Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Monday 3 December 2012
သမ္မတ လက်မှတ် မထိုးသည့်တိုင် လွှတ်တော်ဆိုင်ရာ ဥပဒေ နှစ်ရပ်ကို အတည်ပြု
နိုင်ငံတော်သမ္မတက လွှတ်တော်ဆိုင်ရာ ဥပဒေ နှစ်ရပ်ကို လက်မှတ်ထိုးရန် သဘောမတူသော်လည်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်သည်။
ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ နှစ်ရပ်ကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး ဖြစ်ကြောင်း ယမန်နေ့နှင့် ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။ ထိုဥပဒေ ၂ ခု အား ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးဖြစ်၍ သမ္မတက လက်မှတ်ထိုး အတည်ပြုပေးရန် ပေးပို့ခဲ့သော်လည်း ၇ ရက်အတွင်း လက်မှတ်ထိုးပေးမှု မရှိသည့်တိုင် ဖွဲ့စည်းပုံအရ အတည်ပြုပြီး ဖြစ်ကြောင်း သိရသည်။
“သမ္မတက လက်မှတ်ထိုးသည် ဖြစ်စေ၊ မထိုးသည် ဖြစ်စေ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး တရားဝင်ကြေညာ လိုက်ရင် ဒီဥပဒေက အတည်ပြုပြီးသား ဖြစ်သွားပါပြီ။ ဒါက ဖွဲ့စည်းပုံဥပဒေအတိုင်း ဆောင်ရွက်တာပါ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ရှေ့နေတဦးလည်းဖြစ်သူ ဦးသိန်းညွှန့်က ပြောပြပါသည်။
ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြီးသည့် ဥပဒေတရပ်ရပ်ကို နိုင်ငံတော်သမ္မတ အနေဖြင့် သဘောမတူပါက သဘောထားမှတ် ချက်ပေးနိုင်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ ၁၀၆ တွင် ဖော်ပြထားသည်။ ထို့အတူ လွှတ်တော်က အတည်ပြုပြီး ဥပဒေတရပ်ရပ်ကို သမ္မတက ၇ ရက်အတွင်း လက်မှတ်ထိုး အတည်ပြုပေးခြင်း မရှိသည့်တိုင် ထိုဥပဒေအား အတည်ပြုပြီးဟု မှတ်ယူရမည်ဖြစ်ကြောင်း ပုဒ်မ ၁၀၇ တွင် ပြဌာန်းထားသည်။
ထိုဥပဒေ နှစ် ၂ ခုအား သမ္မတသည် လက်မှတ်မထိုးဘဲ အချက် ၁၀ ချက်ကို ပြင်ဆင်ပေးသင့်သည်ဟုသာ သဘောထား မှတ်ချက်ဖြင့် ပြည်ထောင်စု လွှတ်တော် နာယကထံ နှစ်ကြိမ်တိုင် သ၀ဏ်လွှာ ပေးပို့ခဲ့သည်။ သမ္မတ၏ သ၀ဏ်လွှာ၌ လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသော ရေးရာကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့်ဟု သတ်မှတ်ထားခြင်းကို ပြန်လည် စဉ်းစားသင့်ကြောင်း မှတ်ချက်ပြုပေးထားသည်။
ပြည်ထောင်စုအဆင့်ကိစ္စကို သမ္မတနှင့် အစိုးရအဖွဲ့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတို့က သဘောမတူသည့်အတွက် ၎င်းတို့နှင့် လွှတ်တော်အကြား ကြီးမားသည့် ပြဿနာ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ကာ ခုံရုံးအဖွဲ့တခုလုံး နုတ်ထွက်ခဲ့ရသေးသည်။
သမ္မတ၏ သဘောထားမှတ်ချက် ၁၀ ချက်အနက် ၂ ချက်ကိုသာ ပြည်ထောင်စုလွှတ်တော်က လိုက်လျောပေးခဲ့ပြီး၊ ၈ ချက်ကို ပယ်ချကြောင်း သိရသည်။
“လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အထူးခံစားခွင့်နဲ့ ဧည့်သည်ခေါ်ယူမှု ကန့်သတ်ထားတဲ့ အချက် ၂ ချက်ပဲ လွှတ်တော်က လိုက်လျောပေးပြီး ၈ ချက်ကိုတော့ ပယ်ချတယ်။ သမ္မတရဲ့ သဘောထား မှတ်ချက်ကလည်းပဲ လက်မှတ်မထိုးနိုင်ဘူး ဆိုတာကို သွယ်ဝိုက်ပြီး ပြောလိုက်တဲ့သဘောပါ၊ ဒါက သမ္မတရဲ့ လုပ်ပိုင်ခွင့်ပါ” ဟု ဥပဒေကြမ်းကော်မတီဝင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။
သမ္မတနှင့် လွှတ်တော်အကြား သဘောထားကွဲလွဲမှုသည် ဒီမိုကရေစီ သဘောတရား၏ အနှစ်သာရပင် ဖြစ်ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ နှစ်ဖက်စလုံးက ဖွဲ့စည်းပုံ ဥပဒေအတိုင်း မိမိတို့ လုပ်ပိုင်ခွင့်ကို ဒီမိုကရေစီ နည်းလမ်းအရ ကျင့်သုံးခြင်းဟု ကိုယ်စား လှယ်များက ဆိုသည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေတို့အား ပြည်ထောင်စု လွှတ်တ်ာသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၉၈ အရ ဤဥပဒေတို့အား ပြဌာန်းလိုက်ကြောင်း သတင်းစာမှတဆင့် ကြေညာချက်ဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ထိုဥပဒေများအား အတည်ပြုပြီး ဖြစ်၍ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများအရေး ကိစ္စဖြေရှင်းရာတွင် ပိုမို ထိရောက်နိုင်မည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။ ပြည်ထောင်စုအဆင့်ကိစ္စကို အစိုးရအဖွဲ့အနေဖြင့် မလိုလားကြောင်း၊ ၎င်းတို့၏ အုပ်ချုပ်ရေးကဏ္ဍနှင့် ပတ်သက်၍ လွှတ်တော်က ပါဝင်စွက်ဖက်လာမည်ကို နှစ်သက်မှု မရှိဟုလည်း ဦးဖုန်းမြင့်အောင်က ဝေဖန်သည်။
“အစိုးရအဖွဲ့က တချက်လွှတ်အမိန့်နဲ့ပဲ လုပ်ခဲ့ကြတာတွေက ခေါက်ရိုးကျိုးနေတော့ အရင်လိုပဲ ဆက်သွားချင်ပုံရတယ်။ သူတို့ရဲ့ လုပ်ငန်းတွေကို လွှတ်တော်က ထိန်းညှိမှာကို လုံးဝ မလိုလားဘူးဖြစ်နေတယ်” ဟု ၎င်း က ဆိုသည်။
အစိုးရအဖွဲ့သည် နိုင်ငံအား အုပ်ချုပ်ရေး ကဏ္ဍတခုတည်းဖြင့် သွားလိုပြီး ဥပဒေပြုရေး ကဏ္ဍနှင့် ယှဉ်တွဲသွားလိုပုံ မရကြောင်း ကိုယ်စားလှယ်များက ပြောသည်။ လွှတ်တော်၏ ရေးရာကော်မတီများသည် ပြည်ထောင်စုအဆင့် မရှိပါက ဌာနဆိုင်ရာ ကိစ္စတခုခုကို ဖြေရှင်းရာတွင် ပြည်ထောင်စုအဆင့် ၀န်ကြီးများကို ဆင့်ခေါ်ပိုင်ခွင့် မရှိပေ။
နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက် ၁၀ ချက်တွင် ပြည်ထောင်စုအဆင့် ကိစ္စ၊ လွှတ်တော်သို့ ဧည့်သည်ခေါ်ယူရာတွင် တက်ရောက်သင့်သူ ၃ ဦးသာ ခေါ်ယူရန် ကန့်သတ်ထားမှု၊ လွှတ်တော် ကိုယ်စားလှယ်များ၏ အထူးခံစားခွင့်၊ ကိုယ်စားလှယ်များ အတွက် ရုံးခန်းဖွင့်လှစ်ရေး ကိစ္စ၊ တားမြစ်ထားသည့် စာရွက်စာတမ်းများနှင့် အချက်အလက် ရယူခြင်း ဆိုင်ရာ ကိစ္စရပ်များ စသည်တို့ ပါဝင်သည်။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
December
(893)
- Who's who 2012 -ဒေါ်အောင်ဆန်းစုကြည်
- Who's who 2012- ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်...
- ဖယ်ရီကြိုပို့ယာဉ်တိုက်မိပြီး သေဆုံးခဲ့တဲ့ ရန်ကုန်က...
- တရုတ်သံရုံးနား ဆန္ဒပြသူတွေကို ရုံးတင်စစ်ဆေး
- လုံးခင်း၊ ဖားကန့် ရတနာမြေ လုပ်ကွက်သစ်များ ဈေးပြို...
- ကေအိုင်အိုဌာနချုပ် လိုင်ဇာအနီးတိုက်ပွဲများဆက်လက်ပြ...
- ၀ိုင်းမော်တွင် ဒုက္ခသည်စခန်းများ၌ လူဦးရေ နှစ်ဆတိုးလာ
- မြန်မာ့ရွှေဈေးကျသော်လည်း ငွေလဲနှုန်းအနည်းငယ်မြင့်တက်လာ
- ၂၀၁၄ ခုနှစ် ဇူလိုင်လ ၇ ရက် နောက်ပိုင်းကာလအတွင်း ဒေ...
- သံဃာများကို အကြမ်းဖက် နှိမ်နင်းမှု တစ်လပြည့် အထိမ်း...
- သံဃာများကို အကြမ်းဖက် နှိမ်နင်းမှု တစ်လပြည့် အထိမ်း...
- ဒီဇင်ဘာလ (၂၉) ရက်နေ့ ထုတ် Tech Space နည်းပညာ ဂျာနယ...
- ဒီဇင်ဘာလ (၃၁) ရက်နေ့ ထုတ် The Voice Vol.8 / No.52
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် The People's Age Vol 3 N...
- ဒီဇင်ဘာလ (၂၈) ရက်နေ့ ထုတ် Playmaker အားကစားဂျာနယ် ...
- လိုင်ဇာမြို့တွင်း၌ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်...
- EMBRAER 190 လေယာဉ် ရန်ကုန်လေဆိပ်တွင် စမ်းသပ်မောင်း...
- အိန္ဒိယနိုင်ငံသို့ ချင်းပြည်နယ်မှ ထင်းရှူးသားများ တ...
- NLD ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းမျ...
- » Who's who 2012 - နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
- ၂၀၁၁ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခ...
- GSM တန်ဖိုးနည်း ဖုန်းများတွင် အင်တာနက်ပါ တစ်ပြိုင်...
- တိုင်းဒေသကြီး မိုးစပါး ရိတ်သိမ်းမှုမှာ ယခင်ကထက် ပို...
- အခွန်ငွေ စုစုပေါင်း၏ ၉၇ ရာခိုင်နှုန်းကို ပြည်တွင်း ...
- ကျောက်မျက်ရတနာ ဖော်ထုတ်ကွက်များ လုပ်ကွက် တစ်ခုလျှင...
- ဂျပန်နိုင်ငံမှ Bank of Tokyo Mitsubishi UFJ ၏ ဘဏ်လ...
- ငွေဆောင် ကမ်းခြေ ဟိုတယ်များ၌ ပြည်ပ ခရီးသွား နှစ်သေ...
- Myanmar Countdown 2013 အခမ်းအနား တိုက်ရိုက် ထုတ်လွှ...
- High Availablility Online Systems နှင့် ပတ်သက်၍ ဟေ...
- အမေရိကန် သံရုံးတွင် ချစ်ကြည်ရေး ဘတ်စကက် ဘောပွဲ ကျင...
- အာရှရဲ့ စီးပွားရေးအလားအလာ
- မြဧရာဈေးသင်္ဘော ဖျက်သိမ်းတော့မည်
- ၂၀၁၂ ထူးခြားဖြစ်ရပ်များ အပိုင်း 2
- ၂၀၁၂ ထူးခြားဖြစ်ရပ်များ အပိုင်း ၁
- လက်ပံတောင်းတောင် စီမံကိန်း MEIပညာရှင်အဖွဲ့ ကွင်းဆင...
- အင်တာနက်အသုံးပြုမှု တရုတ် ပိုမိုထိန်းချုပ်
- ပုဂ္ဂလိကပိုင် သတင်းစာတွေ ထုတ်ဝေခွင့်ရမည်
- စပါးဈေးကျလို့ အစိုးရကို အကူအညီတောင်း
- မုဒိမ်းကျင့်ခံခဲ့ရတဲ့ ကျောင်းသူလေး သေဆုံး
- ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချုပ်ထားသော ဆွယ်တာ သ...
- KIO ဌာနချုပ်အနီး လဂျားယန်တွင် မြေပြင်တိုက်ပွဲ ဖြစ်...
- ဒီချုပ်၏ ပညာရေးရန်ပုံငွေဂီတပွဲ ဒုတိယနေ့ မြင်ကွင်း
- ကဗျာနန်းတော် မှ ကဗျာများ
- တပ်မတော်သားအချို့ ထိုးကြိတ်သဖြင့် ကလေး ၁ ဦး သေဆုံး
- ကျောင်းသူကို အဓမ္မကျင့်သည့် တပ်ကြပ်အား အရပ်ဘက် တရား...
- မိုးထိမိုးမိဒေသရွှေလုပ်သားများ၊ ကုမ္ပဏီနှင့် ထပ်မံညိ...
- ဒီဇင်ဘာလ (၂၆) ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှ...
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် ...
- အစိုးရတပ် လေကြောင်းတိုက်ခိုက်မှုများ လုပ်လာနေပြီဟုဆို
- မြန်မာနိုင်ငံသားတွေ သေဆုံးမှု ထိုင်း ၄ ဦး ကို ထောင်...
- တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတ...
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄...
- ဒီဇင်ဘာလ (၂၈) ရက်နေ့ ထုတ် HR Journal အမှတ်စဉ် (175)
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်...
- အိန္ဒိယတွင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့် မိန်းက...
- ဒီဇင်ဘာ ၂၈ ရက်နေ့ထုတ် Premier Eleven Sports Journa...
- NLD ပညာရေးကွန်ယက် ရန်ပုံငွေပွဲ ပထမနေ့ လှူဒါန်းငွေ ...
- ကြည်းတပ် ဗိုလ်ကြီးတစ်ဦး အလောင်း လှိုင်မြစ်ရေပြင်တွင...
- ဒီဇင်ဘာ ၂၉ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် သတင်းဂျာနယ်...
- ဒီဇင်ဘာလ(၂၈) ရက် သောကြာနေ့ထုတ် EURO SPORTS JOURNAL...
- ထိုင်းနိုင်ငံရောက် သံဃာများ ကျန်းမာရေး
- ရသေ့တောင် ကျေးရွာအုပ်ချုပ်ရေးမှူးကို ရဲဖမ်း
- မေရိကန် ဘဏ္ဍာရေး အကျပ်အတည်း
- လေယာဉ် မတော်တဆ ပျက်မှု ခရီးသွားလုပ်ငန်း မထိခိုက်နိုင်
- ကျင့်ဝတ်နဲ့ညီတဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်ဖို့ သမ္မတ ည...
- လူ့ဘောင်သစ်ပါတီနှင့် အစိုးရတို့ သဘောတူညီချက်များ လ...
- မအူပင်မြို့နယ် တရားရုံးသို့ တရားဥပဒေစိုးမိုးရေးကော...
- လယ်သမားတွေက စစ်တပ်ကို စပါးပေးဖို့ ငြင်းဆန်
- မှုးယစ်ဆေးဝါး နှိမ်နှင်းရေး အကြောင်းပြပြီး စစ်တပ်တေ...
- NLD ဈေးရောင်းပွဲတော်
- ပညာရေး နိမ့်ကျလို့ နိုင်ငံ မတိုးတက်ရတာလို့ ဒေါ်စုေ...
- ခွင့်ပြုမိန့်မရဘဲ ဆန္ဒဖော်ထုတ်တဲ့ သူတွေကို ဥပဒေက ခွ...
- ပတ္တမြား ငမောက်
- နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မ...
- ပညာရေး ရန်ပုံငွေပွဲတွင် အကျဉ်းထောင်တွင်းပုံစံပြ
- ပြည်သူလူထုနားမခါးစေချင်ပါ . . .[မြတ်ဆွေ]
- အစိုးရ တပ်မတော်မှ ပစ်ခတ်သော အမြောက်ဆံ ကျရောက် သဖြင...
- စီတန်းပုဒ်မ ၁၈ နှင့် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ...
- မန္တလေးမြို့တွင် ပုဒ်မ၁၈နှင့် ပုဒ်မ ၅၀၅(ခ) အား လက်မ...
- စနစ်ကြောင့်ဆင်းရဲခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြ...
- တပ်မတော် ပွဲတက်ဝတ်စုံအချို့ ပြောင်းလဲ
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ရန်ပုံငွေ ရ...
- Air Bagan လေယာဉ်မယ်မခိုင်စုနိုင်၏ လေယာဉ်ပျက်ကျမှု က...
- အဲပုဂံ လေယာဉ် ပျက်ကျရာတွင် သေဆုံးခဲ့သည့် ဆိုင်ကယ်စ...
- ယဉ်ကျေးဖို့ အဖြေရှာ မတွေ့သေးသော လိုင်းကား ယာဉ်မောင...
- လာမည့်နှစ်တွင် လူနေရပ်ကွက်များ လျှပ်စစ်မီးလုံးဝပြတ...
- မိုးညှင်းမြို့အဝင်တွင် ဗုံးပေါက်ကွဲ
- သိန္နီသစ်တောရုံး ဗုံးကွဲ ဦးစီးမှူး ဒဏ်ရာရ
- ပညာရေးကဏ္ဍကိုမြှင့်တင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ...
- ဂျီအက်စ်အမ် ဆင်းကဒ်တွေကို ကျပ် ၁ သိန်း၊ (WCDMA) ဆင...
- အိမ်ရာမူဝါဒနှင့် တန်ဖိုးနည်းအိမ်ရာ
- ကျေက်ဖြူဒုက္ခသည်စခန်းတွင် ရခိုင်မိသားစု၃၆စုကျန်ရှိ
- ဒေသအာဏာပိုင်များ ဆောင်ရွက်ပုံက ရခိုင်များကို တောခု...
- ရခိုင်ထူထောင်ရေးအတွက် အစိုးရသစ်မ၀ယ်၍ ပုဂ္ဂလိက သစ်စက...
- ဦးသိန်းစိန်ပြောတဲ့ပြုပြင်ရေး ထင်သလောက်မလွယ်ကူ
- အမေရိကန်မှာ နှင်းမုန်တိုင်းကျ
- ဝမ်ပေါင်ရဲ့ မိခင်ကုမ္ပဏီ အကြီးအကဲနဲ့ လွှတ်တော်ကိုယ်...
- အဂတိလိုက်စားမှု တိုက်ဖျက်ရေး သမ္မတဦးသိန်းစိန် ဆော်သြ
- ဧည့်လမ်းညွှန်များ စာရင်းကို သတင်းစာတွင် မှားယွင်းေ...
- စက္ကန့် ၉၀အတွင်း ခရီးသည်တွေ အကုန်ကို ကယ်တင်နိုင်ခဲ့...
-
▼
December
(893)
No comments:
Post a Comment