘူး။ အထက်က ဘယ်နေရာ စီမံချက်လုပ်ဆို ဝင်ဖမ်းရတာပဲ" ဟု မှတ်ချက်ပေးသည်။
ပြည်လမ်းမကြီးသည် ညမီးရောင်များဖြင့် ဝါကြန့်ကြန့် ဖြစ်နေသည်။ အလွှာစုံ ဖြူနီဝါ လိမ်း ခြယ်ထားသည့် တိုတိုရှည်ရှည် ဝတ်ဆင်ထားသော လှပျိုဖြူများ၊ ချစ်သူ ရည်းစားလက်ကို ချိတ်ကာ ဟန်ပါပါ လျှောက်နေသည့် စုံတွဲများ ဥဒဟိုသွား လာနေကြသည်မှာ ည ၈ နာရီ အချိန် ဖြစ်သည်။ နဒီတစ်ယောက်လည်း သာမန် အမျိုးသမီး ကဲ့သို့ပင် စကတ်တိုတို မိတ်ကပ် လိမ်းခြယ်ကာ ကော့ကော့ရွရွ ထွက်လာခဲ့သည်။ တစ်နေရာတည်း တွင် ကြာကြာ ရပ်မနေရဲ။ လမ်းလျှောက်ရင်းနှင့်ပင် သူ၏ ခန္ဓာကိုယ်အပေါ် ယစ်မူး လိုသူများကို ရှာဖွေကာ သွားလာနေရသည်။ ဤသည်မှာ လက်ရှိညဥ့်ငှက် တို့၏ ကြောက်ရွံ့မှုနှင့် ဝမ်းရေးကြားက ရုန်းကန် နေရသည့် ဘဝပင်ဖြစ်သည်။
နဒီက အဝေးကို ကြည့်ရင်း အောက်ပါအတိုင်း ညည်းဆိုလိုက်သည်။
"လှပတဲ့ အချိန်မှာ ငွေလျှံ သူတွေက Welcome ပေါ့၊ ရောဂါဖြစ်ပြီဆိုရင် အားလုံးကပစ်ထားကြမှာပါ"
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
December
(893)
- Who's who 2012 -ဒေါ်အောင်ဆန်းစုကြည်
- Who's who 2012- ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်...
- ဖယ်ရီကြိုပို့ယာဉ်တိုက်မိပြီး သေဆုံးခဲ့တဲ့ ရန်ကုန်က...
- တရုတ်သံရုံးနား ဆန္ဒပြသူတွေကို ရုံးတင်စစ်ဆေး
- လုံးခင်း၊ ဖားကန့် ရတနာမြေ လုပ်ကွက်သစ်များ ဈေးပြို...
- ကေအိုင်အိုဌာနချုပ် လိုင်ဇာအနီးတိုက်ပွဲများဆက်လက်ပြ...
- ၀ိုင်းမော်တွင် ဒုက္ခသည်စခန်းများ၌ လူဦးရေ နှစ်ဆတိုးလာ
- မြန်မာ့ရွှေဈေးကျသော်လည်း ငွေလဲနှုန်းအနည်းငယ်မြင့်တက်လာ
- ၂၀၁၄ ခုနှစ် ဇူလိုင်လ ၇ ရက် နောက်ပိုင်းကာလအတွင်း ဒေ...
- သံဃာများကို အကြမ်းဖက် နှိမ်နင်းမှု တစ်လပြည့် အထိမ်း...
- သံဃာများကို အကြမ်းဖက် နှိမ်နင်းမှု တစ်လပြည့် အထိမ်း...
- ဒီဇင်ဘာလ (၂၉) ရက်နေ့ ထုတ် Tech Space နည်းပညာ ဂျာနယ...
- ဒီဇင်ဘာလ (၃၁) ရက်နေ့ ထုတ် The Voice Vol.8 / No.52
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် The People's Age Vol 3 N...
- ဒီဇင်ဘာလ (၂၈) ရက်နေ့ ထုတ် Playmaker အားကစားဂျာနယ် ...
- လိုင်ဇာမြို့တွင်း၌ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်...
- EMBRAER 190 လေယာဉ် ရန်ကုန်လေဆိပ်တွင် စမ်းသပ်မောင်း...
- အိန္ဒိယနိုင်ငံသို့ ချင်းပြည်နယ်မှ ထင်းရှူးသားများ တ...
- NLD ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းမျ...
- » Who's who 2012 - နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
- ၂၀၁၁ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခ...
- GSM တန်ဖိုးနည်း ဖုန်းများတွင် အင်တာနက်ပါ တစ်ပြိုင်...
- တိုင်းဒေသကြီး မိုးစပါး ရိတ်သိမ်းမှုမှာ ယခင်ကထက် ပို...
- အခွန်ငွေ စုစုပေါင်း၏ ၉၇ ရာခိုင်နှုန်းကို ပြည်တွင်း ...
- ကျောက်မျက်ရတနာ ဖော်ထုတ်ကွက်များ လုပ်ကွက် တစ်ခုလျှင...
- ဂျပန်နိုင်ငံမှ Bank of Tokyo Mitsubishi UFJ ၏ ဘဏ်လ...
- ငွေဆောင် ကမ်းခြေ ဟိုတယ်များ၌ ပြည်ပ ခရီးသွား နှစ်သေ...
- Myanmar Countdown 2013 အခမ်းအနား တိုက်ရိုက် ထုတ်လွှ...
- High Availablility Online Systems နှင့် ပတ်သက်၍ ဟေ...
- အမေရိကန် သံရုံးတွင် ချစ်ကြည်ရေး ဘတ်စကက် ဘောပွဲ ကျင...
- အာရှရဲ့ စီးပွားရေးအလားအလာ
- မြဧရာဈေးသင်္ဘော ဖျက်သိမ်းတော့မည်
- ၂၀၁၂ ထူးခြားဖြစ်ရပ်များ အပိုင်း 2
- ၂၀၁၂ ထူးခြားဖြစ်ရပ်များ အပိုင်း ၁
- လက်ပံတောင်းတောင် စီမံကိန်း MEIပညာရှင်အဖွဲ့ ကွင်းဆင...
- အင်တာနက်အသုံးပြုမှု တရုတ် ပိုမိုထိန်းချုပ်
- ပုဂ္ဂလိကပိုင် သတင်းစာတွေ ထုတ်ဝေခွင့်ရမည်
- စပါးဈေးကျလို့ အစိုးရကို အကူအညီတောင်း
- မုဒိမ်းကျင့်ခံခဲ့ရတဲ့ ကျောင်းသူလေး သေဆုံး
- ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချုပ်ထားသော ဆွယ်တာ သ...
- KIO ဌာနချုပ်အနီး လဂျားယန်တွင် မြေပြင်တိုက်ပွဲ ဖြစ်...
- ဒီချုပ်၏ ပညာရေးရန်ပုံငွေဂီတပွဲ ဒုတိယနေ့ မြင်ကွင်း
- ကဗျာနန်းတော် မှ ကဗျာများ
- တပ်မတော်သားအချို့ ထိုးကြိတ်သဖြင့် ကလေး ၁ ဦး သေဆုံး
- ကျောင်းသူကို အဓမ္မကျင့်သည့် တပ်ကြပ်အား အရပ်ဘက် တရား...
- မိုးထိမိုးမိဒေသရွှေလုပ်သားများ၊ ကုမ္ပဏီနှင့် ထပ်မံညိ...
- ဒီဇင်ဘာလ (၂၆) ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှ...
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် ...
- အစိုးရတပ် လေကြောင်းတိုက်ခိုက်မှုများ လုပ်လာနေပြီဟုဆို
- မြန်မာနိုင်ငံသားတွေ သေဆုံးမှု ထိုင်း ၄ ဦး ကို ထောင်...
- တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတ...
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄...
- ဒီဇင်ဘာလ (၂၈) ရက်နေ့ ထုတ် HR Journal အမှတ်စဉ် (175)
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်...
- အိန္ဒိယတွင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့် မိန်းက...
- ဒီဇင်ဘာ ၂၈ ရက်နေ့ထုတ် Premier Eleven Sports Journa...
- NLD ပညာရေးကွန်ယက် ရန်ပုံငွေပွဲ ပထမနေ့ လှူဒါန်းငွေ ...
- ကြည်းတပ် ဗိုလ်ကြီးတစ်ဦး အလောင်း လှိုင်မြစ်ရေပြင်တွင...
- ဒီဇင်ဘာ ၂၉ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် သတင်းဂျာနယ်...
- ဒီဇင်ဘာလ(၂၈) ရက် သောကြာနေ့ထုတ် EURO SPORTS JOURNAL...
- ထိုင်းနိုင်ငံရောက် သံဃာများ ကျန်းမာရေး
- ရသေ့တောင် ကျေးရွာအုပ်ချုပ်ရေးမှူးကို ရဲဖမ်း
- မေရိကန် ဘဏ္ဍာရေး အကျပ်အတည်း
- လေယာဉ် မတော်တဆ ပျက်မှု ခရီးသွားလုပ်ငန်း မထိခိုက်နိုင်
- ကျင့်ဝတ်နဲ့ညီတဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်ဖို့ သမ္မတ ည...
- လူ့ဘောင်သစ်ပါတီနှင့် အစိုးရတို့ သဘောတူညီချက်များ လ...
- မအူပင်မြို့နယ် တရားရုံးသို့ တရားဥပဒေစိုးမိုးရေးကော...
- လယ်သမားတွေက စစ်တပ်ကို စပါးပေးဖို့ ငြင်းဆန်
- မှုးယစ်ဆေးဝါး နှိမ်နှင်းရေး အကြောင်းပြပြီး စစ်တပ်တေ...
- NLD ဈေးရောင်းပွဲတော်
- ပညာရေး နိမ့်ကျလို့ နိုင်ငံ မတိုးတက်ရတာလို့ ဒေါ်စုေ...
- ခွင့်ပြုမိန့်မရဘဲ ဆန္ဒဖော်ထုတ်တဲ့ သူတွေကို ဥပဒေက ခွ...
- ပတ္တမြား ငမောက်
- နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မ...
- ပညာရေး ရန်ပုံငွေပွဲတွင် အကျဉ်းထောင်တွင်းပုံစံပြ
- ပြည်သူလူထုနားမခါးစေချင်ပါ . . .[မြတ်ဆွေ]
- အစိုးရ တပ်မတော်မှ ပစ်ခတ်သော အမြောက်ဆံ ကျရောက် သဖြင...
- စီတန်းပုဒ်မ ၁၈ နှင့် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ...
- မန္တလေးမြို့တွင် ပုဒ်မ၁၈နှင့် ပုဒ်မ ၅၀၅(ခ) အား လက်မ...
- စနစ်ကြောင့်ဆင်းရဲခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြ...
- တပ်မတော် ပွဲတက်ဝတ်စုံအချို့ ပြောင်းလဲ
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ရန်ပုံငွေ ရ...
- Air Bagan လေယာဉ်မယ်မခိုင်စုနိုင်၏ လေယာဉ်ပျက်ကျမှု က...
- အဲပုဂံ လေယာဉ် ပျက်ကျရာတွင် သေဆုံးခဲ့သည့် ဆိုင်ကယ်စ...
- ယဉ်ကျေးဖို့ အဖြေရှာ မတွေ့သေးသော လိုင်းကား ယာဉ်မောင...
- လာမည့်နှစ်တွင် လူနေရပ်ကွက်များ လျှပ်စစ်မီးလုံးဝပြတ...
- မိုးညှင်းမြို့အဝင်တွင် ဗုံးပေါက်ကွဲ
- သိန္နီသစ်တောရုံး ဗုံးကွဲ ဦးစီးမှူး ဒဏ်ရာရ
- ပညာရေးကဏ္ဍကိုမြှင့်တင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ...
- ဂျီအက်စ်အမ် ဆင်းကဒ်တွေကို ကျပ် ၁ သိန်း၊ (WCDMA) ဆင...
- အိမ်ရာမူဝါဒနှင့် တန်ဖိုးနည်းအိမ်ရာ
- ကျေက်ဖြူဒုက္ခသည်စခန်းတွင် ရခိုင်မိသားစု၃၆စုကျန်ရှိ
- ဒေသအာဏာပိုင်များ ဆောင်ရွက်ပုံက ရခိုင်များကို တောခု...
- ရခိုင်ထူထောင်ရေးအတွက် အစိုးရသစ်မ၀ယ်၍ ပုဂ္ဂလိက သစ်စက...
- ဦးသိန်းစိန်ပြောတဲ့ပြုပြင်ရေး ထင်သလောက်မလွယ်ကူ
- အမေရိကန်မှာ နှင်းမုန်တိုင်းကျ
- ဝမ်ပေါင်ရဲ့ မိခင်ကုမ္ပဏီ အကြီးအကဲနဲ့ လွှတ်တော်ကိုယ်...
- အဂတိလိုက်စားမှု တိုက်ဖျက်ရေး သမ္မတဦးသိန်းစိန် ဆော်သြ
- ဧည့်လမ်းညွှန်များ စာရင်းကို သတင်းစာတွင် မှားယွင်းေ...
- စက္ကန့် ၉၀အတွင်း ခရီးသည်တွေ အကုန်ကို ကယ်တင်နိုင်ခဲ့...
-
▼
December
(893)

No comments:
Post a Comment