Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 24 December 2012

အဲပုဂံလေယာဉ် လေယာဉ် ပျက်ကျ မီးလောင်မှုကြောင့် ၂ ဦးသေဆုံးပြီး ၁၁ ဦး ဆေးရုံတင်ထားကြောင်း သိရ

W9-011 လေယာဉ် မီးလောင်မှုကြောင့် လူ ၁၁ ဦးကို တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံသို့ ပို့ထားရပြီး၊ ပျောက်ဆုံးနေသော ခရီးသည်တစ်ဦးမှာ လေယာဉ်ထဲတွင် ကွယ်လွန်ခဲ့ကြောင်း၊ လေယာဉ်ကွင်း မရောက်မီတွင် ၀မ်းဗိုက်ဖြင့်ရှပ်၍ လေယာဉ်ကို ဆင်းသက် လိုက်ရခြင်းကြောင့် လမ်းပေါ်တွင် ဆိုင်ကယ်စီးနင်း နေသူတစ်ဦးမှာ လေယာဉ်နှင့်တိုက်မိပြီး ကွယ်လွန်သွားခဲ့ကြောင်း ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ်က Popular News သို့ ဖုန်းဖြင့်ပြောကြားသည်။

"အဲဒီလေယာဉ်ပေါ်မှာ ကမ္ဘာလှည့်ခရီးသွား ၄၇ ဦးပါတယ်။ သူတို့ရဲ့ ခရီးသွားကုမ္ပဏီတွေနဲ့ အခု အမြန်ဆုံးဆက်သွယ် စီစဉ်နေပါတယ်။ လေယာဉ်ထဲမှာ ကွယ်လွန်သွားတဲ့သူ ဘယ်သူဆိုတာကိုတော့ သေချာအောင်စုံစမ်းနေဆဲပါပဲ"ဟု ဦး စ၀်အောင်မြတ်ကပြောပါသည်။

စိုင်းနောင် - Popular Myanmar News Journal


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့