Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 2 December 2012

ရန်ကုန်တိုင်း ဒေသကြီး အတွက် ငွေကျပ် တစ်သိန်းခွဲအောက် တန်ဖိုးနည်း GSM ဖုန်းအလုံးရေ တစ်သန်းချပေး သွားမည်

ငွေကျပ် တစ်သိန်းခွဲအောက် တန်ဖိုးရှိတဲ့ GSM တန်ဖိုးနည်း ဖုန်းများကို ရန်ကုန်တိုင်း ဒေသကြီး အတွက် အလုံးရေ တစ်သန်းခန့် ချထားပေး သွားမှာ
ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို ချထားပေးရာ မှာလည်း ရန်ကုန်တိုင်း ဒေသကြီးမှာ တင်မကဘဲ မန္တလေးတိုင်း ဒေသကြီး မှာတော့ ဖုန်းလိုင်း ၂ သိန်းနဲ့ မော်လမြိုင်နဲ့ ဖားအံတို့ မှာတော့ ဖုန်းလိုင်း ၂ သိန်းနဲ့ မော်လမြိုင်နဲ့ ဖားအံတို့ မှာတော့ ဖုန်းလိုင်း ခြောက်သောင်းခန့် တပ်ဆင် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါ တန်ဖိုးနည်း ဖုန်းများ တပ်ဆင်မှု ကိုတော့ ယခုနှစ် အတွင်း အပြီးပြုလုပ် သွားနိုင်ဖို့ အတွက်ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်ပ ကုမ္ပဏီ ၃ ခုဖြစ်တဲ့ Hawei, ZTE နဲ့ ASB တို့နဲ့လည်း စာချုပ် ချုပ်ဆို ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ GSM တန်ဖိုးနည်း ဖုန်းများကို ဈေးနှုန်း အနေနဲ့ ကျပ်တစ်သိန်း ခွဲအောက် ဈေးနှုန်းနဲ့ သတ်မှတ် ရောင်းချပေး သွားဖို့ စီစဉ်လျက် ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ အဆိုပါ ကျပ်တစ်သိန်းခွဲအောက် တန်ဖိုးနည်း GSM ဖုန်းများကို လာမယ့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ အတွင်းမှာ ရောင်းချ ပေးနိုင်ဖို့ အတွက် ကိုလည်း စီစဉ် ဆောင်ရွက် လျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့