Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Thursday 13 December 2012
ငါလိုချင်တာ၊ ငါ့လယ်၊ ငါ့ယာမှာ၊ ငါ့အစာ၊ ငါစိုက်စားဖို့ပါ ငါ့မြေ၊ ငါ့ရေမှာ၊ ငါတို့တွေ၊ ငြိမ်းငြိမ်းချမ်းချမ်း၊ နေရဖို့ပါ
ပြောကြစတမ်း ဆိုလျှင် အမှန်တရားသည် တစ်ပိုင်းတစ်စ ကောက်နုတ်ချက် မဟုတ်။ ချိန်ခွင်လျှာသဖွယ် အလယ်ဗဟိုတွင် တည်ရှိနေသော အရာမဟုတ်။ အပြီးသတ် ထုတ်လုပ်ထားသော ကုန်ပစ္စည်း မဟုတ်။ အကယ်၍ ဤအတိုင်းသာ ဆိုလျှင် အရာရာ အကြွင်းမဲ့ သူ့ နဂိုအတိုင်း ရှိနေသော ငြီးငွေ့ဖွယ်ရာ ကောင်းသည့် ကမ္ဘာလောက ကြီးသာ ဖြစ်နေပေလိမ့်မည်။
ဆိုကြစို့။
ကမ္ဘာကြီးကား လှုပ်ရှားမှု ကင်းမဲ့သော ကမ္ဘာလောက၊ မျှော် လင့်ချက်မရှိသော၊ တိုးတက်မှု မရှိသော၊ ပြောင်းလဲမှု မရှိသော ကမ္ဘာလောက အဖြစ် မြင်နေရလျှင် လူသားတို့၏ မျှော်မှန်းချက် အသစ်များ ပေါ်ထွက် လာနိုင်မည် မဟုတ်။
အနာဂတ် မရှိခြင်းသည် သေဆုံးခြင်းသာ ဖြစ်၏။
အနာဂတ်သည် သက်ရှိကမ္ဘာ၊ လှုပ်ရှားပြောင်းလဲနေသောကမ္ဘာ၊ တိုးတက်သော ကမ္ဘာလောက၏ ပွင့်လန်း သော မျှော်လင့် ချက်။ ပြောရလျှင် သဘာဝကျရေး ဝါဒ (Naturalism) ဆိုသည် သရုပ်မှန်ဝါဒ (Realism)နှင့် ဆန့်ကျင်ဘက် ဖြစ်၏။ အမှန်စင်စစ် (Naturalism) ဆိုသည်မှာ.. လွဲမှားသော အသုံးအနှုန်းသာ ဖြစ်၏။ သဘာဝကျဖို့ အဓိကဆိုကာ.. အဖြစ်သနစ် များကို သဘာဝကျအောင် ခြယ်မှုန်းတင်ပြရုံဆိုလျှင်.. အဖြစ်သနစ် အတွင်းမှ အမှန်တရား ပေါ်ထွက်လာနိုင်မည် မဟုတ်။
ဘဝဆိုသည်မှာ ရယ်ခြင်း၊ ငိုခြင်း ဆိုသည့် သဘာဝအဖြစ်သနစ် ဖြင့် ရပ်နားနေပြီး.. ထိုမျှဖြင့် ရောင့်ရဲ ကျေနပ် စရာ အထင်ရှိစေခြင်းသည် အတွေးအခေါ် အားဖြင့်သော်လည်း ကောင်း၊ လူမှုရုပ်ဘဝ အခြေအနေ အားဖြင့် သော် လည်းကောင်း၊ တစ်ဆင့်တက် တီထွင်ဖန်တီးမှုအား ပိတ်ပင်တားဆီးခြင်း ဖြစ်သောကြောင့် သဘာဝ ကျရေး အဓိကဆိုသော ဝါဒ သည် သရုပ်မှန်ဝါဒ (Realism)မှ နောက်ဆုတ်သွားခြင်းသာလျှင်ဖြစ်၏။
စင်စစ် ဘဝဆိုသည် ငိုခြင်း၊ ရယ်ခြင်း၊ သဘာဝကိစ္စ သက်သက် သာလျှင် မဟုတ်။ ဘဝဆိုသည် တိုက်ပွဲ (Life is Struggle)။ စား၊ ဝတ်၊ နေရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းစွာ ရှင်သန်ရပ်တည်ခွင့်ရှိရေး၊ တည်း ဟူသော လူမှု လူ့ကိစ္စ၊ နိုင်ငံရေး တိုက်ပွဲ၊ ထို့ကြောင့် ဘဝမှာပွဲကြည့်သူ ဟူ၍ မရှိ။
ထို့ကြောင့် ဘဝမှာ ပွဲကြည့်သူ ဟူ၍မရှိ။ လူအဖြစ် ရပ်တည်နေ သည့် လူ့အလွှာအသီးသီးမှ လူသားများ ကား.. မဖြစ်မနေ စား၊ ဝတ်၊ နေ ရေး၊ ဘဝရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်လှုပ်ရှား၊ ဘဝတိုက်ပွဲ ဝင်နေကြ သူများ။ ပြောရလျှင် ခုအခါမှာ လူ့အလွှာ၏ အခြေခံ ကျသော အလုပ်သမား၊ လယ်သမား လူတန်းစား အသီးသီးတို့မှာ သူတို့ ဘဝရပ်တည်ရေး အတွက် သပိတ် တိုက်ပွဲများ ဆင်နွှဲနေကြ၏။ သူတို့ သည် ကြမ်းတမ်း ခါးသီးသော ဘဝ ဖြတ်သန်းမှုများဖြင့် နိစ္စဓူဝ ရင်ဆိုင် နေရဆဲ ဖြစ်၏။ လူအများစုဘဝ များမှာ ဆင်းရဲတွင်း နက်နေဆဲ ဖြစ်၏။ လူနည်းစုအတွက် အကျိုးရှိစေ သော ခရိုနီ စီးပွားရေးစနစ်သာ လွှမ်းမိုးနေဆဲဖြစ်၏။ စစ်ဆိုသည်မှာ နှစ်မြို့ဖွယ်ရာ မဟုတ်။ လက်ခံဖွယ် ရာမဟုတ်။ လူသားတို့ သည် စစ်ကို ဆန့်ကျင် တားဆီး လိုစိတ် ရှိကြ ကာ ငြိမ်းချမ်းရေးအား ပြင်းပြစွာ တောင့်တကြ၏။
သို့သော် ကချင်ဒေသ၏ တိုင်း ရင်းသားအချင်းချင်း အကျိုးမဲ့သော စစ်ပွဲများကြောင့် မိမိတို့အိမ်ရာများ ကို စွန့်ခွာ ပြေးလွှား ကာ ရွာပုန်း ရွာရှောင် စစ်ဘေးသင့် တိုင်းရင်းသား ပြည်သူများအရေးကား မပြီးဆုံးသေး။ ပြောရလျှင် အလုပ်သမား၊ လယ်သမားနှင့် စစ်ဘေးသင့် ပြည် သူများကား… ပျက်စီးသွားသော သူတို့ဘဝ အစိတ်အပိုင်း အစအနများ ကို ကောက်ယူ၍ မူလဘဝပုံသဏ္ဍာန် ရရှိရန် တွဲဆက်ခွင့် မရသေး။
မူလဘဝပုံသဏ္ဍာန်ရရှိရန် တွဲ ဆက်ခွင့်မရသေးသော ပြည်သူများ၊ အလုပ်သမား၊ လယ်သမား၊ လူမျိုးစု တိုင်းရင်းသား များကား ကမ္ဘာ့ အဆင်းရဲဆုံး လူသားများအဖြစ် စံချိန်တင်ကာ လူ့အလွှာ၏ အောက်ဆုံး မျက်နှာပြင်မှာ ပြား၊ ကပ် နေ ကြရဆဲ။ ယနေ့ကာလ အချို့အချို့ သော တိုးတက်ဖြစ်ထွန်းမှုများ မြင် ကြရပြီဆိုသော်လည်း အချို့အချို့ သော လူနည်းစုလူပုဂ္ဂိုလ်များအတွက် သီးခြားအကျိုးရလဒ်များသာ ဖြစ် ထွန်းခဲ့၏။ ပြောရလျှင် အများစု လူထုကြီး အလုပ်သမား၊ လယ် သမားနှင့် အောက်ခြေလူမွဲများမှာ မျှတမှု မရှိသေးသော လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်နှင့် တစ်ဖက်စောင်းနင်း ဓနဥစ္စာစီးဆင်းမှုများကြောင့် စီးပွားရေး ဖိစီးမှုဒဏ်ခံနေကြရဆဲ။ ခရိုနီ ဆိုသည်ကား တစ်ဖက်သတ်ရရှိသော အခွင့်အလမ်း များမှ မွေးထုတ်ပေး သော စီးပွားရေး လက်ဝါးကြီးအုပ်၊ ခေတ်သစ် အမည်ပျက်။ လူထု၏ စီးပွားရေး ဘဝမှာ ယင်းခရိုနီတို့နှင့် မပတ်သက် ချင်၍မရ၊ ရွေးစရာလမ်းလည်း မရှိ။ ထိုသို့ဖြင့် လူထုကား ယင်း ခရိုနီတို့၏ ပြည်တွင်းဖြစ် အခစားကျွန်များ ဖြစ်မှန်းမသိ ဖြစ်လာ၏။
ခရိုနီတို့ကား အတိုင်းအဆမဲ့ ခြယ်လှယ်ခွင့်ကို ရနေ၏။ ခု လက် ရှိ မုံရွာ၊ လက်ပံတောင်းတောင် စီမံ ကိန်းကို ကြည့်ပါ။ တရုတ် ဝမ်ပေါင် စီးပွားရေးကုမ္ပဏီ၏ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ မြန်မာလူထု ကြီး၏ ဆန္ဒပြ ကန့်ကွက်ရုံဖြင့် ယင်းတို့စီမံကိန်းအား ရပ်ဆိုင်းမည် မဟုတ်ဆိုသော အပြောမျိုးမှာ မြန်မာအမျိုးသား လူထုကြီး အတွက် များစွာ အကာအကွယ်မဲ့ စော်ကား မော်ကားပြုခွင့် တရားဝင် ရရှိထား သလို ယူဆဖွယ် ဖြစ်နေ၏။ ယခင် ခေတ်ဟောင်း ကာလ ရေနံချောင်း၊ ချောက် ရေနံမြေများမှာ ဗြိတိသျှ မျက်နှာဖြူ အရင်းရှင်တို့ မြန်မာပိုင် ရေနံတွင်းများအား အဓမ္မသိမ်းပိုက် သွေးစုပ် ခြယ်လှယ်မှုများကို မြန်မာလုပ်သားထု ခံစားခဲ့ရသကဲ့ သို့ ဖြစ်နေ၏။ အလုပ်သမား အခွင့်အရေး ကာကွယ်မှုဆိုင်ရာ ဥပဒေမျိုးအား တိကျစွာ မမြင်ရသေး၊ မရှိသေး။ မကြာမတင်သော ကာလမှာ အလုံးအရင်းဖြင့် ဝင်လာဖွယ် ရှိသော ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီး များ ဝါးမြိုမှု ကြောင့် အမျိုးသား စီးပွားရေး အစရှာမရသည် အထိ ဖြစ်နိုင်သည်ကို သတိပြုဆင်ခြင် သင့်ရာ၏။
ပြောရလျှင် အစစအရာရာ ပျက်စီးခဲ့သော မြန်မာ့လူ့ဘောင်၊ အဖွဲ့အစည်းသည် ယနေ့ကာလထိ ကုသ၍ မပျောက် ကင်းနိုင်သေးသော နာတာရှည်ရောဂါဆိုးကြီး စွဲကပ်နေ ဆဲပင်။ ပြီးခဲ့သည့် ၈၈ အရေးအခင်း ကာလက လူထုကြီး တစ်ရပ်လုံး ခါးခါးသီးသီး ငြင်းဆန်ခဲ့ကြသည့် အမျိုးသား စီးပွားရေးဆိုင်ရာ ချွတ်ခြုံကျမှု၊ ဆင်းရဲ မွဲတေမှု အနေအထား မှ မြန်မာ လူထုကြီး မလွတ်မြောက် ကြသေးပါ။
၆၂ ခုနှစ်မှသည် ၈၈ အထိ၊ ၈၈ မှသည် ၂ဝ၁ဝ ရွေးကောက်ပွဲ ကာလအထိ အလွန်ရှည်လျားသော သမိုင်း ကာလ တစ်လျှောက်မှာ မြန်မာ ပြည်သူတို့သည် မိမိလူ့ အဖွဲ့အစည်း သမိုင်းအား တစ်ဖက်သတ်တည်း နားလည်ခဲ့ရ၏။
ယင်းမှာ အုပ်ချုပ်သူလူတန်း စားက မိမိတို့လိုရာဆွဲထားသော အမြင်များဖြင့် လူ့ဘောင်၊ လူ့အဖွဲ့ အစည်း သမိုင်းအား အစဉ်မပြတ် ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ပြုလုပ် ခဲ့သောကြောင့် ရှင်းရှင်းကလေးဆိုရ လျှင် နိုင်ငံရေး ဆိုသည်မှာ လူမှု ပြဿနာပင်။ စစ်သည် နိုင်ငံရေး၏ အဆက်။ နိုင်ငံရေးသည် သွေး မထွက်သော စစ်ဖြစ်၍ စစ်သည် သွေး ထွက်သောနိုင် ငံရေး။ သို့သော် စစ်သည် သာမန်နိုင်ငံရေးကား မဟုတ်။ စစ်သည် နိုင်ငံရေး၏ ထူးခြားသောနည်းဖြင့် ဆက်လက် ဖြစ်ပေါ် လာသော နိုင်ငံရေး၏ အဆက်။ သိကြသည့်အတိုင်း ငြိမ်းချမ်းရေးကား စစ်နှင့်ဆန့်ကျင် ဘက်။ စစ်သည် ဖျက်ဆီးခြင်း၊ နိုင်ငံ ရေးသည် တည်ဆောက်ခြင်း။ ထူးခြားသော နည်းဖြင့် ဆက်လက် ဖြစ်ပေါ် လာသော နိုင်ငံရေး၏ အဆက်ဖြစ်သည့် စစ်အား ရပ်စဲရန် ဆိုသည် မှာ ခုကာလ အပစ်အခတ် ရပ်စဲရေးမှသည် (နိုင်ငံရေးအရ) ငြိမ်းချမ်းရေး အဖြေရှာနိုင်ခြင်းနှင့် ရရှိသော ငြိမ်းချမ်းရေး တည်ငြိမ် မြဲမြံရန် ကျယ်ပြန့်၍ ဒီမိုကရေစီကျသော အားလုံးပါဝင်သည့် ဆွေးနွေး ပွဲများမှ တစ်ဆင့် ယေဘုယျသဘော တူညီချက်တစ်ခု ပေါ်ပေါက်သည် အထိ လက်တွေ့ကျစွာ ဆောင်ရွက် သင့်သည် ဟု မြင်၏။
သွေးခွဲအုပ်ချုပ်မှု၊ လူမျိုးကြီးဝါဒ ဗိုလ်ကျစိုးမိုးမှုတို့သည်ကား သွေး မတိတ်ဒဏ်ရာသဖွယ် သံသရာ ရှည်ခဲ့ရသည့် ပြည်တွင်း စစ်နှင့် အမျိုးသား ညီညွတ်ရေးပြိုကွဲမှု၏ လက်သည် တရားခံများပင်။ ပြည် သူတို့၏ ဘဝပုံရိပ်အဖြစ် နေ့စဉ် ထိတွေ့နေရသည့် အုပ်ချုပ်ရေးဆိုင် ရာ ဆွေတော်၊ မျိုးတော်များ၊ ယင်း တို့၏ မပြောင်းလဲသေးသော အောက်ခြေခေါင်းတော် ညိတ်၊ ဗောင်း တော်သိ၊ လက်ပါးစေ၊ အခစား၊ အမှုထမ်း၊ အရာထမ်းများ အား ရှိခိုး ဦးတင်ပျပ်ဝပ်ရိုကျိုးနေရဆဲ ဆက် ဆံရေးများ။ လယ်ပျက်၊ ရွာပျက်၊ မိသားစု၊ ဘဝပျက်နှင့် ရရာကျပန်း လုပ်ကိုင် စားသောက်ကြရရင်း ကျေး လက် လူ့အဖွဲ့အစည်းပြိုကွဲခြင်း အစရှိသည့် လူမှုဒုက္ခများကား နေ့ စဉ်မြင်ရ၊ ကြားရ၊ တွေ့ထိနေရဆဲပင်။
နိဂုံးပြောရလျှင် အားလုံးမျှော် မှန်းခဲ့ကြသော တရားမျှတခြင်း၊ လွတ်လပ်ငြိမ်းချမ်းခြင်း၊ ညီညွတ် မျှတခြင်းတည်း ဟူသော လောက ပါလတရားများ ထွန်းကားသည့် လူ့အဖွဲ့အစည်းသည် မြန်မာနိုင်ငံမှာ ယနေ့အချိန်အခါထိ ပြည့်ဝစွာ မရရှိသေးသည်ကို ဝန်ခံရမည်။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
December
(893)
- Who's who 2012 -ဒေါ်အောင်ဆန်းစုကြည်
- Who's who 2012- ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်...
- ဖယ်ရီကြိုပို့ယာဉ်တိုက်မိပြီး သေဆုံးခဲ့တဲ့ ရန်ကုန်က...
- တရုတ်သံရုံးနား ဆန္ဒပြသူတွေကို ရုံးတင်စစ်ဆေး
- လုံးခင်း၊ ဖားကန့် ရတနာမြေ လုပ်ကွက်သစ်များ ဈေးပြို...
- ကေအိုင်အိုဌာနချုပ် လိုင်ဇာအနီးတိုက်ပွဲများဆက်လက်ပြ...
- ၀ိုင်းမော်တွင် ဒုက္ခသည်စခန်းများ၌ လူဦးရေ နှစ်ဆတိုးလာ
- မြန်မာ့ရွှေဈေးကျသော်လည်း ငွေလဲနှုန်းအနည်းငယ်မြင့်တက်လာ
- ၂၀၁၄ ခုနှစ် ဇူလိုင်လ ၇ ရက် နောက်ပိုင်းကာလအတွင်း ဒေ...
- သံဃာများကို အကြမ်းဖက် နှိမ်နင်းမှု တစ်လပြည့် အထိမ်း...
- သံဃာများကို အကြမ်းဖက် နှိမ်နင်းမှု တစ်လပြည့် အထိမ်း...
- ဒီဇင်ဘာလ (၂၉) ရက်နေ့ ထုတ် Tech Space နည်းပညာ ဂျာနယ...
- ဒီဇင်ဘာလ (၃၁) ရက်နေ့ ထုတ် The Voice Vol.8 / No.52
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် The People's Age Vol 3 N...
- ဒီဇင်ဘာလ (၂၈) ရက်နေ့ ထုတ် Playmaker အားကစားဂျာနယ် ...
- လိုင်ဇာမြို့တွင်း၌ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်...
- EMBRAER 190 လေယာဉ် ရန်ကုန်လေဆိပ်တွင် စမ်းသပ်မောင်း...
- အိန္ဒိယနိုင်ငံသို့ ချင်းပြည်နယ်မှ ထင်းရှူးသားများ တ...
- NLD ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းမျ...
- » Who's who 2012 - နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
- ၂၀၁၁ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခ...
- GSM တန်ဖိုးနည်း ဖုန်းများတွင် အင်တာနက်ပါ တစ်ပြိုင်...
- တိုင်းဒေသကြီး မိုးစပါး ရိတ်သိမ်းမှုမှာ ယခင်ကထက် ပို...
- အခွန်ငွေ စုစုပေါင်း၏ ၉၇ ရာခိုင်နှုန်းကို ပြည်တွင်း ...
- ကျောက်မျက်ရတနာ ဖော်ထုတ်ကွက်များ လုပ်ကွက် တစ်ခုလျှင...
- ဂျပန်နိုင်ငံမှ Bank of Tokyo Mitsubishi UFJ ၏ ဘဏ်လ...
- ငွေဆောင် ကမ်းခြေ ဟိုတယ်များ၌ ပြည်ပ ခရီးသွား နှစ်သေ...
- Myanmar Countdown 2013 အခမ်းအနား တိုက်ရိုက် ထုတ်လွှ...
- High Availablility Online Systems နှင့် ပတ်သက်၍ ဟေ...
- အမေရိကန် သံရုံးတွင် ချစ်ကြည်ရေး ဘတ်စကက် ဘောပွဲ ကျင...
- အာရှရဲ့ စီးပွားရေးအလားအလာ
- မြဧရာဈေးသင်္ဘော ဖျက်သိမ်းတော့မည်
- ၂၀၁၂ ထူးခြားဖြစ်ရပ်များ အပိုင်း 2
- ၂၀၁၂ ထူးခြားဖြစ်ရပ်များ အပိုင်း ၁
- လက်ပံတောင်းတောင် စီမံကိန်း MEIပညာရှင်အဖွဲ့ ကွင်းဆင...
- အင်တာနက်အသုံးပြုမှု တရုတ် ပိုမိုထိန်းချုပ်
- ပုဂ္ဂလိကပိုင် သတင်းစာတွေ ထုတ်ဝေခွင့်ရမည်
- စပါးဈေးကျလို့ အစိုးရကို အကူအညီတောင်း
- မုဒိမ်းကျင့်ခံခဲ့ရတဲ့ ကျောင်းသူလေး သေဆုံး
- ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချုပ်ထားသော ဆွယ်တာ သ...
- KIO ဌာနချုပ်အနီး လဂျားယန်တွင် မြေပြင်တိုက်ပွဲ ဖြစ်...
- ဒီချုပ်၏ ပညာရေးရန်ပုံငွေဂီတပွဲ ဒုတိယနေ့ မြင်ကွင်း
- ကဗျာနန်းတော် မှ ကဗျာများ
- တပ်မတော်သားအချို့ ထိုးကြိတ်သဖြင့် ကလေး ၁ ဦး သေဆုံး
- ကျောင်းသူကို အဓမ္မကျင့်သည့် တပ်ကြပ်အား အရပ်ဘက် တရား...
- မိုးထိမိုးမိဒေသရွှေလုပ်သားများ၊ ကုမ္ပဏီနှင့် ထပ်မံညိ...
- ဒီဇင်ဘာလ (၂၆) ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှ...
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် ...
- အစိုးရတပ် လေကြောင်းတိုက်ခိုက်မှုများ လုပ်လာနေပြီဟုဆို
- မြန်မာနိုင်ငံသားတွေ သေဆုံးမှု ထိုင်း ၄ ဦး ကို ထောင်...
- တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတ...
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄...
- ဒီဇင်ဘာလ (၂၈) ရက်နေ့ ထုတ် HR Journal အမှတ်စဉ် (175)
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်...
- အိန္ဒိယတွင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့် မိန်းက...
- ဒီဇင်ဘာ ၂၈ ရက်နေ့ထုတ် Premier Eleven Sports Journa...
- NLD ပညာရေးကွန်ယက် ရန်ပုံငွေပွဲ ပထမနေ့ လှူဒါန်းငွေ ...
- ကြည်းတပ် ဗိုလ်ကြီးတစ်ဦး အလောင်း လှိုင်မြစ်ရေပြင်တွင...
- ဒီဇင်ဘာ ၂၉ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် သတင်းဂျာနယ်...
- ဒီဇင်ဘာလ(၂၈) ရက် သောကြာနေ့ထုတ် EURO SPORTS JOURNAL...
- ထိုင်းနိုင်ငံရောက် သံဃာများ ကျန်းမာရေး
- ရသေ့တောင် ကျေးရွာအုပ်ချုပ်ရေးမှူးကို ရဲဖမ်း
- မေရိကန် ဘဏ္ဍာရေး အကျပ်အတည်း
- လေယာဉ် မတော်တဆ ပျက်မှု ခရီးသွားလုပ်ငန်း မထိခိုက်နိုင်
- ကျင့်ဝတ်နဲ့ညီတဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်ဖို့ သမ္မတ ည...
- လူ့ဘောင်သစ်ပါတီနှင့် အစိုးရတို့ သဘောတူညီချက်များ လ...
- မအူပင်မြို့နယ် တရားရုံးသို့ တရားဥပဒေစိုးမိုးရေးကော...
- လယ်သမားတွေက စစ်တပ်ကို စပါးပေးဖို့ ငြင်းဆန်
- မှုးယစ်ဆေးဝါး နှိမ်နှင်းရေး အကြောင်းပြပြီး စစ်တပ်တေ...
- NLD ဈေးရောင်းပွဲတော်
- ပညာရေး နိမ့်ကျလို့ နိုင်ငံ မတိုးတက်ရတာလို့ ဒေါ်စုေ...
- ခွင့်ပြုမိန့်မရဘဲ ဆန္ဒဖော်ထုတ်တဲ့ သူတွေကို ဥပဒေက ခွ...
- ပတ္တမြား ငမောက်
- နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မ...
- ပညာရေး ရန်ပုံငွေပွဲတွင် အကျဉ်းထောင်တွင်းပုံစံပြ
- ပြည်သူလူထုနားမခါးစေချင်ပါ . . .[မြတ်ဆွေ]
- အစိုးရ တပ်မတော်မှ ပစ်ခတ်သော အမြောက်ဆံ ကျရောက် သဖြင...
- စီတန်းပုဒ်မ ၁၈ နှင့် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ...
- မန္တလေးမြို့တွင် ပုဒ်မ၁၈နှင့် ပုဒ်မ ၅၀၅(ခ) အား လက်မ...
- စနစ်ကြောင့်ဆင်းရဲခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြ...
- တပ်မတော် ပွဲတက်ဝတ်စုံအချို့ ပြောင်းလဲ
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ရန်ပုံငွေ ရ...
- Air Bagan လေယာဉ်မယ်မခိုင်စုနိုင်၏ လေယာဉ်ပျက်ကျမှု က...
- အဲပုဂံ လေယာဉ် ပျက်ကျရာတွင် သေဆုံးခဲ့သည့် ဆိုင်ကယ်စ...
- ယဉ်ကျေးဖို့ အဖြေရှာ မတွေ့သေးသော လိုင်းကား ယာဉ်မောင...
- လာမည့်နှစ်တွင် လူနေရပ်ကွက်များ လျှပ်စစ်မီးလုံးဝပြတ...
- မိုးညှင်းမြို့အဝင်တွင် ဗုံးပေါက်ကွဲ
- သိန္နီသစ်တောရုံး ဗုံးကွဲ ဦးစီးမှူး ဒဏ်ရာရ
- ပညာရေးကဏ္ဍကိုမြှင့်တင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ...
- ဂျီအက်စ်အမ် ဆင်းကဒ်တွေကို ကျပ် ၁ သိန်း၊ (WCDMA) ဆင...
- အိမ်ရာမူဝါဒနှင့် တန်ဖိုးနည်းအိမ်ရာ
- ကျေက်ဖြူဒုက္ခသည်စခန်းတွင် ရခိုင်မိသားစု၃၆စုကျန်ရှိ
- ဒေသအာဏာပိုင်များ ဆောင်ရွက်ပုံက ရခိုင်များကို တောခု...
- ရခိုင်ထူထောင်ရေးအတွက် အစိုးရသစ်မ၀ယ်၍ ပုဂ္ဂလိက သစ်စက...
- ဦးသိန်းစိန်ပြောတဲ့ပြုပြင်ရေး ထင်သလောက်မလွယ်ကူ
- အမေရိကန်မှာ နှင်းမုန်တိုင်းကျ
- ဝမ်ပေါင်ရဲ့ မိခင်ကုမ္ပဏီ အကြီးအကဲနဲ့ လွှတ်တော်ကိုယ်...
- အဂတိလိုက်စားမှု တိုက်ဖျက်ရေး သမ္မတဦးသိန်းစိန် ဆော်သြ
- ဧည့်လမ်းညွှန်များ စာရင်းကို သတင်းစာတွင် မှားယွင်းေ...
- စက္ကန့် ၉၀အတွင်း ခရီးသည်တွေ အကုန်ကို ကယ်တင်နိုင်ခဲ့...
-
▼
December
(893)
No comments:
Post a Comment