Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 13 December 2012

မောင်တောမှာနစကနဲ့ ဘီဂျီဘီ နယ်စပ်အရေး ဆွေးနွေး

မြန်မာ အနောက်ဘက်နယ်စပ် လုံခြုံရေးကို တာဝန်ယူထားတဲ့ နစက တပ်ဖွဲ့နဲ့ ဘင်္ဂလာဒေခ်ျ့ နယ်စပ် လုံခြုံရေး တပ်ဖွဲ့တို့ မောင်တောမှာ မနေ့က တွေ့ဆုံပြီး နယ်စပ်အရေးကို ဆွေးနွေးကြတယ်လို့ သိရပါတယ်။


ဆွေးနွေးပွဲမှာ နယ်စပ် ဖြတ်ကျော်ပြီး ရာဇ၀တ်မူတွေ ကျူးလွန်နေတဲ့ ကိစ္စ၊ ဘင်္ဂလာဒေခ်ျ့နိုင်ငံသားတွေ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံနေရတာတွေ ပြန်ပို့ရေးကိစ္စ၊  တရားမ၀င် နယ်စပ် ဖြတ်ကျော် သွားလာနေတဲ့ ကိစ္စနဲ့ နှစ်ဘက် နယ်စပ်တလျှောက် တည်ငြိမ်ရေးနဲ့ တရား ဥပဒေစိုးမိုးရေး ကိစ္စရပ်တွေကို ဆွေးနွေးကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲ အပြီးမှာ မြန်ဘက်က လွန်ခဲ့တဲ့ (၃) လခန့်က ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား (၁၅) ဦးကို ဘင်္ဂလာဒေခ်ျ့ကို လွှဲပြောင်း ပေးအပ်လိုက်တယ်လို့ ဆိုပါတယ်။

နိရဉ္စရာသတင်းဌာန


နစကနဲ့ ဘီဂျီဘီ ယခင်ကလည်း တွေ့ဆုံဆွေးနွေးကြသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့